Premier League

အသင်းဖော်ဟောင်းကို ထွက်ခွင့်ပေးလို့ ချဲလ်ဆီးဒုက္ခရောက်နေတာဆိုတဲ့ အိုဇေးလ်

မီဆွတ် အိုဇေးလ်က ရီးရဲလ်မက်ဒရစ်နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံကစားသမားလို့ ချီးကျူးလိုက်ပြီး ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဂျာမန်နောက်ခံလူကို ထွက်ခွင့်ပေးခဲ့တာက ကြီးမားတဲ့အမှားလုပ်ခဲ့တာလို့ ယုံကြည်နေပါတယ်။

အသက် ၃၀ အရွယ်နောက်ခံကစားသမားဟာ ဗုဒ္ဓဟူးနေ့ညနေက မာယော်ကာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ၇၈ မိနစ်မှာ သွင်းယူခဲ့တဲ့သွင်းဂိုးနဲ့အတူ အန်ဆယ်လော့တီရဲ့အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်စေခဲ့တာဖြစ်ပါတယ်။

ရူဒီဂါဟာ ထောင့်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ဘောလုံးကို မာယော်ကာ ဂိုးသမား ရာကိုဗစ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဂီရိုနာကို ဂိုးကွာခြားချက်နဲ့ အသာစီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလို ဂိုးကွာခြားချက် အသာစီး ရယူထားနိုင်ခဲ့တာက ရီးရဲလ်မက်ဒရစ်ရဲ့ ကျစ်လစ်မာကျောတဲ့ ခံစစ်ကြောင့်ဖြစ်ပြီး အန်ဆယ်လော့တီရဲ့အသင်းဟာ ဒီရာသီ လာလီဂါ ၁၉ ပွဲအထိ ကစားပြီးချိန်မှာ သွင်းဂိုး ၁၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းမှာ ရူဒီဂါနဲ့အတူ တွဲကစားခဲ့တဲ့ အာဆင်နယ်ဂန္တဝင် မီဆွတ် အိုဇေးလ်က လူမှုကွန်ရက်ပေးမှာ အသင်းဖော်ဟောင်းကို ချီးကျူးခဲ့ပြီး ချဲလ်ဆီးဟာ ဒီလိုကစားသမားကို ထွက်ခွာခွင့်ပေးခဲ့လို့ အခုလို ရုန်းကန်နေရတာဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

“အကောင်းဆုံးအချိန်မှာရှိနေတဲ့ ရူဒီဂါက အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားပါ။ ကျွန်တော့်ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အတွက် မယုံနိုင်စရာ ရာသီကို ဖြတ်သန်းနေပါတယ်။ ခင်ဗျား အာလင်း ဒါမှမဟုတ် အိုဆီမန်တို့ကို သူ ဘယ်လောက်တောင်ကောင်းလဲဆိုတာ သွားမေးနိုင်ပါတယ်။ သူ ထွက်သွားပြီးတော့ ချဲလ်ဆီးဘာတွေဖြစ်ခဲ့လဲဆိုတာကိုပဲ ကြည့်လေ။ သူတို့တွေက သူ့ရဲ့ အနိုင်လိုချင်တဲ့စိတ်ဓာတ်ပိုင်းကို နေ့တိုင်း လွမ်းဆွတ်နေတာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေရပြီး ယခုရာသီ ပွဲ ၂၀ သာ ကစားရသေးချိန်မှာ သွင်းဂိုး ၃၁ ဂိုးအထိ ခွင့်ပြုထားခဲ့ရပြီး ဖြစ်ပါတယ်။ အနောက်လန်ဒန်ကလပ်ဟာ ရူဒီဂါကို ထိန်းသိမ်းထားဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျာမန်နောက်ခံလူ ဘာနေဗျူးကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ခရစ္စတင်ဆန်ကလည်း အလွတ်နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာကြောင့် ချဲလ်ဆီးခံစစ်ဟာ တော်တော်လေး အားနည်းသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အဲဒီအချိန်ကတည်းက ဗဟိုခံစစ်ကစားသမားသစ်တွေအတွက် ပေါင်သန်းများစွာ သုံးစွဲပြီး ဝက်စ်လေ ဖိုဖာနာ၊ ဒီဆာဆီ၊ ဘာဒီယာရှီလေတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း အားလုံးဟာ ရူဒီဂါ ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မီဆြတ္ အိုေဇးလ္က ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါကို ကမာၻေပၚက အေကာင္းဆုံးေနာက္ခံကစားသမားလို႔ ခ်ီးက်ဴးလိုက္ၿပီး ခ်ဲလ္ဆီးဟာ လြန္ခဲ့တဲ့ ၁၈ လတုန္းက ဂ်ာမန္ေနာက္ခံလူကို ထြက္ခြင့္ေပးခဲ့တာက ႀကီးမားတဲ့အမွားလုပ္ခဲ့တာလို႔ ယုံၾကည္ေနပါတယ္။

