Premier League

ဂျာအို ဂိုးမက်စ် ဘာကြောင့် စက်ဝိုင်းပုံအနီကတ် ပြခံခဲ့ရတာလဲ

ရှားရှားပါးပါး စက်ဝိုင်းပုံစံ အနီကတ်ဟာ သောကြာနေ့ည ဘရန့်တ်ဖို့ဒ်နဲ့ ဝုလ်ဗ်စ်တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အတွင်း ဒိုင်လူကြီး တိုနီ ဟာရင်တန်က အသုံးပြုခဲ့ပြီး ပရိသတ်တွေကြားမှာ သိလိုစိတ်တွေ မြင့်တက်ခဲ့ပါတယ်။

ဂျီတက်ချ်ကွန်မြူနတီကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ရဲ့ ၈ မိနစ်မှာ ဟာရင်တန်က ဝုလ်ဗ်စ်ကွင်းလယ်လူ ဂျာအို ဂိုးမက်စ်ကို ခရစ္စရှန် နောဂွါဒ်အပေါ် မလိုအပ်တဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ လူမှုကွန်ရက်ပေါ်မှာ အငြင်းပွားစရာတွေကို ဖန်တီးခဲ့ပြီး အဲဒီ ဖျက်ထုတ်မှုက အနီကတ်နဲ့ ထိုက်တန်ရဲ့လား၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့လို့လား၊ ဘာကြောင့် ပုံမှန် စတုဂံပုံစံ အနီကတ်အစား စက်ဝိုင်းပုံ အနီကတ်ကို ပြသခဲ့တာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက အဲဒီဖြစ်စဉ်အပေါ် “နေစမ်းပါဦး။ ဘာကြောင့် အနီကတ်က စက်ဝိုင်းပုံဖြစ်နေတာလဲ”လို့ ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဘာကြီးလဲဟ။ ဘာကြောင့် အနီကတ်က စက်ဝိုင်းပုံဖြစ်နေတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါဆို ဘာကြောင့် ဟာရင်တန်က စက်ဝိုင်းပုံအနီကတ်ကို ပြသခဲ့တာလဲဆိုရင် ဒိုင်လူကြီး ဖိုရမ်ရဲ့ ရှင်းလင်းချက်အရ စက်ဝိုင်းနဲ့ ဘဲဥပုံသဏ္ဌာန်ကတ်တွေက မူလတုန်းက အရောင်တွေကို မခွဲခြားနိုင်တဲ့ ကစားသမားတွေအတွက် အထောက်အကူဖြစ်စေဖို့ မိတ်ဆက်ခဲ့တာလို့ သိရပါတယ်။

“အဲဒါက ကတ်ကို လျင်လျင်မြန်မြန် ဆွဲထုတ်ချင်တဲ့ ဒိုင်လူကြီးတွေအတွက်လည်း အကူအညီဖြစ်စေပါတယ်။ ကတ်ရဲ့ပုံသဏ္ဌာန်က သူ ဆွဲထုတ်မယ့်ကတ်က ဘာကတ်လဲဆိုတာကို သိသာစေပါတယ်”လို့ ရှင်းလင်းထားပါတယ်။

ပရီးမီးယားလိဂ်ဝါရင့်ပရိသတ်တွေကတော့ အရင်တုန်းက ဒီလိုမျိုး စက်ဝိုင်းပုံစံကတ်တွေကို အသုံးပြုခဲ့ဖူးတာကို မှတ်မိနေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်ဟောင်း ယူရီယာ ရန်နီဆိုရင် မကြာခဏ မတူညီတဲ့ပုံသဏ္ဌာန်ရှိတဲ့ကတ်တွေကို အသုံးပြုလေ့ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရွားရွားပါးပါး စက္ဝိုင္းပုံစံ အနီကတ္ဟာ ေသာၾကာေန႔ည ဘရန႔္တ္ဖို႔ဒ္နဲ႔ ဝုလ္ဗ္စ္တို႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အတြင္း ဒိုင္လူႀကီး တိုနီ ဟာရင္တန္က အသုံးျပဳခဲ့ၿပီး ပရိသတ္ေတြၾကားမွာ သိလိုစိတ္ေတြ ျမင့္တက္ခဲ့ပါတယ္။

ဂ်ီတက္ခ်္ကြန္ျမဴနတီကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္ရဲ႕ ၈ မိနစ္မွာ ဟာရင္တန္က ဝုလ္ဗ္စ္ကြင္းလယ္လူ ဂ်ာအို ဂိုးမက္စ္ကို ခရစၥရွန္ ေနာဂြါဒ္အေပၚ မလိုအပ္တဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တဲ့အတြက္ တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ဟာ လူမႈကြန္ရက္ေပၚမွာ အျငင္းပြားစရာေတြကို ဖန္တီးခဲ့ၿပီး အဲဒီ ဖ်က္ထုတ္မႈက အနီကတ္နဲ႔ ထိုက္တန္ရဲ႕လား၊ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့လို႔လား၊ ဘာေၾကာင့္ ပုံမွန္ စတုဂံပုံစံ အနီကတ္အစား စက္ဝိုင္းပုံ အနီကတ္ကို ျပသခဲ့တာလဲဆိုတဲ့ ေမးခြန္းေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက အဲဒီျဖစ္စဥ္အေပၚ “ေနစမ္းပါဦး။ ဘာေၾကာင့္ အနီကတ္က စက္ဝိုင္းပုံျဖစ္ေနတာလဲ”လို႔ ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဘာႀကီးလဲဟ။ ဘာေၾကာင့္ အနီကတ္က စက္ဝိုင္းပုံျဖစ္ေနတာလဲ။ ဘာေတြ ျဖစ္ကုန္တာလဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါဆို ဘာေၾကာင့္ ဟာရင္တန္က စက္ဝိုင္းပုံအနီကတ္ကို ျပသခဲ့တာလဲဆိုရင္ ဒိုင္လူႀကီး ဖိုရမ္ရဲ႕ ရွင္းလင္းခ်က္အရ စက္ဝိုင္းနဲ႔ ဘဲဥပုံသဏၭာန္ကတ္ေတြက မူလတုန္းက အေရာင္ေတြကို မခြဲျခားႏိုင္တဲ့ ကစားသမားေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔ မိတ္ဆက္ခဲ့တာလို႔ သိရပါတယ္။

“အဲဒါက ကတ္ကို လ်င္လ်င္ျမန္ျမန္ ဆြဲထုတ္ခ်င္တဲ့ ဒိုင္လူႀကီးေတြအတြက္လည္း အကူအညီျဖစ္ေစပါတယ္။ ကတ္ရဲ႕ပုံသဏၭာန္က သူ ဆြဲထုတ္မယ့္ကတ္က ဘာကတ္လဲဆိုတာကို သိသာေစပါတယ္”လို႔ ရွင္းလင္းထားပါတယ္။

ပရီးမီးယားလိဂ္ဝါရင့္ပရိသတ္ေတြကေတာ့ အရင္တုန္းက ဒီလိုမ်ိဳး စက္ဝိုင္းပုံစံကတ္ေတြကို အသုံးျပဳခဲ့ဖူးတာကို မွတ္မိေနမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ဒိုင္ေဟာင္း ယူရီယာ ရန္နီဆိုရင္ မၾကာခဏ မတူညီတဲ့ပုံသဏၭာန္ရွိတဲ့ကတ္ေတြကို အသုံးျပဳေလ့ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.