Premier League

ချဲလ်ဆီးကို ယောက်ဖကြက်ဥတိုက်ခဲ့တဲ့ နည်းပြကို ပြောပြလိုက်တဲ့ ဆပ်တန်

ပပ် ဂွါဒီယိုလာအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အလွန်ကောင်းမွန်တဲ့ရာသီစတင်မှုကို ပြုလုပ်နိုင်ခဲ့တဲ့ ကိုး ပါလ်မာကို ရောင်းချခဲ့ပြီးနောက် ယောက်ဖကြက်ဥတိုက်သလို ဖြစ်ခဲ့လိမ့်မယ်လို့ ခရစ္စ ဆပ်တန်က ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနည်းပြဟာ အင်္ဂလန်လူငယ်ကြယ်ပွင့်ကို ရောင်းထုတ်ခဲ့တာဟာ ရှားရှားပါးပါး အမှားလုပ်မိခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး ပါလ်မာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အင်္ဂလန်ယူ-၂၁ ကို ယူရိုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် မန်စီးတီး ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခွင့်ရတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ပါလ်မာဟာ ဩဂုတ်လက ကွန်မြူနတီဒိုင်းနဲ့ ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲ ၂ ခုစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပေါင်သန်း ၄၀ နဲ့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ကိုး ပါလ်မာဟာ ယခုရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ဆိုတာ မေးခွန်းထုတ်စရာမရှိဘဲ အသင်းသစ်အတွက် လက်ရှိအချိန်အထိ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးထားပေမယ့်လည်း ဇယားအလယ်ရောက်နေတဲ့ ပိုချက်တီနိုအသင်းကို ကယ်တင်နိုင်ဖို့ မလုံလောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုး အလားအလာများစွာရှိတဲ့ ငယ်မွေးခြံပေါက်ကစားသမားကို ရောင်းထုတ်တာဟာ အမြဲတမ်း ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေမှာဖြစ်ပြီး ဆပ်တန်က ဂွါဒီယိုလာအနေနဲ့ နောင်တရနေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျားသာ စိးတီးဖန်ဆိုရင် ပပ်က သူ့မှာရှိနေတဲ့ အရည်အချင်းရှိကစားသမားတွေကို ထွက်ခွင့်ပေးခဲ့တာကို တုံးအလိုက်တာလို့ ခင်ဗျား တွေးမိမှာပါ။ ပပ်က ရှားရှားပါးပါး ယောက်ဖကြက်ဥတိုက်မိခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ သူ့ဆုံးဖြတ်ချက်က မှားခဲ့တဲ့ပုံပေါ်ပါတယ်။ သူ တကယ်မှားခဲ့တာပါ။ ပါလ်မာက ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းအတွက် ထူးခြားကောင်းမွန်နေခဲ့ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျေမီ ကာရေဂါကလည်း အသက် ၂၁ နှစ်အရွယ်ကစားသမားအတွက် ချီးကျူးမှုတွေ ပြုလုပ်ခဲ့သလို ၎င်းရဲ့ လက်ရှိအချိန်အထိ တစ်ရာသီတာအကောင်းဆုံးအသင်းထဲမှာ ထည့်သွင်းခဲ့ပေမယ့်လည်း ဆပ်တန်လိုတော့ စီးတီးက ရောင်းထုတ်တာက မှားယွင်းခဲ့တာမဟုတ်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ခင်ဗျား အသင်းက ကောင်းကောင်း မစွမ်းဆောင်နိုင်လို့ ကစားသမားတစ်ယောက်ကိုပဲ ရွေးပြောလို့မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကိုး ပါလ်မာရဲ့ စွမ်းဆောင်ရည်က မြင့်တက်လာပါတယ်။ သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်က ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားထက် ပိုသာနေပါတယ်။ အဲဒါက သိပ်မခက်ခဲပါဘူး။ မန်စီးတီးက အမှားလုပ်ခဲ့တာလို့ ကျွန်တော် ပြောမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ ဖီးလ် ဖိုဒန် ဒါမှမဟုတ် တခြားကစားသမားတွေထက် နေရာပိုရနိုင်မှာမို့လို့လား။ ဒါပေမယ့် သူက တစ်ရာသီတာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူက ဒီရာသီပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာအေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အလြန္ေကာင္းမြန္တဲ့ရာသီစတင္မႈကို ျပဳလုပ္ႏိုင္ခဲ့တဲ့ ကိုး ပါလ္မာကို ေရာင္းခ်ခဲ့ၿပီးေနာက္ ေယာက္ဖၾကက္ဥတိုက္သလို ျဖစ္ခဲ့လိမ့္မယ္လို႔ ခရစၥ ဆပ္တန္က ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပဟာ အဂၤလန္လူငယ္ၾကယ္ပြင့္ကို ေရာင္းထုတ္ခဲ့တာဟာ ရွားရွားပါးပါး အမွားလုပ္မိခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ပါလ္မာဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အဂၤလန္ယူ-၂၁ ကို ယူ႐ိုဖလားရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ မန္စီးတီး ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ခြင့္ရေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ပါလ္မာဟာ ဩဂုတ္လက ကြန္ျမဴနတီဒိုင္းနဲ႔ ယူအီးအက္ဖ္ေအစူပါဖလားၿပိဳင္ပြဲ ၂ ခုစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေပါင္သန္း ၄၀ နဲ႔ အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ကိုး ပါလ္မာဟာ ယခုရာသီ ခ်ဲလ္ဆီးရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္ဆိုတာ ေမးခြန္းထုတ္စရာမရွိဘဲ အသင္းသစ္အတြက္ လက္ရွိအခ်ိန္အထိ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ေပးထားေပမယ့္လည္း ဇယားအလယ္ေရာက္ေနတဲ့ ပိုခ်က္တီႏိုအသင္းကို ကယ္တင္ႏိုင္ဖို႔ မလုံေလာက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီလိုမ်ိဳး အလားအလာမ်ားစြာရွိတဲ့ ငယ္ေမြးၿခံေပါက္ကစားသမားကို ေရာင္းထုတ္တာဟာ အၿမဲတမ္း ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ေနမွာျဖစ္ၿပီး ဆပ္တန္က ဂြါဒီယိုလာအေနနဲ႔ ေနာင္တရေနလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ားသာ စိးတီးဖန္ဆိုရင္ ပပ္က သူ႔မွာရွိေနတဲ့ အရည္အခ်င္းရွိကစားသမားေတြကို ထြက္ခြင့္ေပးခဲ့တာကို တုံးအလိုက္တာလို႔ ခင္ဗ်ား ေတြးမိမွာပါ။ ပပ္က ရွားရွားပါးပါး ေယာက္ဖၾကက္ဥတိုက္မိခဲ့တာပါ။ ဒီတစ္ႀကိမ္မွာေတာ့ သူ႔ဆုံးျဖတ္ခ်က္က မွားခဲ့တဲ့ပုံေပၚပါတယ္။ သူ တကယ္မွားခဲ့တာပါ။ ပါလ္မာက ႐ုန္းကန္ေနရတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ထူးျခားေကာင္းမြန္ေနခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဂ်မီ ကာေရဂါကလည္း အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားအတြက္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့သလို ၎ရဲ႕ လက္ရွိအခ်ိန္အထိ တစ္ရာသီတာအေကာင္းဆုံးအသင္းထဲမွာ ထည့္သြင္းခဲ့ေပမယ့္လည္း ဆပ္တန္လိုေတာ့ စီးတီးက ေရာင္းထုတ္တာက မွားယြင္းခဲ့တာမဟုတ္ဘူးလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ား အသင္းက ေကာင္းေကာင္း မစြမ္းေဆာင္ႏိုင္လို႔ ကစားသမားတစ္ေယာက္ကိုပဲ ေ႐ြးေျပာလို႔မရႏိုင္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ကိုး ပါလ္မာရဲ႕ စြမ္းေဆာင္ရည္က ျမင့္တက္လာပါတယ္။ သူ႔ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္က ခ်ဲလ္ဆီးရဲ႕ အေကာင္းဆုံးကစားသမားထက္ ပိုသာေနပါတယ္။ အဲဒါက သိပ္မခက္ခဲပါဘူး။ မန္စီးတီးက အမွားလုပ္ခဲ့တာလို႔ ကြၽန္ေတာ္ ေျပာမွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ သူ ဖီးလ္ ဖိုဒန္ ဒါမွမဟုတ္ တျခားကစားသမားေတြထက္ ေနရာပိုရႏိုင္မွာမို႔လို႔လား။ ဒါေပမယ့္ သူက တစ္ရာသီတာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ။ သူက ဒီရာသီပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.