MLS Messi

မက်ဆီကြောင့် ခံစားခဲ့ရတာတွေကို ပြောပြခဲ့တဲ့ သတင်းထောက်မလေး

အာဂျင်တီးနားအားကစားဂျာနယ်လစ် ဆိုဖီ မာတီနက်ဇ်က အင်တာ မိုင်ယာမီ ကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ကြိတ်ပုန်းခုတ်ခဲ့တယ်ဆိုတဲ့ သတင်းတုတွေကို တုံ့ပြန်ခဲ့ပါတယ်။

ဆိုဖီက သူမ မိသားစုဟာ လူတွေပြောနေကြတဲ့ ကောလာဟလတွေကြောင့် အများကြီး စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့ သူမရဲ့ကြားမှာ ဘာမှ အကန့်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဆိုဖီ မာတီနက်ဇ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအားလုံးဟာ အတုအယောင်တွေသာ ဖြစ်ပြီး အဲဒီကောလာဟလတွေက သူမရဲ့ မိသားစုအပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သတင်းတွေက ကြီးထွားလာတဲ့အချိန်တိုင်းမှာ အရာအားလုံးက အဆင်မပြေတာ များလာသလို ကျွန်မ မိသားစုလည်း အများကြီး ခံစားခဲ့ရပါတယ်။ ဒီနှစ်လူတွေက ဘာတွေလဲ မင်းကို သူ့ကြည့်တဲ့ပုံစံက ဘယ်လိုလဲဆိုပြီး ပိုပြီး ကျယ်ကျယ်လောင်လောင် ပြောလာခဲ့ကြတယ်။ ကျွန်မက ရယ်စရာကောင်းတယ်လို့ ခံစားခဲ့ရပြီးသားအရာရဲ့ အလယ်မှာ ကြားညပ်နေခဲ့တယ်။ ကျွန်မထင်တာကို ပြောပြရမလား။ မက်ဆီ ဒါမှမဟုတ် အန်တိုနီလာက ကျွန်မ ပြောတာတွေကို မြင်ရင် ကျွန်မ တကယ်ပြောတာ။ ရူးနေတာလားဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ မက်ဆီက အန်ဒီက သူ့ကို နှစ်သက်သလိုမျိုးပဲ ကျွန်မကို နှစ်သက်တယ်လို့ သူတို့ကို ပြောကြည့်လိုက်ပါ။ မက်ဆီက အန်ဒီကို အဆင့် ၁ ပေးခဲ့တာပါ။ သူက တူညီတဲ့မျက်လုံးနဲ့ပဲ သူ့ကို ကြည့်တယ်။ အခုဒီမှာဖြစ်နေတဲ့တစ်ခုတည်းသောအရာက ကျွန်မက မိန်းမတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။

