Premier League

နူးညက်ဇ်ထက်ကောင်းတဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ခေါ်ဖို့ အကြံပေးခဲ့တဲ့ အန်နရီကေး

လီဗာပူးလ်နောက်ခံလူဟောင်း ဟိုဆေး အန်နရီကေးက ချဲလ်ဆီးနဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒေါမနစ် ဆိုလန်ကီဟာ လီဗာပူးလ်တို့အတွက် ဒါဝင် နူးညက်ဇ်ကို ကျော်ပြီး ပွဲထွက်ပါဝင်ကစားပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယခုရာသီရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ်အသင်းကို သတ်မှတ်ချိန်မှာ အန်နရီကေးက ဆိုလန်ကီကို သူ့ရဲ့ ကျောနံပါတ် ၉ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ဘယ်နောက်ခံကစားသမားဟောင်းက ဘုန်းမောက် တိုက်စစ်မှူးဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

အန်နရီကေးက ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ လက်ရှိ လီဗာပူးလ်အသင်းထဲမှာ ဒါဝင် နူးညက်ဇ်ကို ကျော်ပြီး ပွဲထွက်ကစားပေးနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မိုဟာမက် ဆာလားက ညာတောင်ပံအတွက် မဖြစ်မနေ ရွေးရမယ့်သူပါ။ သူက နောက်ထပ်တစ်ကြိမ် မယုံနိုင်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှာ ကျွန်တော်ထည့်ချင်တဲ့ လီဗာပူးလ်ကစားသမားဟောင်းတစ်ဦးကတော့ ဒေါမနစ် ဆိုလန်ကီပါ။ သူက အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်နေပြီး သူက အခုအချိန်မှာ လီဗာပူးလ်အတွက် ပွဲထွက်ပါဝင်ကစားပေးနိုင်မယ်လို့ တကယ်ယုံကြည်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက မယုံနိုင်စရာကောင်းနေခဲ့လို့ပါ။ သူက အမြင့်ဘောကောင်းတယ်။ သန်မာတယ်။ လျင်မြန်တယ်။ ဘောလုံးကို ကောင်းကောင်း ထိန်းသိမ်းနိုင်တယ်။ သူက အရမ်းကောင်းတဲ့ အဆုံးသတ်သူလည်း ဖြစ်တယ်။ သူက ပြီးပြည်စုံတဲ့ တိုက်စစ်မှူးပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

ဆိုလန်ကီဟာ ချဲလ်ဆီးလူငယ်အသင်း အဆင့်ဆင့်ကို ဖြတ်သန်းလာခဲ့ပြီး ပထမအသင်းထဲ ပါဝင်ခွင့်ရခဲ့ချိန်မှာ မျှော်မှန်းချက်တွေ ကြီးကြီးမားမားရှိခဲ့ပေမယ့်လည်း ၂၀၁၇ ခုနှစ်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာပြီး လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုလန်ကီဟာ အန်းဖီးမှာလည်း မျှော်မှန်းထားတဲ့ အကျိုးသက်ရောက်မှုမျိုး မပြသနိုင်ခဲ့ဘဲ အင်္ဂလန်တိုက်စစ်မှူးဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ ကြီးမားတဲ့ အလားအလာအတိုင်း ယခုရာသီမှာ စွမ်းဆောင်ပြနိုင်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။

ဆိုလန်ကီဟာ ယခုရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲထဲမှာ မန်ချက်စတာစီးတီးကြယ်ပွင့် ဟာလန်းနဲ့ လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားတို့ရဲ့ နောက်မှာ ရပ်တည်နေတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ေနာက္ခံလူေဟာင္း ဟိုေဆး အန္နရီေကးက ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ေဒါမနစ္ ဆိုလန္ကီဟာ လီဗာပူးလ္တို႔အတြက္ ဒါဝင္ ႏူးညက္ဇ္ကို ေက်ာ္ၿပီး ပြဲထြက္ပါဝင္ကစားေပးႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယခုရာသီရဲ႕ အေကာင္းဆုံး ပရီးမီးယားလိဂ္အသင္းကို သတ္မွတ္ခ်ိန္မွာ အန္နရီေကးက ဆိုလန္ကီကို သူ႔ရဲ႕ ေက်ာနံပါတ္ ၉ အျဖစ္ သတ္မွတ္ခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံကစားသမားေဟာင္းက ဘုန္းေမာက္ တိုက္စစ္မႉးဟာ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉးလို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

အန္နရီေကးက ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ လက္ရွိ လီဗာပူးလ္အသင္းထဲမွာ ဒါဝင္ ႏူးညက္ဇ္ကို ေက်ာ္ၿပီး ပြဲထြက္ကစားေပးႏိုင္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“မိုဟာမက္ ဆာလားက ညာေတာင္ပံအတြက္ မျဖစ္မေန ေ႐ြးရမယ့္သူပါ။ သူက ေနာက္ထပ္တစ္ႀကိမ္ မယုံႏိုင္စရာေကာင္းေနခဲ့ပါတယ္။ ဒါေပမယ့္ တိုက္စစ္မွာ ကြၽန္ေတာ္ထည့္ခ်င္တဲ့ လီဗာပူးလ္ကစားသမားေဟာင္းတစ္ဦးကေတာ့ ေဒါမနစ္ ဆိုလန္ကီပါ။ သူက အရမ္းေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ေနၿပီး သူက အခုအခ်ိန္မွာ လီဗာပူးလ္အတြက္ ပြဲထြက္ပါဝင္ကစားေပးႏိုင္မယ္လို႔ တကယ္ယုံၾကည္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက မယုံႏိုင္စရာေကာင္းေနခဲ့လို႔ပါ။ သူက အျမင့္ေဘာေကာင္းတယ္။ သန္မာတယ္။ လ်င္ျမန္တယ္။ ေဘာလုံးကို ေကာင္းေကာင္း ထိန္းသိမ္းႏိုင္တယ္။ သူက အရမ္းေကာင္းတဲ့ အဆုံးသတ္သူလည္း ျဖစ္တယ္။ သူက ၿပီးျပည္စုံတဲ့ တိုက္စစ္မႉးပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆိုလန္ကီဟာ ခ်ဲလ္ဆီးလူငယ္အသင္း အဆင့္ဆင့္ကို ျဖတ္သန္းလာခဲ့ၿပီး ပထမအသင္းထဲ ပါဝင္ခြင့္ရခဲ့ခ်ိန္မွာ ေမွ်ာ္မွန္းခ်က္ေတြ ႀကီးႀကီးမားမားရွိခဲ့ေပမယ့္လည္း ၂၀၁၇ ခုႏွစ္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာၿပီး လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆိုလန္ကီဟာ အန္းဖီးမွာလည္း ေမွ်ာ္မွန္းထားတဲ့ အက်ိဳးသက္ေရာက္မႈမ်ိဳး မျပသႏိုင္ခဲ့ဘဲ အဂၤလန္တိုက္စစ္မႉးဟာ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ ႀကီးမားတဲ့ အလားအလာအတိုင္း ယခုရာသီမွာ စြမ္းေဆာင္ျပႏိုင္ေနၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ ၁၂ ဂိုးအထိ သြင္းယူထားတာျဖစ္ပါတယ္။

ဆိုလန္ကီဟာ ယခုရာသီ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုအတြက္ ၿပိဳင္ပြဲထဲမွာ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဟာလန္းနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားတို႔ရဲ႕ ေနာက္မွာ ရပ္တည္ေနတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.