La Liga

အင်တာဗျူးဖြေရင်း ပရိသတ်နဲ့ ရန်ထဖြစ်တဲ့ ရာမို့စ်

ဆာဂီယို ရာမို့စ်ဟာ ဆီဗီလာက အက်သလက်တစ် ဘီလ်ဘာအိုကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ပွဲကြည့်စင်ပေါ်က ပရိသတ်နဲ့ စကားများခဲ့ပြီးနောက် ပွဲပြီးအင်တာဗျူးကိုပါ ရပ်တန့်ခဲ့ပါတယ်။

မီခေးလ် ဗက်စ်ဂါနဲ့ ပါရေးဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အက်သလက်တစ် ဘီလ်ဘာအိုက နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပြီး ကီကေး ဆန်းချက်ဇ် ဖလောရက်စ်ရဲ့အသင်းဟာ ယခုရာသီ လာလီဂါ ၉ ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဆီဗီလာဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး ဆန်းချက်ဇ် ဖလောရက်စ်ဟာ မက်ဒီလီဘာ၊ ဒီယေဂို အလွန်ဆိုတို့ကို ထုတ်ပယ်ပြီးနောက် ဒီရာသီမှာ တတိယမြောက်နည်းပြသစ်ဖြစ်ပါတယ်။

ရာမို့စ်ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ မိခင်ကလပ်အသင်းဖြစ်တဲ့ ဆီဗီလာကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ “ကျွန်တော် ဆန်းချက်ဇ်-ပီဂျွမ်ကနေ ထွက်သွားပြီးကတည်းက ဆီဗီလာဂျာစီကို နောက်ထပ်တစ်ကြိမ် ပြန်ဝတ်ဖို့နဲ့ ခင်ဗျားတို့အားလုံးနဲ့ ပြန်တွေ့ဖို့ စောင့်မျှော်နေခဲ့တာပါ။ အဲဒါက ကျွန်တော့်ဘာသာ အကြွေးတင်နေရုံတင်မဟုတ်ဘဲ ကျွန်တော့်မိသားစုအပေါ်မှာလည်း အကြွေးတင်နေခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ဆီဗီလာသားတစ်ယောက်ဖြစ်လာအောင် လုပ်ခဲ့တဲ့ ကျွန်တော့် အဖိုးနဲ့ အဖေတို့အပေါ်မှာလည်း အကြွေးတင်နေခဲ့သလို ခံစားခဲ့ရပါတယ်။ အခုအချိန်ကစပြီး အိမ်ပြန်ဖို့ကလွဲပြီး တခြား သွားစရာနေရာမရှိတော့ဘူးလို့ ထင်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် နောက်ခံလူဟာ ယခုရာသီ ဆီဗီလာအတွက် ပြိုင်ပွဲစုံမှာ ၁၅ ပွဲ ပါဝင်ကစားပေးထားပြီး အသင်းက ကောင်းကောင်း မကစားနိုင်ဘူးဆိုတာကို အားလုံးထက် ကောင်းကောင်း ပိုသိနေတာဖြစ်ပါတယ်။

ကြာသပတေးနေ့ညနေက ပွဲအပြီး DAZN နဲ့ စကားပြောဆိုချိန်မှာ ဆီဗီလာ ပရိသတ်တစ်ဦးက အသင်းရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ရာမို့စ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးပမ်းခဲ့ပြီး စပိန်ဝါရင့်နောက်ခံလူက အင်တာဗျူး ဖြေနေတာကို ရပ်ပြီး စိတ်ပျက်ဒေါသထွက်မှုကို ပြသခဲ့တာဖြစ်ပါတယ်။

ဆီဗီလာ ဝါရင့်နောက်ခံလူက ပွဲကြည့်စင်ပေါ်က ပရိသတ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “နည်းနည်း လေးစားမှုရှိစမ်း။ ဒီမှာ လူတွေ စကားပြောနေကြတယ်။ လူတွေနဲ့ အသင်းတံဆိပ်အတွက် နည်းနည်း လေးစားမှုရှိစမ်းပါ။ ပါးစပ်ပိတ်ပြီး လစ်လိုက်တော့”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာဂီယို ရာမို႔စ္ဟာ ဆီဗီလာက အက္သလက္တစ္ ဘီလ္ဘာအိုကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ပြဲၾကည့္စင္ေပၚက ပရိသတ္နဲ႔ စကားမ်ားခဲ့ၿပီးေနာက္ ပြဲၿပီးအင္တာဗ်ဴးကိုပါ ရပ္တန႔္ခဲ့ပါတယ္။

