La Liga Match Report

ကျော်သလောက်တော်တဲ့ ဂျီရိုနာရဲ့ ဆီမီယွန်နီကို နှိပ်ကွပ်ခဲ့တဲ့ နိုင်ပွဲ

စပိန်လာလီဂါမှာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တဲ့ ဘာစီလိုနာမြို့ခံကလပ် ဂျီရိုနာကတော့ သူတို့တွေအနေနဲ့ ဇယားထိပ်က ပြေးနေတာဟာ အလကားနေရင်း ကြက်ကန်း ဆန်အိုးတိုးတာ မဟုတ်ကြောင်းကို ဆက်လက်ပြသခဲ့ပြီး အိမ်ကွင်းမှာ ပြိုင်ဘက် အသင်းကြီး အက်သလက်တီကို မက်ဒရစ်ကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ ထပ်မံပြသသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို အမီလိုက်ဖို့ လိုနေတာကြောင့် ဂျီရိုနာနည်းပြ မီခယ်လ်အနေနဲ့ ဒီနေ့ပွဲမှာ ကစားနေကျ ၃-၄-၃ အစား ၄-၅-၁ ပြောင်းကစားခဲ့ပြီး တစ်ဖက်က ခံစစ်သုံးယောက်တန်းကစားတဲ့ ဆီမီယွန်နီရဲ့ တီကိုတို့ကို Overload လုပ်ဖို့ ပြင်ဆင်လာခဲ့သလို ဒါက ဧည့်သည်တွေကို ကောင်းကောင်း အငိုက်ဖမ်းသွားနိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာကတည်းက ဗယ်လာရီ ဖာနန်ဒက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၁၆ မိနစ်မှာတော့ ဘလင်းဒ်နဲ့ အဲရစ် ဂါစီယာတို့ရဲ့ ဂျပိန်ဂျပုခံစစ်ကို မိုရာတာက ဘော်ဒီအားကိုးနဲ့ တိုးဝင်ပြီး ချေပဂိုးသွင်းခဲ့သလို တစ်ပွဲလုံးမှာလည်း ဒီစပိန်လက်ရွေးစင်တိုက်စစ်မှူးကို ဂျီရိုနာတို့ရဲ့ အရပ် ငါးပေ ဆယ်လက်မစီသာရှိတဲ့ ဗဟိုခံစစ်သမားနှစ်ယောက် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘဲ အိတ်ပေါက်နဲ့ ဖားကောက်နေခဲ့ရပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ ဆာဗီယိုက ဧရိယာထိပ်ကနေ ကန်သွင်းပြီး ဂျီရိုနာတို့ကို ဒုတိယဂိုးနဲ့ ပြန်လည်ဦးဆောင်စေခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ ဘယ်ထောင့်ကန်ဘောကနေ ဒေါ့ဗစ်ခ် နောက်ပေါက်နဲ့ ချပေးတာကို အဝေးတိုင်ဘက်ကနေ ပြေးဝင်လာတဲ့ ဘလင်းဒ်က ပိတ်သွင်းပြီး တတိယဂိုး ရရှိခဲ့ပေမယ့် ပွဲချိန် ၄၄ မိနစ်မှာတော့ လူမကျွံတကျွံ အနေအထားကနေပဲ မိုရာတာက တစ်ဂိုးပြန်ချေခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ တီကိုတို့က ပွဲချိန် ၅၄ မိနစ်မှာ တတိယ ချေပဂိုး သွင်းခဲ့ကြပြီး ဒီဂိုးကိုလည်း မိုရာတာကပဲ ဟက်ထရစ်အဖြစ် သွင်းပေးခဲ့ချိန်မှာ သုံးဂိုးစီသရေကျနေခဲ့လို့ အရန်ခုံမှာ လူကောင်းများများ မရှိတော့တဲ့ ဂျီရိုနာ နည်းပြ မီခယ်လ် တိုင်ပတ်ခဲ့ရတာပါ။

