Ligue1

ရှုံးထွက်တက်နိုင်ခဲ့ပေမယ့် အန်နရီကေးရဲ့ စကားကြောင့် မပျော်မရွှင်ဖြစ်ခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ ဗုဒ္ဓဟူးနေ့ညနေက ဒေါ့မွန်နဲ့ ၁-၁ သရေကျခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် စိတ်ပျက်လက်ပျက် အမူအရာနဲ့ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာ ဒေါ့မွန်နဲ့ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို အုပ်စု ဒုတိယနေရာနဲ့သာ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လီဂူးဝမ်းကလပ်ဟာ တနင်္လာနေ့ ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲပွဲမှာ သီးသန့်မဖယ်ထားတဲ့အသင်းတွေနဲ့ တစ်အိုးတည်းမှာ ထားရှိခံရတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီဟာ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ရီးရဲလ်ဆိုစီဒက်၊ မန်ချက်စတာစီးတီး၊ အက်သလက်တီကို မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာတို့ထဲက အသင်းတွေနဲ့ ရှုံးထွက်အဆင့်မှာ ဆုံတွေ့နိုင်ခြေရှိနေပြီဖြစ်ပါတယ်။

အခြား အုပ်စု အက်ဖ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ အေစီမီလန်က နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီက ဂျာမနီမှာ ဒေါ့မွန်ကိုသာ အနိုင်ရခဲ့ရင် အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်နိုင်မယ့်အခွင့်အရေးရခဲ့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီနည်းပြ လူးဝစ္စ အန်နရီကေးက ကစားသမားတွေကို ပွဲကစားချိန် နှောင်းပိုင်းတွေမှာ မရှုံးနိမ့်ဖို့ပဲ အဓိကထားပြီး သရေရအောင် ခံကန်ဖို့ တောင်းဆိုခဲ့တာကြောင့် အမ်ဘာပေက မကျေမနပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးဝီစီမှုတ်ချိန်မှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ မျက်နှာသုန်သုန်မှုန်မှုန် စိတ်ပျက်လက်ပျက်အမူအရာနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ပြီး ပရိသတ်တွေအတွက် လက်ခုပ်တီးပေးခဲ့ပေမယ့်လည်း မပျော်မရွှင်ဖြစ်နေတာ သိသာထင်ရှားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး လူးဝစ္စ အန်နရီကေးက “ကစားသမားတွေအတွက် စိတ်ပျက်တာက သာမန်ပါပဲ။ ကျွန်တော်တို့မှာ ဂိုးသွင်းဖို့အတွက် အရမ်းရှင်းလင်းပြတ်သားတဲ့အခွင့်အရေး ၅ ကြိမ်ရခဲ့တယ်။ ကျွန်တော်တို့ ၈၅ မိနစ်မှာ ဂိုးပေးရနိုင်ခြေရှိတဲ့အချိန် ဆက်ပြီး အရဲစွန့်ရင် နည်းနည်း ရူးမိုက်ရာကျလိမ့်မှာဖြစ်ပြီး ပြိုင်ပွဲကနေ ထွက်ရနိုင်ပါတယ်။ ကစားသမားတစ်ယောက်က ဂိုးတွေ ပိုပြီးသွင်းယူချင်ပေမယ့်လည်း ကျွန်တော်က ဟုတ်တယ်။ ငါတို့တွေ အနိုင်ရလိမ့်မယ်။ ဒါပေမယ့် မလိုအပ်ဘဲ အရဲစွန့်တာတွေ မလုပ်ဘဲနဲ့ပေါ့လို့ ဝင်ပြောတဲ့အချိန်မှာ စိတ်ပျက်မှာပါ။ ပွဲအပြီးမှာ စိတ်ခံစားချက်တွေက ထွက်ပေါ်လာမှာဖြစ်ပြီး အရမ်းကောင်းတဲ့ ဝင်ခွင့်ရခဲ့တာဖြစ်လို့ အသိအမှတ်ပြု ချီးကျူးရမယ့်အချိန်ပါ။ ဒီအုပ်စုက ပြိုင်ပွဲမှာ အခက်ခဲဆုံးအုပ်စုဖြစ်ခဲ့ပါတယ်။ အများစုက ကျွန်တော်တို့ကို သေသွားတာ မြင်ချင်ခဲ့ကြပေမယ့် ကျွန်တော်တို့ ရှင်သန်နိုင်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ ဗုဒၶဟူးေန႔ညေနက ေဒါ့မြန္နဲ႔ ၁-၁ သေရက်ခဲ့ၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ စိတ္ပ်က္လက္ပ်က္ အမူအရာနဲ႔ ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီဟာ ေဒါ့မြန္နဲ႔ သေရက်ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို အုပ္စု ဒုတိယေနရာနဲ႔သာ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ လီဂူးဝမ္းကလပ္ဟာ တနလၤာေန႔ ၁၆ သင္းရႈံးထြက္အဆင့္ မဲခြဲပြဲမွာ သီးသန႔္မဖယ္ထားတဲ့အသင္းေတြနဲ႔ တစ္အိုးတည္းမွာ ထားရွိခံရေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ပီအက္စ္ဂ်ီဟာ ဘိုင္ယန္ျမဴးနစ္၊ အာဆင္နယ္၊ ရီးရဲလ္မက္ဒရစ္၊ ရီးရဲလ္ဆိုစီဒက္၊ မန္ခ်က္စတာစီးတီး၊ အက္သလက္တီကို မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာတို႔ထဲက အသင္းေတြနဲ႔ ရႈံးထြက္အဆင့္မွာ ဆုံေတြ႕ႏိုင္ေျခရွိေနၿပီျဖစ္ပါတယ္။