မီေခးလ္ ဗက္စ္ဂါနဲ႔ ပါေရးဒက္စ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အက္သလက္တစ္ ဘီလ္ဘာအိုက ႏိုင္ပြဲရရွိသြားခဲ့တာျဖစ္ၿပီး ကီေကး ဆန္းခ်က္ဇ္ ဖေလာရက္စ္ရဲ႕အသင္းဟာ ယခုရာသီ လာလီဂါ ၉ ပြဲေျမာက္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဆီဗီလာဟာ လက္ရွိ လာလီဂါအမွတ္ေပးဇယားအဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနၿပီး ဆန္းခ်က္ဇ္ ဖေလာရက္စ္ဟာ မက္ဒီလီဘာ၊ ဒီေယဂို အလြန္ဆိုတို႔ကို ထုတ္ပယ္ၿပီးေနာက္ ဒီရာသီမွာ တတိယေျမာက္နည္းျပသစ္ျဖစ္ပါတယ္။

ရာမို႔စ္ဟာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ မိခင္ကလပ္အသင္းျဖစ္တဲ့ ဆီဗီလာကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းကို ျပန္လာဖို႔ ဆုံးျဖတ္ခဲ့တာနဲ႔ပတ္သက္ၿပီး ေမးျမန္းခံရခ်ိန္မွာ “ကြၽန္ေတာ္ ဆန္းခ်က္ဇ္-ပီဂြၽမ္ကေန ထြက္သြားၿပီးကတည္းက ဆီဗီလာဂ်ာစီကို ေနာက္ထပ္တစ္ႀကိမ္ ျပန္ဝတ္ဖို႔နဲ႔ ခင္ဗ်ားတို႔အားလုံးနဲ႔ ျပန္ေတြ႕ဖို႔ ေစာင့္ေမွ်ာ္ေနခဲ့တာပါ။ အဲဒါက ကြၽန္ေတာ့္ဘာသာ အေႂကြးတင္ေန႐ုံတင္မဟုတ္ဘဲ ကြၽန္ေတာ့္မိသားစုအေပၚမွာလည္း အေႂကြးတင္ေနခဲ့တယ္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္ ငယ္ငယ္တုန္းက ဆီဗီလာသားတစ္ေယာက္ျဖစ္လာေအာင္ လုပ္ခဲ့တဲ့ ကြၽန္ေတာ့္ အဖိုးနဲ႔ အေဖတို႔အေပၚမွာလည္း အေႂကြးတင္ေနခဲ့သလို ခံစားခဲ့ရပါတယ္။ အခုအခ်ိန္ကစၿပီး အိမ္ျပန္ဖို႔ကလြဲၿပီး တျခား သြားစရာေနရာမရွိေတာ့ဘူးလို႔ ထင္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ယခုရာသီ ဆီဗီလာအတြက္ ၿပိဳင္ပြဲစုံမွာ ၁၅ ပြဲ ပါဝင္ကစားေပးထားၿပီး အသင္းက ေကာင္းေကာင္း မကစားႏိုင္ဘူးဆိုတာကို အားလုံးထက္ ေကာင္းေကာင္း ပိုသိေနတာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညေနက ပြဲအၿပီး DAZN နဲ႔ စကားေျပာဆိုခ်ိန္မွာ ဆီဗီလာ ပရိသတ္တစ္ဦးက အသင္းရဲ႕ လက္ရွိ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ရာမို႔စ္ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး စပိန္ဝါရင့္ေနာက္ခံလူက အင္တာဗ်ဴး ေျဖေနတာကို ရပ္ၿပီး စိတ္ပ်က္ေဒါသထြက္မႈကို ျပသခဲ့တာျဖစ္ပါတယ္။

ဆီဗီလာ ဝါရင့္ေနာက္ခံလူက ပြဲၾကည့္စင္ေပၚက ပရိသတ္ကို လက္ညႇိဳးေငါက္ေငါက္ထိုးၿပီး “နည္းနည္း ေလးစားမႈရွိစမ္း။ ဒီမွာ လူေတြ စကားေျပာေနၾကတယ္။ လူေတြနဲ႔ အသင္းတံဆိပ္အတြက္ နည္းနည္း ေလးစားမႈရွိစမ္းပါ။ ပါးစပ္ပိတ္ၿပီး လစ္လိုက္ေတာ့”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.