Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၀.၁၀.၂၀၂၀

– ခ်ဲလ္ဆီးအသင္းရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ဂ်င္မီ ဖလြဳိက္ ဟက္ဆယ္လ္ဘိန္႔ခ္က နည္းျပ လမ္းပတ္အေနနဲ႔ တုိက္စစ္မွဴး တီမို ဗာနာကို ေနရာမွားသုံးေနတယ္လုိ႔ ေဝဖန္လုိက္ၿပီး ဘယ္ေတာင္ပံမွာ သူ႕ရဲ႕ ကစားေပါက္ကို ထိန္းခ်ဳပ္ထားမယ့္အစား အလယ္ကေန လြတ္လြတ္လပ္လပ္ ကစားေစဖို႔ တုိက္တြန္း။

– ဆီဗီလာအသင္းရဲ႕ နည္းျပ ဂ်ဴလင္ လိုပီတီဂီက အုပ္စုတြင္း အင္အားႀကီးၿပဳိင္ဘက္ ခ်ဲလ္ဆီးဟာ လက္ရွိမွာ ဘယ္လိုပဲ ႐ုန္းကန္ေနရေပမယ့္ အသင္းေကာင္းတစ္သင္းျဖစ္လို႔ ခ်န္ပီယံလိဂ္ကိုေတာင္ ရယူမယ္ဆုိရင္ ျဖစ္ႏုိင္ေျခရွိေၾကာင္းေျပာၾကား။

– ခ်ဲလ္ဆီးနဲ႔ ဆီဗီလာတုိ႔ႏွစ္သင္းစလုံးဟာ ႐ုန္းကန္ေနရၿပီး ရလဒ္ေကာင္းေတြကို အလိုရွိေနၾကတဲ့အခ်ိန္မွာ တုိက္စစ္မွဴး တီမို ဗာနာအေနနဲ႔ စေနေန႔ကလိုပဲ ေျခေတြ႕ႏုိင္မယ္ဆုိရင္ အဂၤလန္ကလပ္အသင္းဘက္ကေန သူရပ္တည္ႏုိင္မယ္လို႔ မုိက္ကယ္ အုိဝင္ ခန္႔မွန္း။

– ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ပုိင္းဟာ ဆုိးရြားေနတယ္ဆုိတာကို အသင္းေခါင္းေဆာင္ေနာက္ခံလူ ဆီဆာ အက္ဇ္ပီလီေကြတာက ဝန္ခံလုိက္ၿပီး အသင္းအေနနဲ႔ ႏုိင္ပြဲရရွိဖို႔ တစ္ပြဲကို သုံးေလးဂိုးရမွျဖစ္ႏိုင္လိမ့္မယ္လို႔ဆုိ။

– ေဒါ့မြန္အသင္းရဲ႕ တုိက္စစ္မွဴး အာလင္း ဟားလန္းဟာ ဘြန္ဒက္စ္လီဂါမွာ အစမ္းသပ္ခံၿပီးတဲ့ေနာက္ ေနာက္ထပ္အသင္းဆီ ေျပာင္းေရႊ႕ဖို႔ စဥ္းစားေနၿပီျဖစ္ၿပီး ေလ်ာ္ေၾကးစာခ်ဳပ္ ယူ႐ို ၇၅ သန္း ရွိေနတဲ့ ေနာ္ေဝသားရဲ႕ ေရြးခ်ယ္ႏုိင္တဲ့ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏုိက္တက္တုိ႔နဲ႔အတူ ခ်ဲလ္ဆီးပါဝင္ေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ တုိနီ ကက္စ္ကာရီႏိုက ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ နံပါတ္တစ္ဘဝကေန နံပါတ္ႏွစ္ေနရာကို ေလွ်ာက်ခဲ့ရၿပီး ေဆာက္သမ္တန္နဲ႔ပြဲက လက္စြမ္းကေတာ့ နံပါတ္သုံးျဖစ္ဖို႔ ထုိက္တန္တယ္လုိ႔ နည္းျပ လမ္းပတ္က ေတြးမွာ ေသခ်ာေၾကာင္း ေဝဖန္။

– လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေငြေၾကးထပ္မံသုံးစြဲႏုိင္ဖို႔ အသင္းရဲ႕ ပိုလွ်ံေနတဲ့ ဘယ္ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ မားကို႔စ္ အလြန္ဆုိ၊ အီမာဆန္ ပယ္လ္မီယာရီနဲ႔ ဘာဘာ ရာမန္တို႔ကို ေရာင္းခ်သြားမွာျဖစ္ၿပီး ဂိုးသမား ကီပါကိုပါ ဒီစာရင္းထဲ ထည့္သြင္းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်က နည်းပြ လမ်းပတ်အနေနဲ့ တိုက်စစ်မှူး တီမို ဗာနာကို နေရာမှားသုံးနေတယ်လို့ ဝေဖန်လိုက်ပြီး ဘယ်တောင်ပံမှာ သူ့ရဲ့ ကစားပေါက်ကို ထိန်းချုပ်ထားမယ့်အစား အလယ်ကနေ လွတ်လွတ်လပ်လပ် ကစားစေဖို့ တိုက်တွန်း။

– ဆီဗီလာအသင်းရဲ့ နည်းပြ ဂျူလင် လိုပီတီဂီက အုပ်စုတွင်း အင်အားကြီးပြိုင်ဘက် ချဲလ်ဆီးဟာ လက်ရှိမှာ ဘယ်လိုပဲ ရုန်းကန်နေရပေမယ့် အသင်းကောင်းတစ်သင်းဖြစ်လို့ ချန်ပီယံလိဂ်ကိုတောင် ရယူမယ်ဆိုရင် ဖြစ်နိုင်ခြေရှိကြောင်းပြောကြား။

– ချဲလ်ဆီးနဲ့ ဆီဗီလာတို့နှစ်သင်းစလုံးဟာ ရုန်းကန်နေရပြီး ရလဒ်ကောင်းတွေကို အလိုရှိနေကြတဲ့အချိန်မှာ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ စနေနေ့ကလိုပဲ ခြေတွေ့နိုင်မယ်ဆိုရင် အင်္ဂလန်ကလပ်အသင်းဘက်ကနေ သူရပ်တည်နိုင်မယ်လို့ မိုက်ကယ် အိုဝင် ခန့်မှန်း။

– ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းဟာ ဆိုးရွားနေတယ်ဆိုတာကို အသင်းခေါင်းဆောင်နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွေတာက ဝန်ခံလိုက်ပြီး အသင်းအနေနဲ့ နိုင်ပွဲရရှိဖို့ တစ်ပွဲကို သုံးလေးဂိုးရမှဖြစ်နိုင်လိမ့်မယ်လို့ဆို။

– ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းဟာ ဘွန်ဒက်စ်လီဂါမှာ အစမ်းသပ်ခံပြီးတဲ့နောက် နောက်ထပ်အသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီဖြစ်ပြီး လျော်ကြေးစာချုပ် ယူရို ၇၅ သန်း ရှိနေတဲ့ နော်ဝေသားရဲ့ ရွေးချယ်နိုင်တဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့အတူ ချဲလ်ဆီးပါဝင်နေ။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ တိုနီ ကက်စ်ကာရီနိုက ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ နံပါတ်တစ်ဘဝကနေ နံပါတ်နှစ်နေရာကို လျှောကျခဲ့ရပြီး ဆောက်သမ်တန်နဲ့ပွဲက လက်စွမ်းကတော့ နံပါတ်သုံးဖြစ်ဖို့ ထိုက်တန်တယ်လို့ နည်းပြ လမ်းပတ်က တွေးမှာ သေချာကြောင်း ဝေဖန်။

– လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းအနေနဲ့ ငွေကြေးထပ်မံသုံးစွဲနိုင်ဖို့ အသင်းရဲ့ ပိုလျှံနေတဲ့ ဘယ်နောက်ခံလူတွေ ဖြစ်ကြတဲ့ မားကို့စ် အလွန်ဆို၊ အီမာဆန် ပယ်လ်မီယာရီနဲ့ ဘာဘာ ရာမန်တို့ကို ရောင်းချသွားမှာဖြစ်ပြီး ဂိုးသမား ကီပါကိုပါ ဒီစာရင်းထဲ ထည့်သွင်းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.