ဆိုဖီ မာတီနက်ဇ်ဟာ နာမည်ကျော် ဂျာနယ်လစ်တွေထဲက တစ်ဦးဖြစ်ပြီး ဘရာဇီးလ်က သတင်းတွေမှာ လီယွန်နယ် မက်ဆီနဲ့ ကြိတ်ပုန်းခုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ ကောလာဟလတွေကို ဂျာနယ်လစ်က လျင်လျင်မြန်မြန်ပဲ ငြင်းပယ်သွားခဲ့ပေမယ့်လည်း C5N နဲ့ အင်တာဗျူးကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အစောပိုင်းတုန်းက သတင်းတွေရဲ့ ဖော်ပြချက်အရ လီယွန်နယ် မက်ဆီရဲ့ ဇနီး အန်တိုနီလာ ရိုကုဇိုဟာ မက်ဆီနဲ့ ဆိုဖီတို့ကြား အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် မနာလိုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆိုဖီ မာတီနက်ဇ်က အဲဒီသတင်းတွေကို ချက်ချင်းပဲ တုံ့ပြန်ခဲ့ပြီး လီယွန်နယ် မက်ဆီရဲ့ ဇနီးနဲ့ သူမရဲ့ကြားမှာ ဘာပြဿနာမှမရှိခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မဟုတ်ပါဘူး။ ဘာမှပြဿနာမရှိဘူး။အဲဒီသတင်းတွေက ဘယ်ကထွက်လာလဲ ကျွန်မ မသိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မ အန်တိုနီလာနဲ့တောင် တစ်ခါတုန်းက စကားပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ ကောလာဟလတွေအပေါ်မှာ ဒေါသထွက်မှုကို ထိန်းသိမ်းပုံနဲ့ပတ်သက်ပြီး သူ့ကို ကျွန်မ အရမ်းလေးစားမိပါတယ်။ သူတို့မိသားစုကိုလည်း ကျွန်မ ချစ်မြတ်နိုးတယ်။ အဲဒါက ဘာမှအပိုတွေ လုပ်ပြနေတာမရှိဘဲ နေ့စဉ်နဲ့အမျှ သူတို့တွေရဲ့ အချစ်ကို ဘယ်လိုပြသကြလဲဆိုတာကို မီးမောင်းထိုးပြခဲ့တာပဲ။ အဲဒါက အိပ်မက်တစ်ခုပါပဲ၊ ဒီလိုမျိုး ဂန္တဝင်၊ ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်မျိုးနဲ့ အနီးကပ်တွေ့ခွင့်ရတာ ထူးခြားဆန်းကြယ်မှုပါ။ ကျွန်မ သတင်းစာတွေထဲမှာ ရေးသလိုမျိုး အချိတ်အဆက်မရှိပဘူး။ ဒါပေမယ့် သူ့ရဲ့ အစီအစဉ်တွေကို စီမံခန့်ခွဲတဲ့ လူတွေကနေတဆင့် စာပို့လို့တော့ ရနိုင်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားအားကစားဂ်ာနယ္လစ္ ဆိုဖီ မာတီနက္ဇ္က အင္တာ မိုင္ယာမီ ၾကယ္ပြင့္ လီယြန္နယ္ မက္ဆီနဲ႔ ႀကိတ္ပုန္းခုတ္ခဲ့တယ္ဆိုတဲ့ သတင္းတုေတြကို တုံ႔ျပန္ခဲ့ပါတယ္။

