Match Report Premier League UCL&UEL

သတိထားၾကဖို႔ ေျပာေနတဲ့ၾကားက အလဲထိုးတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ယူႏုိက္တက္ရဲ႕ အဖိုးတန္ႏုိင္ပြဲ

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဒီေန႔မွာေတာ့ လူစုံမထုတ္ႏုိင္ခဲ့ေပမယ့္ ခံစစ္ကို ပိုမိုအားျပဳထားတဲ့ ၃-၅-၂ ဆန္ဆန္ လူစာရင္းကို ထုတ္သုံးခဲ့ၿပီး လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္ ပါဝင္မလာႏုိင္ခ်ိန္မွာ ေတာင္ပံကိုေတာ့ ရက္ရွ္ဖိုဒ့္က ညာဘက္ေျပာင္းကစားခဲ့ၿပီး ဘယ္ျခမ္းမွာ အဲလက္စ္ တဲလက္စ္က စတင္ပြဲထြက္လာခဲ့ပါတယ္။

အိမ္ရွင္ ပီအက္စ္ဂ်ီတုိ႔ကေတာ့ ပြဲစတာနဲ႔ ထိုးေဖာက္တုိက္စစ္ဆင္ခဲ့ၿပီး ဒီမာရီယာရဲ႕ ညာျခမ္းက ကန္သြင္းခ်က္နဲ႔ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ကာဇာဝါရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ေတြကို ဒေဟးယား တည္တည္ၿငိမ္ၿငိမ္နဲ႔ ကာကြယ္ႏုိင္ခဲ့လုိ႔သာ အေဝးကြင္းမွာ ရလဒ္မဆုိးခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ေဒါ့မြန္က ဂ်င္းထည့္လိုက္တဲ့ ေနာက္ခံလူ ဂ်ယ္လိုရဲ႕ မာစီယယ္လ္ကို ဖ်က္ထုတ္မွဳကေန ပီအက္စ္ဂ်ီတုိ႔ ပင္နယ္တီ ေပးခဲ့ရၿပီး ပထမကန္ခ်က္ကို ကာကြယ္တဲ့ ကီေလာ္ နာဗက္စ္ ဂိုးစည္းအျပင္ကို ေရာက္ေနခဲ့လို႔ ဒုတိယအႀကိမ္မွာေတာ့ ဖာနန္ဒက္စ္က ႏွစ္ပြဲဆက္တုိက္ ပင္နယ္တီလြဲၿပီး နာမည္ပ်က္ရမယ့္ အေရးကို ေရွာင္ရွားႏုိင္ခဲ့သလို ဂိုးသမားကို လွည့္စားမွဳ ေအာင္ျမင္သြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ယူႏုိက္တက္တုိ႔ ပီအက္စ္ဂ်ီဘက္ကို ထပ္မံၿခိမ္းေျခာက္ႏုိင္ခဲ့ၿပီး ကစားသမားသစ္ တဲလက္စ္ရဲ႕ ထိေရာက္တဲ့ ကစားပုံနဲ႔ ေထာင့္ကန္ေဘာ Skill ေတြကိုလည္း ေတြ႕ျမင္ခဲ့ရသလို ပထမပုိင္းမွာေတာ့ ယူႏုိက္တက္တုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ေနာက္ခံလူ သုံးေယာက္ကို ေက်ာ္ျဖတ္ၿပီး ကန္သြင္းတဲ့ အမ္ဘာေပရဲ႕ ကန္ခ်က္ကို ဒေဟးယား ခက္ခက္ခဲခဲ ပုတ္ၿပီး ကာကြယ္ခဲ့ရၿပီး ၅၅ မိနစ္မွာေတာ့ ဒီလို ကာကြယ္ေနရတဲ့ စပိန္ဂိုးသမားရဲ႕ မ်က္ႏွာကိုမွ မေထာက္တဲ့ မာစီယယ္လ္က ေထာင့္ကန္ေဘာကို မပိုင္ႏုိင္ဘဲ ေခါင္းတုိက္ၿပီး ကိုယ့္ဂိုးကိုယ္သြင္းသြားခဲ့လို႔ ယူႏိုက္တက္ကစားသမားေတြထဲက ခ်န္ပီယံလိဂ္မွာ သြင္းယူတဲ့ ၉ ဂိုးေျမာက္ Own Goal နဲ႔ အမ်ားဆုံး စံခ်ိန္ကို တင္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာ ေနမာရဲ႕ ကန္ခ်က္ကို ဒေဟးယား ထပ္မံကာကြယ္ႏုိင္ခဲ့လုိ႔ ပီအက္စ္ဂ်ီတုိ႔ အႏုိင္ဂိုးနဲ႔ ေဝးခဲ့ရအၿပီးမွာေတာ့ ညာျခမ္းကေန ေဘာလုံးရသြားတဲ့ ရက္ရွ္ဖုိ႔ဒ္ကို ခံစစ္သမားေတြ ပိတ္ဆုိ႔ဖို႔ ေနာက္က်ေနခ်ိန္မွာ အဂၤလန္တုိက္စစ္မွဴးက ေထာင့္ျဖတ္အနိမ့္ေဘာကို အျပင္းကန္သြင္းခဲ့ရာမွာ တိုင္ေျခကို တိတိက်က် ဝင္သြားခဲ့လို႔ ယူႏုိက္တက္တုိ႔ အႏုိင္ဂိုးရခဲ့ၿပီး Parc des Princes မွာ မ်က္ႏွာပန္းလွခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္ကေတာ့ ၿပဳိင္ပြဲစုံ အေဝးကြင္းေတြမွာ ၁၀ ပြဲဆက္တုိက္ အႏိုင္ရခဲ့တဲ့ မွတ္တမ္းေကာင္းတစ္ခုကို ပုိင္ဆုိင္သြားႏုိင္ခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ပင္နယ္တီ ၁၂ လုံးမွာ ၁၁ လုံးဝင္တဲ့ မွတ္တမ္းကို ရရွိထားခဲ့သလို အသင္းရဲ႕ အုပ္စုက်ပ္မွာေတာ့ အဖိုးတန္ႏုိင္ပြဲတစ္ပြဲကို အေဝးကြင္းမွာ ရယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာတော့ လူစုံမထုတ်နိုင်ခဲ့ပေမယ့် ခံစစ်ကို ပိုမိုအားပြုထားတဲ့ ၃-၅-၂ ဆန်ဆန် လူစာရင်းကို ထုတ်သုံးခဲ့ပြီး လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ပါဝင်မလာနိုင်ချိန်မှာ တောင်ပံကိုတော့ ရက်ရှ်ဖိုဒ့်က ညာဘက်ပြောင်းကစားခဲ့ပြီး ဘယ်ခြမ်းမှာ အဲလက်စ် တဲလက်စ်က စတင်ပွဲထွက်လာခဲ့ပါတယ်။

