Premier League

တစ်ဦးချင်းကို အပြစ်မတင်ဘဲ ဒီရာသီ ဂန်းနားတွေရဲ့ပြဿနာအစစ်ကို ပြောပြခဲ့တဲ့ ဆီးမန်း

အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက မကြာသေးမီက ပြစ်တင်ဝေဖန်မှုတွေ ခံနေရတဲ့ အိုလက်ဇန်းဒါး ဇင်ချန်ကိုဘက်က ကာကွယ်ပြောဆိုပေးခဲ့ပြီး ဒီရာသီ အာဆင်နယ်ရဲ့ ပြဿနာအစစ်အမှန်ကို ထောက်ပြခဲ့ပါတယ်။

ယူကရိန်းလက်ရွေးစင်နောက်ခံလူဟာ အရေးကြီးပွဲစဉ်တွေမှာ ပြုလုပ်ခဲ့တဲ့ အမှားတွေအတွက် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်တွေကိုယ်တိုင် ဇင်ချန်ကိုရဲ့ ခံစစ်စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ လီဗာပူးလ်နဲ့ ခရစ္စမတ်မတိုင်ခင် ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ မိုဟာမက် ဆာလားရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရစေတဲ့ တစ်ဦးချင်း အမှားမျိုး ကျူးလွန်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ခရစ္စမတ်ကာလကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖြတ်သန်းနိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ဆက်တိုက် ခြေချော်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ စိုးရိမ်စရာစွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတဲ့ ဒေးဗစ် ဆီးမန်းက အာတီတာရဲ့အသင်းဟာ လုံလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ထဲကို ဝင်အောင် မသွင်းနိုင်ခဲ့တာကို ထောက်ပြခဲ့ပါတယ်။

တီယာနီကို ရီးရဲလ်ဆိုစီဒက်အသင်းဆီ အငှားချခဲ့တာက မှားယွင်းခဲ့တာလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆီးမန်းက “သူတို့တွေက မတူညီတဲ့ ကစားသမားတွေပါ။ ကီရန် တီယာနီက ခင်ဗျားကို ခံစစ်ပိုင်းမှာ ပိုပြီးတော့ စွမ်းဆောင်ပေးနိုင်တယ်။ ဇင်ချန်ကိုကတော့ သူ ကွင်းလယ်ထဲကို ဝင်ကစားတဲ့အချိန်ကျရင် တိုက်စစ်မှာ ခင်ဗျားအတွက် ပိုအားထားလို့ရနိုင်တယ်။ သူ့အပေါ်မှာ အာရုံစိုက်မှုတွေ အများကြီးရှိနေတယ်ဆိုတာကို ကျွန်တော်သိတယ်။ ဒါပေမယ့် အဲဒါက အသင်းလိုက် ခံစစ်ကစားပုံကြောင့်ပါ။ ကျွန်တော်ကတော့ ကစားသမားတစ်ဦးတည်းကိုပဲ ကွက်ပြီး အပြစ်တင်တာမျိုးကို မုန်းတယ်။”

ဝက်စ်ဟမ်းယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တုန်းက အာဆင်နယ်ဟာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀၊ ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းက ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား အာဆင်နယ် ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေကို ကြည့်လိုက်ရင် ခရစ္စမတ်ကာလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တယ်။ ဘယ်လောက်တဲ့လဲ။ ၃ ပွဲအတွင်းမှာ ဂိုးကန်သွင်းမှု ၅၆ ကြိမ်အထိ ရှိခဲ့တယ်မလား။ ဒီလောက် ဂိုးကန်သွင်းမှုတွေ အများကြီးလုပ်တာတောင်မှ ၂ ဂိုးပဲ ပြန်ရတယ်။ ဒါကမှ ပြဿနာတကယ်ရှိနေတဲ့နေရာပါ။ ဂိုးသွင်းယူမှုအပိုင်းမှာ ပြဿနာတကယ်ရှိနေတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၅ သင်းထဲမှာ သွင်းဂိုး အနည်းဆုံး(၃၇ ဂိုး)အသင်းဖြစ်နေပေမယ့်လည်း ပေးဂိုး(၂၀ ဂိုး)မှာတော့ လီဗာပူးလ်(၁၈ ဂိုး)ပြီးရင် ဒုတိယမြောက် အနည်းဆုံးအသင်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္းက မၾကာေသးမီက ျပစ္တင္ေဝဖန္မႈေတြ ခံေနရတဲ့ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုဘက္က ကာကြယ္ေျပာဆိုေပးခဲ့ၿပီး ဒီရာသီ အာဆင္နယ္ရဲ႕ ျပႆနာအစစ္အမွန္ကို ေထာက္ျပခဲ့ပါတယ္။