အသက္ ၃၀ အ႐ြယ္ေနာက္ခံကစားသမားဟာ ဗုဒၶဟူးေန႔ညေနက မာေယာ္ကာကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ကယ္တင္ႏိုင္ခဲ့တာျဖစ္ၿပီး ၇၈ မိနစ္မွာ သြင္းယူခဲ့တဲ့သြင္းဂိုးနဲ႔အတူ အန္ဆယ္ေလာ့တီရဲ႕အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။

႐ူဒီဂါဟာ ေထာင့္ကန္ေဘာကေန ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို မာေယာ္ကာ ဂိုးသမား ရာကိုဗစ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ေခါင္းတိုက္သြင္းယူေပးခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ဂီ႐ိုနာကို ဂိုးကြာျခားခ်က္နဲ႔ အသာစီး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီလို ဂိုးကြာျခားခ်က္ အသာစီး ရယူထားႏိုင္ခဲ့တာက ရီးရဲလ္မက္ဒရစ္ရဲ႕ က်စ္လစ္မာေက်ာတဲ့ ခံစစ္ေၾကာင့္ျဖစ္ၿပီး အန္ဆယ္ေလာ့တီရဲ႕အသင္းဟာ ဒီရာသီ လာလီဂါ ၁၉ ပြဲအထိ ကစားၿပီးခ်ိန္မွာ သြင္းဂိုး ၁၁ ဂိုးသာ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္အသင္းမွာ ႐ူဒီဂါနဲ႔အတူ တြဲကစားခဲ့တဲ့ အာဆင္နယ္ဂႏၲဝင္ မီဆြတ္ အိုေဇးလ္က လူမႈကြန္ရက္ေပးမွာ အသင္းေဖာ္ေဟာင္းကို ခ်ီးက်ဴးခဲ့ၿပီး ခ်ဲလ္ဆီးဟာ ဒီလိုကစားသမားကို ထြက္ခြာခြင့္ေပးခဲ့လို႔ အခုလို ႐ုန္းကန္ေနရတာျဖစ္တယ္လို႔ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

“အေကာင္းဆုံးအခ်ိန္မွာရွိေနတဲ့ ႐ူဒီဂါက အခုအခ်ိန္မွာ ကမာၻ႔အေကာင္းဆုံးေနာက္ခံကစားသမားပါ။ ကြၽန္ေတာ့္ရဲ႕ အသင္းေဟာင္း ရီးရဲလ္မက္ဒရစ္အတြက္ မယုံႏိုင္စရာ ရာသီကို ျဖတ္သန္းေနပါတယ္။ ခင္ဗ်ား အာလင္း ဒါမွမဟုတ္ အိုဆီမန္တို႔ကို သူ ဘယ္ေလာက္ေတာင္ေကာင္းလဲဆိုတာ သြားေမးႏိုင္ပါတယ္။ သူ ထြက္သြားၿပီးေတာ့ ခ်ဲလ္ဆီးဘာေတြျဖစ္ခဲ့လဲဆိုတာကိုပဲ ၾကည့္ေလ။ သူတို႔ေတြက သူ႔ရဲ႕ အႏိုင္လိုခ်င္တဲ့စိတ္ဓာတ္ပိုင္းကို ေန႔တိုင္း လြမ္းဆြတ္ေနတာပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရၿပီး ယခုရာသီ ပြဲ ၂၀ သာ ကစားရေသးခ်ိန္မွာ သြင္းဂိုး ၃၁ ဂိုးအထိ ခြင့္ျပဳထားခဲ့ရၿပီး ျဖစ္ပါတယ္။ အေနာက္လန္ဒန္ကလပ္ဟာ ႐ူဒီဂါကို ထိန္းသိမ္းထားဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ဂ်ာမန္ေနာက္ခံလူ ဘာေနဗ်ဴးကိုသာ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ခရစၥတင္ဆန္ကလည္း အလြတ္နဲ႔ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးခံစစ္ဟာ ေတာ္ေတာ္ေလး အားနည္းသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ အဲဒီအခ်ိန္ကတည္းက ဗဟိုခံစစ္ကစားသမားသစ္ေတြအတြက္ ေပါင္သန္းမ်ားစြာ သုံးစြဲၿပီး ဝက္စ္ေလ ဖိုဖာနာ၊ ဒီဆာဆီ၊ ဘာဒီယာရွီေလတို႔ကို ေခၚယူခဲ့ေပမယ့္လည္း အားလုံးဟာ ႐ူဒီဂါ ခ်န္ထားခဲ့တဲ့ ကြက္လပ္ကို ျဖည့္ဆည္းႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.