Premier League

အိုးထရက်ဖို့ဒ်မှာ အကူအကယ်မဲ့ပြီး တန်ဖိုးမရှိသလို ခံစားခဲ့ရတယ်ဆိုတဲ့ သရဲနီဟောင်း

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း အဲရစ် ဘိုင်လီက အိုးထရက်ဖို့ဒ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ကာလအတွင်း အကူအကယ်မဲ့ပြီး တန်ဖိုးမရှိသလို ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်လီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘက်ရှစ်တက်ရှ်ကို ပြောင်းရွှေ့ပြီး အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၇ နှစ်တာကာလကို အဆုံးသတ်ခဲ့ပေမယ့်လည်း တူရကီထိပ်သီးအသင်းကြီးရဲ့ စာချုပ် ဖျက်သိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘိုင်လီဟာ နာမည်တစ်လုံး စတင်ရရှိစေခဲ့တဲ့ ဗီလာရီးရဲလ်ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေခဲ့တဲ့ မော်ရင်ဟိုက အိုးထရက်ဖို့ဒ် ပြောင်းရွှေ့ချင်လာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်ဖုန်းကို ပေါ်တူဂီနံပါတ်နဲ့ ဆက်လာတယ်။ အခု ပြောနေတာ မော်ရင်ဟိုပါတဲ့။ တစ်ဖက်က ပြောခဲ့တယ်။ ခင်ဗျား ကျွန်တော့်အတွက် မန်ချက်စတာယူနိုက်တက်မှာ ကစားပေးချင်လားတဲ့။ ကျွန်တော် ထင်ယောင်ထင်မှားဖြစ်ခဲ့သလိုမျိုး ခံစားခဲ့ရတယ်။ ဒီကောင်က ကျွန်တော့်ကို သက်သက်မဲ့ အနှောင့်အယှက်ပေးဖို့ ကြိုးပမ်းနေတာလို့ တွေးမိခဲ့တယ်။ လာစားတာမျိုးပေါ့။ ဘယ်သူကရော မော်ရင်ဟိုက သူတို့ကို ဖုန်းခေါ်တယ်လို့ ယုံကြည်ကြမှာလဲ။ ကျွန်တော်က မော်ရင်ဟိုဆိုတာ ယုံအောင် ဗီဒီယိုကောခေါ်ပြီး သက်သေပြဖို့ လိုတယ်လို့ ပြောခဲ့တယ်။ သူကလည်း ဗီဒီယိုနဲ့ ခေါ်ခဲ့တယ်။ တကယ် မော်ရင်ဟိုဖြစ်နေပြီး သူက ကျွန်တော့်ကို မန်ချက်စတာယူနိုက်တက်ကို လာစေချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော် သွားခဲ့တယ်။ ကျွန်တော် ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့တယ်။”

