Premier League

ဘန်လေနဲ့ပွဲမှာ မပါခဲ့တဲ့ စပါးစ်ကြယ်ပွင့်က ဘိုင်ယန်ကို ပြောင်းတော့မှာလို့ ပြောခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် အဲရစ် ဒိုင်ယာဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့တော့မယ်လို့ မျှော်လင့်နေပြီး အန်ဂီ ပိုစတီကိုဂလူကတော့ ဒဏ်ရာရနေတာလို့ ပြောဆိုခဲ့ပါတယ်။

အဲရစ် ဒိုင်ယာဟာ သောကြာနေ့ညက ဘန်လေကို စပါးစ်တို့ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွက် ပွဲနေ့လူစာရင်းထဲမှာ ချန်လှပ်ခံခဲ့ရတာက ဂျာမန်ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းက အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက် ပိုစတီကိုဂလူက ဒိုင်ယာ လူစာရင်းထဲမှာ မပါလာတဲ့တစ်ခုတည်းသော အကြောင်းအရင်းက ဒဏ်ရာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲရစ် ဒိုင်ယာက ဒဏ်ရာရနေပါတယ်။ သူက မနေ့က လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တယ်။ ဘိုင်ယန်မြူးနစ်နဲ့ ကောလာဟလတွေက လုံးဝကို မဟုတ်ပါဘူး။ သူ မနေ့က ဒဏ်ရာရခဲ့တာကြောင့် လေ့ကျင့်ရေးမလုပ်နိုင်ခဲ့ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီယန် ရိုက်က ပိုစတီကိုဂလူရဲ့ ပွဲပြီး မှတ်ချက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မျှဝေခဲ့ရာမှာ “ဟုတ်တာပေါ့။ သူ့ရဲ့ ကစားသမားဘဝ အခုအချိန်မှာ ကြီးမားတဲ့ အပြောင်းအရွှေ့ဖြစ်ပါလိမ့်မယ်။ သူက စပါးစ်အသင်းထဲကို ဝင်နိုင်ဖို့ ရုန်းကန်နေရတယ်။ ဘိုင်ယန်မြူးနစ်နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ အမှန်ပါပဲ။ အဲဒါသာ ကောလာဟလဆိုရင် ခင်ဗျား သူ့အတွက် အမှန်ဖြစ်ပါစေလို့ မျှော်လင့်မှာပါ။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ အဲဒါက တကယ်ဖြစ်လာနိုင်နေပြီမို့လို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ အဲရစ္ ဒိုင္ယာဟာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ ေမွ်ာ္လင့္ေနၿပီး အန္ဂီ ပိုစတီကိုဂလူကေတာ့ ဒဏ္ရာရေနတာလို႔ ေျပာဆိုခဲ့ပါတယ္။

အဲရစ္ ဒိုင္ယာဟာ ေသာၾကာေန႔ညက ဘန္ေလကို စပါးစ္တို႔ ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြက္ ပြဲေန႔လူစာရင္းထဲမွာ ခ်န္လွပ္ခံခဲ့ရတာက ဂ်ာမန္ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့တာေၾကာင့္ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီးေနာက္ ပိုစတီကိုဂလူက ဒိုင္ယာ လူစာရင္းထဲမွာ မပါလာတဲ့တစ္ခုတည္းေသာ အေၾကာင္းအရင္းက ဒဏ္ရာေၾကာင့္ျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အဲရစ္ ဒိုင္ယာက ဒဏ္ရာရေနပါတယ္။ သူက မေန႔က ေလ့က်င့္ေရးမွာ ဒဏ္ရာရခဲ့တယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔ ေကာလာဟလေတြက လုံးဝကို မဟုတ္ပါဘူး။ သူ မေန႔က ဒဏ္ရာရခဲ့တာေၾကာင့္ ေလ့က်င့္ေရးမလုပ္ႏိုင္ခဲ့ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီယန္ ႐ိုက္က ပိုစတီကိုဂလူရဲ႕ ပြဲၿပီး မွတ္ခ်က္နဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ကို မွ်ေဝခဲ့ရာမွာ “ဟုတ္တာေပါ့။ သူ႔ရဲ႕ ကစားသမားဘဝ အခုအခ်ိန္မွာ ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ျဖစ္ပါလိမ့္မယ္။ သူက စပါးစ္အသင္းထဲကို ဝင္ႏိုင္ဖို႔ ႐ုန္းကန္ေနရတယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ အမွန္ပါပဲ။ အဲဒါသာ ေကာလာဟလဆိုရင္ ခင္ဗ်ား သူ႔အတြက္ အမွန္ျဖစ္ပါေစလို႔ ေမွ်ာ္လင့္မွာပါ။ ဘာလို႔လဲဆိုေတာ့ အခုအခ်ိန္မွာ အဲဒါက တကယ္ျဖစ္လာႏိုင္ေနၿပီမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.