ဆိုဖီက သူမ မိသားစုဟာ လူေတြေျပာေနၾကတဲ့ ေကာလာဟလေတြေၾကာင့္ အမ်ားႀကီး စိတ္ထိခိုက္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္နဲ႔ သူမရဲ႕ၾကားမွာ ဘာမွ အကန႔္မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဆိုဖီ မာတီနက္ဇ္က ထြက္ေပၚခဲ့တဲ့ သတင္းေတြအားလုံးဟာ အတုအေယာင္ေတြသာ ျဖစ္ၿပီး အဲဒီေကာလာဟလေတြက သူမရဲ႕ မိသားစုအေပၚမွာ အက်ိဳးသက္ေရာက္မႈရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“သတင္းေတြက ႀကီးထြားလာတဲ့အခ်ိန္တိုင္းမွာ အရာအားလုံးက အဆင္မေျပတာ မ်ားလာသလို ကြၽန္မ မိသားစုလည္း အမ်ားႀကီး ခံစားခဲ့ရပါတယ္။ ဒီႏွစ္လူေတြက ဘာေတြလဲ မင္းကို သူ႔ၾကည့္တဲ့ပုံစံက ဘယ္လိုလဲဆိုၿပီး ပိုၿပီး က်ယ္က်ယ္ေလာင္ေလာင္ ေျပာလာခဲ့ၾကတယ္။ ကြၽန္မက ရယ္စရာေကာင္းတယ္လို႔ ခံစားခဲ့ရၿပီးသားအရာရဲ႕ အလယ္မွာ ၾကားညပ္ေနခဲ့တယ္။ ကြၽန္မထင္တာကို ေျပာျပရမလား။ မက္ဆီ ဒါမွမဟုတ္ အန္တိုနီလာက ကြၽန္မ ေျပာတာေတြကို ျမင္ရင္ ကြၽန္မ တကယ္ေျပာတာ။ ႐ူးေနတာလားဆိုၿပီး ျဖစ္သြားပါလိမ့္မယ္။ မက္ဆီက အန္ဒီက သူ႔ကို ႏွစ္သက္သလိုမ်ိဳးပဲ ကြၽန္မကို ႏွစ္သက္တယ္လို႔ သူတို႔ကို ေျပာၾကည့္လိုက္ပါ။ မက္ဆီက အန္ဒီကို အဆင့္ ၁ ေပးခဲ့တာပါ။ သူက တူညီတဲ့မ်က္လုံးနဲ႔ပဲ သူ႔ကို ၾကည့္တယ္။ အခုဒီမွာျဖစ္ေနတဲ့တစ္ခုတည္းေသာအရာက ကြၽန္မက မိန္းမတစ္ေယာက္ ျဖစ္ေနတာေၾကာင့္ပါပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆိုဖီ မာတီနက္ဇ္ဟာ နာမည္ေက်ာ္ ဂ်ာနယ္လစ္ေတြထဲက တစ္ဦးျဖစ္ၿပီး ဘရာဇီးလ္က သတင္းေတြမွာ လီယြန္နယ္ မက္ဆီနဲ႔ ႀကိတ္ပုန္းခုတ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီ ေကာလာဟလေတြကို ဂ်ာနယ္လစ္က လ်င္လ်င္ျမန္ျမန္ပဲ ျငင္းပယ္သြားခဲ့ေပမယ့္လည္း C5N နဲ႔ အင္တာဗ်ဴးကေတာ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ပထမဆုံးအႀကိမ္ လူသိရွင္ၾကား ေျပာဆိုမႈျဖစ္ခဲ့တာျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္အေစာပိုင္းတုန္းက သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ လီယြန္နယ္ မက္ဆီရဲ႕ ဇနီး အန္တိုနီလာ ႐ိုကုဇိုဟာ မက္ဆီနဲ႔ ဆိုဖီတို႔ၾကား အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးေၾကာင့္ မနာလိုျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဆိုဖီ မာတီနက္ဇ္က အဲဒီသတင္းေတြကို ခ်က္ခ်င္းပဲ တုံ႔ျပန္ခဲ့ၿပီး လီယြန္နယ္ မက္ဆီရဲ႕ ဇနီးနဲ႔ သူမရဲ႕ၾကားမွာ ဘာျပႆနာမွမရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မဟုတ္ပါဘူး။ ဘာမွျပႆနာမရွိဘူး။အဲဒီသတင္းေတြက ဘယ္ကထြက္လာလဲ ကြၽန္မ မသိဘူး။ ဆန႔္က်င္ဘက္အေနနဲ႔ ကြၽန္မ အန္တိုနီလာနဲ႔ေတာင္ တစ္ခါတုန္းက စကားေျပာခဲ့ဖူးပါတယ္။ သူ႔ရဲ႕ ေကာလာဟလေတြအေပၚမွာ ေဒါသထြက္မႈကို ထိန္းသိမ္းပုံနဲ႔ပတ္သက္ၿပီး သူ႔ကို ကြၽန္မ အရမ္းေလးစားမိပါတယ္။ သူတို႔မိသားစုကိုလည္း ကြၽန္မ ခ်စ္ျမတ္ႏိုးတယ္။ အဲဒါက ဘာမွအပိုေတြ လုပ္ျပေနတာမရွိဘဲ ေန႔စဥ္နဲ႔အမွ် သူတို႔ေတြရဲ႕ အခ်စ္ကို ဘယ္လိုျပသၾကလဲဆိုတာကို မီးေမာင္းထိုးျပခဲ့တာပဲ။ အဲဒါက အိပ္မက္တစ္ခုပါပဲ၊ ဒီလိုမ်ိဳး ဂႏၲဝင္၊ ဒ႑ာရီဆန္တဲ့ ပုဂၢိဳလ္မ်ိဳးနဲ႔ အနီးကပ္ေတြ႕ခြင့္ရတာ ထူးျခားဆန္းၾကယ္မႈပါ။ ကြၽန္မ သတင္းစာေတြထဲမွာ ေရးသလိုမ်ိဳး အခ်ိတ္အဆက္မရွိပဘူး။ ဒါေပမယ့္ သူ႔ရဲ႕ အစီအစဥ္ေတြကို စီမံခန႔္ခြဲတဲ့ လူေတြကေနတဆင့္ စာပို႔လို႔ေတာ့ ရႏိုင္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.