ဒါပေမယ့် ပွဲပြီးခါနီးမှာ ဆီမီယွန်နီအနေနဲ့ အမှားကျူးလွန်ခဲ့ပြီး အိမ်ရှင်နောက်တန်းကို ဖိအားပေးနေတဲ့ ဂရစ်ဇ်မန်းနဲ့ မိုရာတာတို့ကို အတွဲလိုက် လဲထုတ်ပစ်ခဲ့ရာမှာတော့ ဂျီရိုနာတို့ နာကျင်အချိန်ပိုအစမှာ စတုတ္ထအနိုင်ဂိုး သွင်းယူသွားခဲ့ပြီး အရန်ခုံက ထလို့ တစ်မိနစ်သာ ရှိသေးတဲ့ ပေါ်တူက ဘယ်ခြမ်းကနေ ပေးတာကို ကွင်းလယ်လူ အီဗန် မာတင်က မထင်မှတ်ဘဲ ဧရိယာထဲကနေ ဘယ်ခြေနဲ့ ကလော်ထည့်လိုက်ရာမှာ အော့ဘ်လက်ခ် အငိုက်မိခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂျီရိုနာတို့က တတိယနေရာက အက်သလက်တီကို မက်ဒရစ်တို့ကို နောက်ကျဂိုးနဲ့ အလဲထိုးသွားခဲ့ပြီး လေးဂိုး-သုံးဂိုး ရလဒ်ကြောင့် ဇယားထိပ်က ဦးဆောင်သူ ရီးရဲလ်မက်ဒရစ်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ ဒုတိယနေရာက ဆက်လက်ဖိအားပေးနိုင်ခဲ့သလို ဘာစီလိုနာမြို့မှာ ဗိုလ်လုပ်နေတာ ဟိုဒိုင်ကူအသင်း မဟုတ်ဘူးလို့ လှောင်ပြောင်စရာတွေကိုပါ ပေးစွမ်းနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္လာလီဂါမွာ အေကာင္းဆုံး ေျခစြမ္းျပေနခဲ့တဲ့ ဘာစီလိုနာၿမိဳ႕ခံကလပ္ ဂ်ီ႐ိုနာကေတာ့ သူတို႔ေတြအေနနဲ႔ ဇယားထိပ္က ေျပးေနတာဟာ အလကားေနရင္း ၾကက္ကန္း ဆန္အိုးတိုးတာ မဟုတ္ေၾကာင္းကို ဆက္လက္ျပသခဲ့ၿပီး အိမ္ကြင္းမွာ ၿပိဳင္ဘက္ အသင္းႀကီး အက္သလက္တီကို မက္ဒရစ္ကို ေလးဂိုး-သုံးဂိုးနဲ႔ အႏိုင္ယူခဲ့တဲ့ပြဲမွာ ထပ္မံျပသသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကို အမီလိုက္ဖို႔ လိုေနတာေၾကာင့္ ဂ်ီ႐ိုနာနည္းျပ မီခယ္လ္အေနနဲ႔ ဒီေန႔ပြဲမွာ ကစားေနက် ၃-၄-၃ အစား ၄-၅-၁ ေျပာင္းကစားခဲ့ၿပီး တစ္ဖက္က ခံစစ္သုံးေယာက္တန္းကစားတဲ့ ဆီမီယြန္နီရဲ႕ တီကိုတို႔ကို Overload လုပ္ဖို႔ ျပင္ဆင္လာခဲ့သလို ဒါက ဧည့္သည္ေတြကို ေကာင္းေကာင္း အငိုက္ဖမ္းသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက ဗယ္လာရီ ဖာနန္ဒက္ဇ္ရဲ႕ ဂိုးနဲ႔ ဦးေဆာင္ခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဘလင္းဒ္နဲ႔ အဲရစ္ ဂါစီယာတို႔ရဲ႕ ဂ်ပိန္ဂ်ပုခံစစ္ကို မိုရာတာက ေဘာ္ဒီအားကိုးနဲ႔ တိုးဝင္ၿပီး