Carabao & FA Match Report Premier League

နှစ်သစ်မှာ ပရက်စ်တန်ကို FA ဖလား ဂိုးပြတ်နိုင်ပွဲနဲ့ အဖွင့်လှနိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပက်ထရိုဗစ်ချ်၊ ခံစစ်မှာ ဒီဆာဆီ၊ ဂီးလ်ခရစ္စ၊ ဂူစတိုနဲ့ ကောလ်ဝဲလ်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုင်စီဒိုနဲ့ ပါးလ်မားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မူဒရစ်ခ်၊ စတာလင်နဲ့ ဘရိုယာတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် ပရက်စ်တန်တို့ဘက်မှာတော့ ဂိုးသမား ဝုဒ်မန်းနဲ့ မန်ယူလူငယ်ဟောင်း တိုက်စစ်မှူး ဝီလ် ကီးန်တို့သာ နာမည် အနည်းငယ် ရှိသူတွေအဖြစ် ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ပြီး မန်စီးတီးဟောင်း ဘယ်နောက်ခံလူ ကန်နင်ဂမ်ကတော့ အရန်ခုံမှာပဲ ရှိနေခဲ့လို့ ချဲလ်ဆီးတို့အတွက်တော့ ပြိုင်ဘက်မဟုတ်ခဲ့ပေမယ့် တိုက်စစ်သမားအားလုံးက ဂျက်ဆန်လို လွဲကောင်းနေခဲ့ကြလို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်မှာ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ မူဒရစ်ခ်က နောက်ပြန်ပြီး ချပေးတာကို ဘယ်နောက်ခံလူအဖြစ် ကစားနေခဲ့တဲ့ ဂူစတိုက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဘရိုယာက ပရက်စ်တန်နောက်ခံလူ နှစ်ယောက်ကြားကနေ အဝေးတိုင်ဘက်ကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ပါးလ်မားက ကန်တင်ပေးရာမှာ သီယာဂို ဆေးလ်ဗားက အလှုပ်အရှားနည်းနေတဲ့ ပရက်စ်တန်ခံစစ်ရှေ့က ကြိုပြေးပြီး အနီးတိုင်နားကနေ ခေါင်းတိုက်ထည့်သွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာ ချဲလ်ဆီးတို့ကပဲ တတိယ အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ် ဘယ်ယွန်းယွန်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို စတာလင်က သူကန်နေကျပုံစံအတိုင်း ခပ်စောင်းစောင်းနေရာယူပြီး ဝိုက်ကန်တဲ့ နည်းစနစ်ကို မသုံးဘဲ Knuckle Ball ဆန်ဆန် ကန်ချက်နဲ့ ပရက်စ်တန် လူတံတိုင်းပေါ်ကနေ လှလှပပ ဝေ့ဝိုက်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ချဲလ်ဆီးတို့အတွက် စတုတ္ထ ပွဲသိမ်းဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထိပ်နားကနေ စတာလင်နဲ့ ကိုင်စီဒိုတို့ အပြန်အလှန် နှစ်ကြိမ်လောက် ဝမ်းတူးရိုက်ပြီးမှ ဧရိယာထဲ အရောက်မှာ စတာလင်က ဂိုးသမားနဲ့ အတွေ့မှာ မကန်ဘဲ ဘယ်ခြမ်းကို ကျော်ထုတ်ပေးခဲ့တဲ့ ဘောလုံးကို အန်ဇို ဖာနန်ဒက်ဇ်က အနီးကပ် အသာအယာ ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရက်စ်တန်ကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး နှစ်သစ်မှာ ပထမဆုံး ကစားရတဲ့ ပွဲစဉ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ အဖွင့်လှသွားနိုင်ခဲ့သလို ဇန်နဝါရီမှာ လိုအပ်တဲ့ နေရာတွေကို ထပ်မံအားဖြည့်နိုင်ခဲ့ရင် တစ်ခုခုတော့ ဖြစ်ပြနိုင်ဦးမယ့် အရိပ်အယောင်တွေကိုလည်း ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပက္ထ႐ိုဗစ္ခ်္၊ ခံစစ္မွာ ဒီဆာဆီ၊ ဂီးလ္ခရစၥ၊ ဂူစတိုနဲ႔ ေကာလ္ဝဲလ္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဇို ဖာနန္ဒက္ဇ္၊ ကိုင္စီဒိုနဲ႔ ပါးလ္မားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မူဒရစ္ခ္၊ စတာလင္နဲ႔ ဘ႐ိုယာတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ဧည့္သည္ ပရက္စ္တန္တို႔ဘက္မွာေတာ့ ဂိုးသမား ဝုဒ္မန္းနဲ႔ မန္ယူလူငယ္ေဟာင္း တိုက္စစ္မႉး ဝီလ္ ကီးန္တို႔သာ နာမည္ အနည္းငယ္ ရွိသူေတြအျဖစ္ ပြဲထြက္စာရင္းမွာ ပါဝင္လာခဲ့ၿပီး မန္စီးတီးေဟာင္း ဘယ္ေနာက္ခံလူ ကန္နင္ဂမ္ကေတာ့ အရန္ခုံမွာပဲ ရွိေနခဲ့လို႔ ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ၿပိဳင္ဘက္မဟုတ္ခဲ့ေပမယ့္ တိုက္စစ္သမားအားလုံးက ဂ်က္ဆန္လို လြဲေကာင္းေနခဲ့ၾကလို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၈ မိနစ္မွာ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန မူဒရစ္ခ္က ေနာက္ျပန္ၿပီး ခ်ေပးတာကို ဘယ္ေနာက္ခံလူအျဖစ္ ကစားေနခဲ့တဲ့ ဂူစတိုက ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ဘ႐ိုယာက ပရက္စ္တန္ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန အေဝးတိုင္ဘက္ကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ပါးလ္မားက ကန္တင္ေပးရာမွာ သီယာဂို ေဆးလ္ဗားက အလႈပ္အရွားနည္းေနတဲ့ ပရက္စ္တန္ခံစစ္ေရွ႕က ႀကိဳေျပးၿပီး အနီးတိုင္နားကေန ေခါင္းတိုက္ထည့္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာ ခ်ဲလ္ဆီးတို႔ကပဲ တတိယ အႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ ဘယ္ယြန္းယြန္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို စတာလင္က သူကန္ေနက်ပုံစံအတိုင္း ခပ္ေစာင္းေစာင္းေနရာယူၿပီး ဝိုက္ကန္တဲ့ နည္းစနစ္ကို မသုံးဘဲ Knuckle Ball ဆန္ဆန္ ကန္ခ်က္နဲ႔ ပရက္စ္တန္ လူတံတိုင္းေပၚကေန လွလွပပ ေဝ့ဝိုက္ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔အတြက္ စတုတၳ ပြဲသိမ္းဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထိပ္နားကေန စတာလင္နဲ႔ ကိုင္စီဒိုတို႔ အျပန္အလွန္ ႏွစ္ႀကိမ္ေလာက္ ဝမ္းတူး႐ိုက္ၿပီးမွ ဧရိယာထဲ အေရာက္မွာ စတာလင္က ဂိုးသမားနဲ႔ အေတြ႕မွာ မကန္ဘဲ ဘယ္ျခမ္းကို ေက်ာ္ထုတ္ေပးခဲ့တဲ့ ေဘာလုံးကို အန္ဇို ဖာနန္ဒက္ဇ္က အနီးကပ္ အသာအယာ ပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔က အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပရက္စ္တန္ကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ႏွစ္သစ္မွာ ပထမဆုံး ကစားရတဲ့ ပြဲစဥ္ကို ဂိုးျပတ္ႏိုင္ပြဲနဲ႔ အဖြင့္လွသြားႏိုင္ခဲ့သလို ဇန္နဝါရီမွာ လိုအပ္တဲ့ ေနရာေတြကို ထပ္မံအားျဖည့္ႏိုင္ခဲ့ရင္ တစ္ခုခုေတာ့ ျဖစ္ျပႏိုင္ဦးမယ့္ အရိပ္အေယာင္ေတြကိုလည္း ျပသႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.