ယူကရိန္းလက္ေ႐ြးစင္ေနာက္ခံလူဟာ အေရးႀကီးပြဲစဥ္ေတြမွာ ျပဳလုပ္ခဲ့တဲ့ အမွားေတြအတြက္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ၿပီး ေဘာလုံးေဝဖန္သူေတြနဲ႔ ပရိသတ္ေတြကိုယ္တိုင္ ဇင္ခ်န္ကိုရဲ႕ ခံစစ္စြမ္းေဆာင္ရည္ကို ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

ဇင္ခ်န္ကိုဟာ လီဗာပူးလ္နဲ႔ ခရစၥမတ္မတိုင္ခင္ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ မိုဟာမက္ ဆာလားရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရေစတဲ့ တစ္ဦးခ်င္း အမွားမ်ိဳး က်ဴးလြန္ခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။ ခရစၥမတ္ကာလကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကေန ျဖတ္သန္းႏိုင္ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ ဆက္တိုက္ ေျခေခ်ာ္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာအထိ က်ဆင္းခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ စိုးရိမ္စရာစြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတဲ့ ေဒးဗစ္ ဆီးမန္းက အာတီတာရဲ႕အသင္းဟာ လုံေလာက္တဲ့ အခြင့္အေရးေတြကို ဖန္တီးႏိုင္ခဲ့ေပမယ့္လည္း ဂိုးေပါက္ထဲကို ဝင္ေအာင္ မသြင္းႏိုင္ခဲ့တာကို ေထာက္ျပခဲ့ပါတယ္။

တီယာနီကို ရီးရဲလ္ဆိုစီဒက္အသင္းဆီ အငွားခ်ခဲ့တာက မွားယြင္းခဲ့တာလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဆီးမန္းက “သူတို႔ေတြက မတူညီတဲ့ ကစားသမားေတြပါ။ ကီရန္ တီယာနီက ခင္ဗ်ားကို ခံစစ္ပိုင္းမွာ ပိုၿပီးေတာ့ စြမ္းေဆာင္ေပးႏိုင္တယ္။ ဇင္ခ်န္ကိုကေတာ့ သူ ကြင္းလယ္ထဲကို ဝင္ကစားတဲ့အခ်ိန္က်ရင္ တိုက္စစ္မွာ ခင္ဗ်ားအတြက္ ပိုအားထားလို႔ရႏိုင္တယ္။ သူ႔အေပၚမွာ အာ႐ုံစိုက္မႈေတြ အမ်ားႀကီးရွိေနတယ္ဆိုတာကို ကြၽန္ေတာ္သိတယ္။ ဒါေပမယ့္ အဲဒါက အသင္းလိုက္ ခံစစ္ကစားပုံေၾကာင့္ပါ။ ကြၽန္ေတာ္ကေတာ့ ကစားသမားတစ္ဦးတည္းကိုပဲ ကြက္ၿပီး အျပစ္တင္တာမ်ိဳးကို မုန္းတယ္။”

ဝက္စ္ဟမ္းယူႏိုက္တက္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္တုန္းက အာဆင္နယ္ဟာ ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၃၀၊ ဖူလ္ဟမ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္တုန္းက ၁၃ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား အာဆင္နယ္ ဖန္တီးႏိုင္ခဲ့တဲ့ အခြင့္အေရးေတြကို ၾကည့္လိုက္ရင္ ခရစၥမတ္ကာလအတြင္း ကစားခဲ့တဲ့ပြဲေတြမွာ အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးႏိုင္ခဲ့တယ္။ ဘယ္ေလာက္တဲ့လဲ။ ၃ ပြဲအတြင္းမွာ ဂိုးကန္သြင္းမႈ ၅၆ ႀကိမ္အထိ ရွိခဲ့တယ္မလား။ ဒီေလာက္ ဂိုးကန္သြင္းမႈေတြ အမ်ားႀကီးလုပ္တာေတာင္မွ ၂ ဂိုးပဲ ျပန္ရတယ္။ ဒါကမွ ျပႆနာတကယ္ရွိေနတဲ့ေနရာပါ။ ဂိုးသြင္းယူမႈအပိုင္းမွာ ျပႆနာတကယ္ရွိေနတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၅ သင္းထဲမွာ သြင္းဂိုး အနည္းဆုံး(၃၇ ဂိုး)အသင္းျဖစ္ေနေပမယ့္လည္း ေပးဂိုး(၂၀ ဂိုး)မွာေတာ့ လီဗာပူးလ္(၁၈ ဂိုး)ၿပီးရင္ ဒုတိယေျမာက္ အနည္းဆုံးအသင္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.