Premier League UCL&UEL

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၀.၁၀.၂၀၂၀

– ေပၚတုိနဲ႔ ခ်န္ပီယံလိဂ္ပြဲကစားမယ့္ မန္ခ်က္စတာစီးတီးအတြက္ သတင္းေကာင္းအျဖစ္ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ ေနာက္ခံလူ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတုိ႔ ပါဝင္ႏုိင္ဖို႔ နီးစပ္ေနၿပီး ဒီပြဲမွာ မကစားခဲ့ရင္ေတာင္ လာမယ့္အပတ္ထဲမွာ အသုံးျပဳႏုိင္ဖို႔ ဂြါဒီယိုလာ အရိပ္အျမြက္ေျပာၾကား။

– ဂြါဒီယိုလာက သူ႕အေနနဲ႔ ၿပဳိင္ဘက္ေတြရဲ႕ ကစားသမားေကာင္းေတြကို ဆုံးရွဳံးေနတာကို မၾကည့္ခ်င္ေၾကာင္းနဲ႔ ဗန္ဒိုက္အေနနဲ႔ အျမန္ဆုံး ျပန္လည္သက္သာလာၿပီး လီဗာပူးလ္အတြက္ ကစားေပးႏုိင္တာကို ျမင္ခ်င္ေၾကာင္း ဂြါဒီယိုလာ ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ အသင္းေခါင္းေဆာင္သစ္ ျဖစ္လာႏုိင္သူအျဖစ္ တစ္ေပးခံထားရတဲ့ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က လူတုိင္းဟာ တစ္ဦးခ်င္းအေနနဲ႔ မိမိကိုယ္ကို ေခါင္းေဆာင္ရမွာျဖစ္ၿပီး ဒါမွသာ အသင္းတစ္သင္းကို ကိုယ္စားျပဳ ေခါင္းေဆာင္ႏုိင္မွာျဖစ္တယ္လုိ႔ဆို။

– ၿပီးခဲ့တဲ့ ရာသီက ေပၚတူဂီမွာ ခက္ခဲခဲ့တဲ(လီယြန္နဲ႔)အရွဳံးကို သတိရေနၿပီး ဒီတစ္ခါ ေပၚတူဂီမွာ ရလဒ္ေကာင္းနဲ႔ ေအာင္ပြဲခံႏုိင္ဖို႔ လုပ္ေဆာင္သြားရမွာျဖစ္သလို ခ်န္ပီယံလိဂ္ဟာ ရင္ခုန္ဖို႔ေကာင္းတဲ့ ၿပဳိင္ပြဲတစ္ခုလို႔ စတာလင္ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းမွာ အဓိက ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနား မပါဝင္ႏုိင္ေသးတဲ့အတြက္ သူ႕ရဲ႕ ကြက္လပ္ကို ဘာနာဒို ေဆးလ္ဗားနဲ႔ ဖီးလ္ ဖိုဒန္တုိ႔ႏွစ္ဦးကပဲ ေပါင္းစပ္ျဖည့္ဆည္းသြားရဖြယ္ရွိေနၿပီး တုိက္စစ္ကို ဆာဂ်ီယို အေဂြ႐ို ဦးေဆာင္လာဖို႔ ရွိေန။

– ၿပီးခဲ့တဲ့ ရာသီမွာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ သူတုိ႔ကို အေပၚအသင္းအျဖစ္ အားလုံးက သတ္မွတ္ထားခဲ့ၾကေပမယ့္ လီယြန္ကို ရွဳံးနိမ့္ၿပီး ထြက္ခြာခဲ့ရတာဟာ မိမိမွာပဲ တာဝန္အျပည့္အဝရွိတယ္လုိ႔ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာ ဝန္ခံ။

– ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က မန္ခ်က္စတာစီးတီးအသင္းသားေတြအေနနဲ႔ ခ်န္ပီယံလိဂ္ဆုဖလားဟာ သူတုိ႔ရဲ႕ လက္တစ္ကမ္းအလိုအထိ တျဖည္းျဖည္းနဲ႔ နီးကပ္လာေနၿပီလုိ႔ ခံစားမိေၾကာင္းနဲ႔ ဒီရာသီမွာ ရယူႏုိင္ဖို႔ ပစ္မွတ္ထားေနေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲကစားမယ့် မန်ချက်စတာစီးတီးအတွက် သတင်းကောင်းအဖြစ် တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ ပါဝင်နိုင်ဖို့ နီးစပ်နေပြီး ဒီပွဲမှာ မကစားခဲ့ရင်တောင် လာမယ့်အပတ်ထဲမှာ အသုံးပြုနိုင်ဖို့ ဂွါဒီယိုလာ အရိပ်အမြွက်ပြောကြား။

– ဂွါဒီယိုလာက သူ့အနေနဲ့ ပြိုင်ဘက်တွေရဲ့ ကစားသမားကောင်းတွေကို ဆုံးရှုံးနေတာကို မကြည့်ချင်ကြောင်းနဲ့ ဗန်ဒိုက်အနေနဲ့ အမြန်ဆုံး ပြန်လည်သက်သာလာပြီး လီဗာပူးလ်အတွက် ကစားပေးနိုင်တာကို မြင်ချင်ကြောင်း ဂွါဒီယိုလာ ပြောကြား။

– မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာနိုင်သူအဖြစ် တစ်ပေးခံထားရတဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်က လူတိုင်းဟာ တစ်ဦးချင်းအနေနဲ့ မိမိကိုယ်ကို ခေါင်းဆောင်ရမှာဖြစ်ပြီး ဒါမှသာ အသင်းတစ်သင်းကို ကိုယ်စားပြု ခေါင်းဆောင်နိုင်မှာဖြစ်တယ်လို့ဆို။

– ပြီးခဲ့တဲ့ ရာသီက ပေါ်တူဂီမှာ ခက်ခဲခဲ့တဲ(လီယွန်နဲ့)အရှုံးကို သတိရနေပြီး ဒီတစ်ခါ ပေါ်တူဂီမှာ ရလဒ်ကောင်းနဲ့ အောင်ပွဲခံနိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်သလို ချန်ပီယံလိဂ်ဟာ ရင်ခုန်ဖို့ကောင်းတဲ့ ပြိုင်ပွဲတစ်ခုလို့ စတာလင်ပြောကြား။

– မန်ချက်စတာစီးတီးအသင်းမှာ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား မပါဝင်နိုင်သေးတဲ့အတွက် သူ့ရဲ့ ကွက်လပ်ကို ဘာနာဒို ဆေးလ်ဗားနဲ့ ဖီးလ် ဖိုဒန်တို့နှစ်ဦးကပဲ ပေါင်းစပ်ဖြည့်ဆည်းသွားရဖွယ်ရှိနေပြီး တိုက်စစ်ကို ဆာဂျီယို အဂွေရို ဦးဆောင်လာဖို့ ရှိနေ။

– ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ သူတို့ကို အပေါ်အသင်းအဖြစ် အားလုံးက သတ်မှတ်ထားခဲ့ကြပေမယ့် လီယွန်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာဟာ မိမိမှာပဲ တာဝန်အပြည့်အဝရှိတယ်လို့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ။

– နောက်ခံလူ ရူဘင် ဒီယက်စ်က မန်ချက်စတာစီးတီးအသင်းသားတွေအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားဟာ သူတို့ရဲ့ လက်တစ်ကမ်းအလိုအထိ တဖြည်းဖြည်းနဲ့ နီးကပ်လာနေပြီလို့ ခံစားမိကြောင်းနဲ့ ဒီရာသီမှာ ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.