ေခ်ပဂိုးသြင္းခဲ့သလို တစ္ပြဲလုံးမွာလည္း ဒီစပိန္လက္ေ႐ြးစင္တိုက္စစ္မႉးကို ဂ်ီ႐ိုနာတို႔ရဲ႕ အရပ္ ငါးေပ ဆယ္လက္မစီသာရွိတဲ့ ဗဟိုခံစစ္သမားႏွစ္ေယာက္ ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိခဲ့ဘဲ အိတ္ေပါက္နဲ႔ ဖားေကာက္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ ဆာဗီယိုက ဧရိယာထိပ္ကေန ကန္သြင္းၿပီး ဂ်ီ႐ိုနာတို႔ကို ဒုတိယဂိုးနဲ႔ ျပန္လည္ဦးေဆာင္ေစခဲ့သလို ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ဘယ္ေထာင့္ကန္ေဘာကေန ေဒါ့ဗစ္ခ္ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို အေဝးတိုင္ဘက္ကေန ေျပးဝင္လာတဲ့ ဘလင္းဒ္က ပိတ္သြင္းၿပီး တတိယဂိုး ရရွိခဲ့ေပမယ့္ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ လူမကြၽံတကြၽံ အေနအထားကေနပဲ မိုရာတာက တစ္ဂိုးျပန္ေခ်ခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ တီကိုတို႔က ပြဲခ်ိန္ ၅၄ မိနစ္မွာ တတိယ ေခ်ပဂိုး သြင္းခဲ့ၾကၿပီး ဒီဂိုးကိုလည္း မိုရာတာကပဲ ဟက္ထရစ္အျဖစ္ သြင္းေပးခဲ့ခ်ိန္မွာ သုံးဂိုးစီသေရက်ေနခဲ့လို႔ အရန္ခုံမွာ လူေကာင္းမ်ားမ်ား မရွိေတာ့တဲ့ ဂ်ီ႐ိုနာ နည္းျပ မီခယ္လ္ တိုင္ပတ္ခဲ့ရတာပါ။

ဒါေပမယ့္ ပြဲၿပီးခါနီးမွာ ဆီမီယြန္နီအေနနဲ႔ အမွားက်ဴးလြန္ခဲ့ၿပီး အိမ္ရွင္ေနာက္တန္းကို ဖိအားေပးေနတဲ့ ဂရစ္ဇ္မန္းနဲ႔ မိုရာတာတို႔ကို အတြဲလိုက္ လဲထုတ္ပစ္ခဲ့ရာမွာေတာ့ ဂ်ီ႐ိုနာတို႔ နာက်င္အခ်ိန္ပိုအစမွာ စတုတၳအႏိုင္ဂိုး သြင္းယူသြားခဲ့ၿပီး အရန္ခုံက ထလို႔ တစ္မိနစ္သာ ရွိေသးတဲ့ ေပၚတူက ဘယ္ျခမ္းကေန ေပးတာကို ကြင္းလယ္လူ အီဗန္ မာတင္က မထင္မွတ္ဘဲ ဧရိယာထဲကေန ဘယ္ေျခနဲ႔ ကေလာ္ထည့္လိုက္ရာမွာ ေအာ့ဘ္လက္ခ္ အငိုက္မိခဲ့ၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂ်ီ႐ိုနာတို႔က တတိယေနရာက အက္သလက္တီကို မက္ဒရစ္တို႔ကို ေနာက္က်ဂိုးနဲ႔ အလဲထိုးသြားခဲ့ၿပီး ေလးဂိုး-သုံးဂိုး ရလဒ္ေၾကာင့္ ဇယားထိပ္က ဦးေဆာင္သူ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ ဒုတိယေနရာက ဆက္လက္ဖိအားေပးႏိုင္ခဲ့သလို ဘာစီလိုနာၿမိဳ႕မွာ ဗိုလ္လုပ္ေနတာ ဟိုဒိုင္ကူအသင္း မဟုတ္ဘူးလို႔ ေလွာင္ေျပာင္စရာေတြကိုပါ ေပးစြမ္းႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.