Premier League

ကမ္ဘာ့မြှားပစ်ချန်ပီယံရှစ်ဗိုလ်လုပွဲမှာ အများနဲ့တစ်ယောက်ဆိုပေမယ့် အညံ့မခံခဲ့တဲ့ မက်ဒီဆင်

ကမ္ဘာ့မြှားပစ်ချန်ပီယံရှစ်ဗိုလ်လုပွဲအတွင်း တော့တင်ဟမ်ဟော့စပါးကို လှောင်ပြောင်တဲ့ ကြွေးကြော်သံတွေ ထွက်ပေါ်လာချိန်မှာ ဘောလုံးပရိသတ်တွေကတော့ ရယ်စရာလို့ သဘောထားခဲ့ပေမယ့် ဂျိမ်းစ် မက်ဒီဆင်ကတော့ မတုံ့ပြန်ဘဲ မနေနိုင်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်တွေ ဘယ်နေရာပဲသွားသွား စုတ်ပြတ်သပ်သွားတာပဲဆိုတဲ့ သီဆိုသံတွေဟာ အလက်ဇန်းဒရား ပဲလေ့စ်ကွင်းထဲမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့မြှားပစ်ချန်ပီယံရှစ် ဗိုလ်လုပွဲအတွင်း ဘောလုံးလောကပြိုင်ဆိုင်မှုတွေပါ ကူးစက်လာခဲ့တာဖြစ်ပါတယ်။

လုခ် လစ်တလာရဲ့ ကမ္ဘာ့အငယ်ဆုံးသော မြှားပစ်ချန်ပီယံဖြစ်လာချင်တဲ့ အိပ်မက်ဟာ လုခ် ဟမ်ဖရီးစ်ရဲ့ ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ၇-၄ နဲ့ ရင်သပ်ရှုမောဖွယ် ပြန်လာနိုင်မှုကြောင့် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ မြှားပစ်ပြိုင်ပွဲမှာ စွဲမက်ဖွယ်ကောင်းတဲ့ အလှည့်အပြောင်းတွေရှိနေခဲ့ပေမယ့်လည်း ပွဲလာကြည့်သူတွေဟာ တော့တင်ဟမ်ဟော့စပါးကို ဆန့်ကျင်တဲ့ သီဆိုသံတွေနဲ့ ပွဲကျစေခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်ဟာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်ကို ရည်ညွှန်းတဲ့ မြောက်လန်ဒန်က အဖြူရောင်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြပြီး ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

“တော့တင်ဟမ်တွေ ဘယ်သွားသွား စုတ်ပြတ်သပ်သွားတာပဲဆိုတဲ့ သီချင်းကို အားလုံးက နေရာတိုင်းကနေ သီဆိုခဲ့တာက ငါ့ကို အမြဲတမ်း ရယ်မောမိအောင်လုပ်နိုင်တာ အမှန်ပဲ”လို့ X လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “လူအုပ်ကြီးက တော့တင်ဟမ် စုတ်ပြတ်သပ်သွားတယ်ဆိုတဲ့ ကြွေးကြော်သံတွေ စတဲ့အချိန်မှာ ဂျိမ်းစ် မက်ဒီဆင်ကို ကင်မရာက ရိုက်ပြပါစေလို့ ဆုတောင်းမိခဲ့တယ်”လို့ နောက်ထပ် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကမာၻ႔ျမႇားပစ္ခ်န္ပီယံရွစ္ဗိုလ္လုပြဲအတြင္း ေတာ့တင္ဟမ္ေဟာ့စပါးကို ေလွာင္ေျပာင္တဲ့ ေႂကြးေၾကာ္သံေတြ ထြက္ေပၚလာခ်ိန္မွာ ေဘာလုံးပရိသတ္ေတြကေတာ့ ရယ္စရာလို႔ သေဘာထားခဲ့ေပမယ့္ ဂ်ိမ္းစ္ မက္ဒီဆင္ကေတာ့ မတုံ႔ျပန္ဘဲ မေနႏိုင္ခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေတြ ဘယ္ေနရာပဲသြားသြား စုတ္ျပတ္သပ္သြားတာပဲဆိုတဲ့ သီဆိုသံေတြဟာ အလက္ဇန္းဒရား ပဲေလ့စ္ကြင္းထဲမွာ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ကမာၻ႔ျမႇားပစ္ခ်န္ပီယံရွစ္ ဗိုလ္လုပြဲအတြင္း ေဘာလုံးေလာကၿပိဳင္ဆိုင္မႈေတြပါ ကူးစက္လာခဲ့တာျဖစ္ပါတယ္။

လုခ္ လစ္တလာရဲ႕ ကမာၻ႔အငယ္ဆုံးေသာ ျမႇားပစ္ခ်န္ပီယံျဖစ္လာခ်င္တဲ့ အိပ္မက္ဟာ လုခ္ ဟမ္ဖရီးစ္ရဲ႕ ၅ ပြဲဆက္တိုက္ အႏိုင္ရခဲ့ၿပီးေနာက္ ၇-၄ နဲ႔ ရင္သပ္ရႈေမာဖြယ္ ျပန္လာႏိုင္မႈေၾကာင့္ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။ ျမႇားပစ္ၿပိဳင္ပြဲမွာ စြဲမက္ဖြယ္ေကာင္းတဲ့ အလွည့္အေျပာင္းေတြရွိေနခဲ့ေပမယ့္လည္း ပြဲလာၾကည့္သူေတြဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ဆန႔္က်င္တဲ့ သီဆိုသံေတြနဲ႔ ပြဲက်ေစခဲ့တာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္ကို ရည္ၫႊန္းတဲ့ ေျမာက္လန္ဒန္က အျဖဴေရာင္လို႔ ေရးသားထားတဲ့ ဆိုင္းဘုတ္ကို ကိုင္ေဆာင္ျပၿပီး ျပန္လည္ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

“ေတာ့တင္ဟမ္ေတြ ဘယ္သြားသြား စုတ္ျပတ္သပ္သြားတာပဲဆိုတဲ့ သီခ်င္းကို အားလုံးက ေနရာတိုင္းကေန သီဆိုခဲ့တာက ငါ့ကို အၿမဲတမ္း ရယ္ေမာမိေအာင္လုပ္ႏိုင္တာ အမွန္ပဲ”လို႔ X လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “လူအုပ္ႀကီးက ေတာ့တင္ဟမ္ စုတ္ျပတ္သပ္သြားတယ္ဆိုတဲ့ ေႂကြးေၾကာ္သံေတြ စတဲ့အခ်ိန္မွာ ဂ်ိမ္းစ္ မက္ဒီဆင္ကို ကင္မရာက ႐ိုက္ျပပါေစလို႔ ဆုေတာင္းမိခဲ့တယ္”လို႔ ေနာက္ထပ္ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.