အျခား အုပ္စု အက္ဖ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေအစီမီလန္က နယူးကာဆယ္ကို စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ပီအက္စ္ဂ်ီက ဂ်ာမနီမွာ ေဒါ့မြန္ကိုသာ အႏိုင္ရခဲ့ရင္ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္တက္ႏိုင္မယ့္အခြင့္အေရးရခဲ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီနည္းျပ လူးဝစၥ အန္နရီေကးက ကစားသမားေတြကို ပြဲကစားခ်ိန္ ေႏွာင္းပိုင္းေတြမွာ မရႈံးနိမ့္ဖို႔ပဲ အဓိကထားၿပီး သေရရေအာင္ ခံကန္ဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ အမ္ဘာေပက မေက်မနပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ပြဲအၿပီးဝီစီမႈတ္ခ်ိန္မွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ မ်က္ႏွာသုန္သုန္မႈန္မႈန္ စိတ္ပ်က္လက္ပ်က္အမူအရာနဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့ၿပီး ပရိသတ္ေတြအတြက္ လက္ခုပ္တီးေပးခဲ့ေပမယ့္လည္း မေပ်ာ္မ႐ႊင္ျဖစ္ေနတာ သိသာထင္ရွားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ တုံ႔ျပန္မႈနဲ႔ပတ္သက္ၿပီး လူးဝစၥ အန္နရီေကးက “ကစားသမားေတြအတြက္ စိတ္ပ်က္တာက သာမန္ပါပဲ။ ကြၽန္ေတာ္တို႔မွာ ဂိုးသြင္းဖို႔အတြက္ အရမ္းရွင္းလင္းျပတ္သားတဲ့အခြင့္အေရး ၅ ႀကိမ္ရခဲ့တယ္။ ကြၽန္ေတာ္တို႔ ၈၅ မိနစ္မွာ ဂိုးေပးရႏိုင္ေျခရွိတဲ့အခ်ိန္ ဆက္ၿပီး အရဲစြန႔္ရင္ နည္းနည္း ႐ူးမိုက္ရာက်လိမ့္မွာျဖစ္ၿပီး ၿပိဳင္ပြဲကေန ထြက္ရႏိုင္ပါတယ္။ ကစားသမားတစ္ေယာက္က ဂိုးေတြ ပိုၿပီးသြင္းယူခ်င္ေပမယ့္လည္း ကြၽန္ေတာ္က ဟုတ္တယ္။ ငါတို႔ေတြ အႏိုင္ရလိမ့္မယ္။ ဒါေပမယ့္ မလိုအပ္ဘဲ အရဲစြန႔္တာေတြ မလုပ္ဘဲနဲ႔ေပါ့လို႔ ဝင္ေျပာတဲ့အခ်ိန္မွာ စိတ္ပ်က္မွာပါ။ ပြဲအၿပီးမွာ စိတ္ခံစားခ်က္ေတြက ထြက္ေပၚလာမွာျဖစ္ၿပီး အရမ္းေကာင္းတဲ့ ဝင္ခြင့္ရခဲ့တာျဖစ္လို႔ အသိအမွတ္ျပဳ ခ်ီးက်ဴးရမယ့္အခ်ိန္ပါ။ ဒီအုပ္စုက ၿပိဳင္ပြဲမွာ အခက္ခဲဆုံးအုပ္စုျဖစ္ခဲ့ပါတယ္။ အမ်ားစုက ကြၽန္ေတာ္တို႔ကို ေသသြားတာ ျမင္ခ်င္ခဲ့ၾကေပမယ့္ ကြၽန္ေတာ္တို႔ ရွင္သန္ႏိုင္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.