အိမ်ရှင် ပီအက်စ်ဂျီတို့ကတော့ ပွဲစတာနဲ့ ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဒီမာရီယာရဲ့ ညာခြမ်းက ကန်သွင်းချက်နဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ကာဇာဝါရဲ့ အနီးကပ် ပိတ်သွင်းချက်တွေကို ဒဟေးယား တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်နိုင်ခဲ့လို့သာ အဝေးကွင်းမှာ ရလဒ်မဆိုးခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဒေါ့မွန်က ဂျင်းထည့်လိုက်တဲ့ နောက်ခံလူ ဂျယ်လိုရဲ့ မာစီယယ်လ်ကို ဖျက်ထုတ်မှုကနေ ပီအက်စ်ဂျီတို့ ပင်နယ်တီ ပေးခဲ့ရပြီး ပထမကန်ချက်ကို ကာကွယ်တဲ့ ကီလော် နာဗက်စ် ဂိုးစည်းအပြင်ကို ရောက်နေခဲ့လို့ ဒုတိယအကြိမ်မှာတော့ ဖာနန်ဒက်စ်က နှစ်ပွဲဆက်တိုက် ပင်နယ်တီလွဲပြီး နာမည်ပျက်ရမယ့် အရေးကို ရှောင်ရှားနိုင်ခဲ့သလို ဂိုးသမားကို လှည့်စားမှု အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ပီအက်စ်ဂျီဘက်ကို ထပ်မံခြိမ်းခြောက်နိုင်ခဲ့ပြီး ကစားသမားသစ် တဲလက်စ်ရဲ့ ထိရောက်တဲ့ ကစားပုံနဲ့ ထောင့်ကန်ဘော Skill တွေကိုလည်း တွေ့မြင်ခဲ့ရသလို ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာတော့ နောက်ခံလူ သုံးယောက်ကို ကျော်ဖြတ်ပြီး ကန်သွင်းတဲ့ အမ်ဘာပေရဲ့ ကန်ချက်ကို ဒဟေးယား ခက်ခက်ခဲခဲ ပုတ်ပြီး ကာကွယ်ခဲ့ရပြီး ၅၅ မိနစ်မှာတော့ ဒီလို ကာကွယ်နေရတဲ့ စပိန်ဂိုးသမားရဲ့ မျက်နှာကိုမှ မထောက်တဲ့ မာစီယယ်လ်က ထောင့်ကန်ဘောကို မပိုင်နိုင်ဘဲ ခေါင်းတိုက်ပြီး ကိုယ့်ဂိုးကိုယ်သွင်းသွားခဲ့လို့ ယူနိုက်တက်ကစားသမားတွေထဲက ချန်ပီယံလိဂ်မှာ သွင်းယူတဲ့ ၉ ဂိုးမြောက် Own Goal နဲ့ အများဆုံး စံချိန်ကို တင်သွားခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာ နေမာရဲ့ ကန်ချက်ကို ဒဟေးယား ထပ်မံကာကွယ်နိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ အနိုင်ဂိုးနဲ့ ဝေးခဲ့ရအပြီးမှာတော့ ညာခြမ်းကနေ ဘောလုံးရသွားတဲ့ ရက်ရှ်ဖို့ဒ်ကို ခံစစ်သမားတွေ ပိတ်ဆို့ဖို့ နောက်ကျနေချိန်မှာ အင်္ဂလန်တိုက်စစ်မှူးက ထောင့်ဖြတ်အနိမ့်ဘောကို အပြင်းကန်သွင်းခဲ့ရာမှာ တိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့လို့ ယူနိုက်တက်တို့ အနိုင်ဂိုးရခဲ့ပြီး Parc des Princes မှာ မျက်နှာပန်းလှခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ပြိုင်ပွဲစုံ အဝေးကွင်းတွေမှာ ၁၀ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားနိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကတော့ ပင်နယ်တီ ၁၂ လုံးမှာ ၁၁ လုံးဝင်တဲ့ မှတ်တမ်းကို ရရှိထားခဲ့သလို အသင်းရဲ့ အုပ်စုကျပ်မှာတော့ အဖိုးတန်နိုင်ပွဲတစ်ပွဲကို အဝေးကွင်းမှာ ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.