ပေါင်သန်း ၃၀ တန်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့ အလွန်ကောင်းမွန်တဲ့ ပထမဆုံးရာသီကို ပိုင်ဆိုင်ခဲ့ပြီး လက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းအောင်ပွဲမှာ ပွဲဦးထွက်ကစားပေးခဲ့ရာမှာ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီးနောက် လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ အဲရစ် ဘိုင်လီဟာ မန်ချက်စတာယူနိုက်တက်က ကစားသမားဘဝ ကျန်တဲ့အချိန်အားလုံးကို ဒဏ်ရာပြဿနာ ၁၅ ကြိမ်အထိ ခံစားခဲ့ရပြီး ၅ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၃၃ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ကူကယ်ရာမဲ့နေသလို ခံစားရမှာပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျား ဒဏ်ရာရနေချိန်မှာ ဘာကိုမှ ပြောင်းလဲလို့ မရနိုင်လို့ပါ။ ခင်ဗျားက တန်ဖိုးမရှိသလို ခံစားနေချင်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအတိုင်းပဲ ခင်ဗျား ခံစားနေရမှာပဲ။ ခင်ဗျား လေ့ကျင့်ရေးပြန်ဆင်းချင်ပေမယ့်လည်း အကြီးမားဆုံးကလပ်အသင်းတွေမှာ ကြီးမားတဲ့ ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားေဟာင္း အဲရစ္ ဘိုင္လီက အိုးထရက္ဖို႔ဒ္မွာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့ကာလအတြင္း အကူအကယ္မဲ့ၿပီး တန္ဖိုးမရွိသလို ခံစားခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘိုင္လီဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဘက္ရွစ္တက္ရွ္ကို ေျပာင္းေ႐ႊ႕ၿပီး အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ၇ ႏွစ္တာကာလကို အဆုံးသတ္ခဲ့ေပမယ့္လည္း တူရကီထိပ္သီးအသင္းႀကီးရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဘိုင္လီဟာ နာမည္တစ္လုံး စတင္ရရွိေစခဲ့တဲ့ ဗီလာရီးရဲလ္ကို ျပန္လည္ေရာက္ရွိေနတာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္တုန္းက မန္ခ်က္စတာယူႏိုက္တက္နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနခဲ့တဲ့ ေမာ္ရင္ဟိုက အိုးထရက္ဖို႔ဒ္ ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ ဘယ္လိုစည္း႐ုံးခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္ဖုန္းကို ေပၚတူဂီနံပါတ္နဲ႔ ဆက္လာတယ္။ အခု ေျပာေနတာ ေမာ္ရင္ဟိုပါတဲ့။ တစ္ဖက္က ေျပာခဲ့တယ္။ ခင္ဗ်ား ကြၽန္ေတာ့္အတြက္ မန္ခ်က္စတာယူႏိုက္တက္မွာ ကစားေပးခ်င္လားတဲ့။ ကြၽန္ေတာ္ ထင္ေယာင္ထင္မွားျဖစ္ခဲ့သလိုမ်ိဳး ခံစားခဲ့ရတယ္။ ဒီေကာင္က ကြၽန္ေတာ့္ကို သက္သက္မဲ့ အေႏွာင့္အယွက္ေပးဖို႔ ႀကိဳးပမ္းေနတာလို႔ ေတြးမိခဲ့တယ္။ လာစားတာမ်ိဳးေပါ့။ ဘယ္သူကေရာ ေမာ္ရင္ဟိုက သူတို႔ကို ဖုန္းေခၚတယ္လို႔ ယုံၾကည္ၾကမွာလဲ။ ကြၽန္ေတာ္က ေမာ္ရင္ဟိုဆိုတာ ယုံေအာင္ ဗီဒီယိုေကာေခၚၿပီး သက္ေသျပဖို႔ လိုတယ္လို႔ ေျပာခဲ့တယ္။ သူကလည္း ဗီဒီယိုနဲ႔ ေခၚခဲ့တယ္။ တကယ္ ေမာ္ရင္ဟိုျဖစ္ေနၿပီး သူက ကြၽန္ေတာ့္ကို မန္ခ်က္စတာယူႏိုက္တက္ကို လာေစခ်င္တယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္ သြားခဲ့တယ္။ ကြၽန္ေတာ္ ကမာၻေပၚက အႀကီးမားဆုံးကလပ္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္။”

ေပါင္သန္း ၃၀ တန္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အလြန္ေကာင္းမြန္တဲ့ ပထမဆုံးရာသီကို ပိုင္ဆိုင္ခဲ့ၿပီး လက္စတာစီးတီးကို အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းေအာင္ပြဲမွာ ပြဲဦးထြက္ကစားေပးခဲ့ရာမွာ ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုရရွိခဲ့ၿပီးေနာက္ လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြလည္း ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

စိတ္မေကာင္းစရာကေတာ့ အဲရစ္ ဘိုင္လီဟာ မန္ခ်က္စတာယူႏိုက္တက္က ကစားသမားဘဝ က်န္တဲ့အခ်ိန္အားလုံးကို ဒဏ္ရာျပႆနာ ၁၅ ႀကိမ္အထိ ခံစားခဲ့ရၿပီး ၅ ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္ ၃၃ ပြဲသာ ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ကူကယ္ရာမဲ့ေနသလို ခံစားရမွာပဲ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ဒဏ္ရာရေနခ်ိန္မွာ ဘာကိုမွ ေျပာင္းလဲလို႔ မရႏိုင္လို႔ပါ။ ခင္ဗ်ားက တန္ဖိုးမရွိသလို ခံစားေနခ်င္မွာမဟုတ္ဘူး။ ဒါေပမယ့္ အဲဒီအတိုင္းပဲ ခင္ဗ်ား ခံစားေနရမွာပဲ။ ခင္ဗ်ား ေလ့က်င့္ေရးျပန္ဆင္းခ်င္ေပမယ့္လည္း အႀကီးမားဆုံးကလပ္အသင္းေတြမွာ ႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈေတြ ရွိေနပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.