La Liga

အနီကတ်ထိစေခဲ့တဲ့ ဂရင်းဝုဒ် ပြောခဲ့တဲ့စကားကို ပြောပြခဲ့တဲ့ ဂီတာဖေးနည်းပြ

ဂီတာဖေး နည်းပြ ဂျိုဆေး ဘော်ဒါလက်စ်က မေဆန် ဂရင်းဝုဒ် အနီကတ်ထိခဲ့စေတဲ့အထိ ဒိုင်လူကြီး ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ညက ဂီတာဖေးဟာ ဗယ်လက်ကာနိုကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အိမ်ရှင်တွေဟာ လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံး ၆ နေရာထဲကို ဝင်ရောက်နိုင်ဖို့ နောက်ထပ်ခြေလှမ်းလှမ်းနိုင်ခဲ့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာဂျီယို ကာမယ်လိုရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဧည့်သည်တွေက ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ပွဲစဥ်အတွင်း ဂီတာဖေးဟာ လာတာဆာနဲ့ မေဆန် ဂရင်းဝုဒ်တို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရမှုကြောင့် ၂ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ဟွမ်မီ လာတာဟာ ပထမပိုင်းအတွင်းမှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဒုတိယပိုင်းပြန်လည်စတင်ပြီး ၅ မိနစ်အကြာမှာပဲ မေဆန် ဂရင်းဝုဒ်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မေဆန် ဂရင်းဝုဒ်ဟာ ဒိုင်လူကြီး ဂျော့ဂျ် ဖီဂယ်ရိုအာကို တစ်စုံတစ်ခု ပြောဆိုခဲ့ပုံပေါ်ပြီး အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂီတာဖေး နည်းပြ ဘော်ဒါလက်စ်က ဒိုင်လူကြီးကို အင်္ဂလန်တိုက်စစ်မှူးက ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပြီး “ကစားသမား ကျွန်တော့်ကို ပြောခဲ့တာကတော့ သူက ငါ့ကို သောက်ဇယားလာမရှုပ်နဲ့လို့ ပြောခဲ့တာတဲ့။ အဲဒီတစ်ခွန်းပဲ။ အဲဒါက စိတ်ပျက်ဒေါသထွက်လို့ ပြောခဲ့တာဖြစ်ပေမယ့် သူ ဘယ်သူ့ကိုမှ စော်ကားခဲ့တာမျိုးမဟုတ်ပါဘူး။ အဲဒါက မှတ်ချက်ပေးတာပါ။ ငါ့ကို သောက်ဇယားလာမရှုပ်နဲ့။ ခင်ဗျား ဘာကြောင့် ဝီစီမမှုတ်ခဲ့တာလဲဆိုပြီး ပြောရုံပါ။”လို့ ပြောကြားခဲ့ပါတယ်။

မေဆန် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်က အသင်းနဲ့ အဝေးမှာ ကစားသမားဘဝ ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဂီတာဖေးကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အင်္ဂါနေ့ညပွဲမတိုင်ခင်အထိ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ စပိန်မှာ ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂီတာေဖး နည္းျပ ဂ်ိဳေဆး ေဘာ္ဒါလက္စ္က ေမဆန္ ဂရင္းဝုဒ္ အနီကတ္ထိခဲ့ေစတဲ့အထိ ဒိုင္လူႀကီး ဘာေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဂၤါေန႔ညက ဂီတာေဖးဟာ ဗယ္လက္ကာႏိုကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြဟာ လာလီဂါအမွတ္ေပးဇယား ထိပ္ဆုံး ၆ ေနရာထဲကို ဝင္ေရာက္ႏိုင္ဖို႔ ေနာက္ထပ္ေျခလွမ္းလွမ္းႏိုင္ခဲ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာဂ်ီယို ကာမယ္လိုရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ ဧည့္သည္ေတြက ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ပြဲစဥ္အတြင္း ဂီတာေဖးဟာ လာတာဆာနဲ႔ ေမဆန္ ဂရင္းဝုဒ္တို႔ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရမႈေၾကာင့္ ၂ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။

ဟြမ္မီ လာတာဟာ ပထမပိုင္းအတြင္းမွာ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၅ မိနစ္အၾကာမွာပဲ ေမဆန္ ဂရင္းဝုဒ္က တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ေမဆန္ ဂရင္းဝုဒ္ဟာ ဒိုင္လူႀကီး ေဂ်ာ့ဂ်္ ဖီဂယ္႐ိုအာကို တစ္စုံတစ္ခု ေျပာဆိုခဲ့ပုံေပၚၿပီး အဲဒီလို ေျပာဆိုခဲ့ၿပီးေနာက္မွာ အနီကတ္ျပ ထုတ္ပယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဂီတာေဖး နည္းျပ ေဘာ္ဒါလက္စ္က ဒိုင္လူႀကီးကို အဂၤလန္တိုက္စစ္မႉးက ဘာေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး “ကစားသမား ကြၽန္ေတာ့္ကို ေျပာခဲ့တာကေတာ့ သူက ငါ့ကို ေသာက္ဇယားလာမရႈပ္နဲ႔လို႔ ေျပာခဲ့တာတဲ့။ အဲဒီတစ္ခြန္းပဲ။ အဲဒါက စိတ္ပ်က္ေဒါသထြက္လို႔ ေျပာခဲ့တာျဖစ္ေပမယ့္ သူ ဘယ္သူ႔ကိုမွ ေစာ္ကားခဲ့တာမ်ိဳးမဟုတ္ပါဘူး။ အဲဒါက မွတ္ခ်က္ေပးတာပါ။ ငါ့ကို ေသာက္ဇယားလာမရႈပ္နဲ႔။ ခင္ဗ်ား ဘာေၾကာင့္ ဝီစီမမႈတ္ခဲ့တာလဲဆိုၿပီး ေျပာ႐ုံပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေမဆန္ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္က အသင္းနဲ႔ အေဝးမွာ ကစားသမားဘဝ ျပန္လည္တည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဂီတာေဖးကို တစ္ရာသီ အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အဂၤါေန႔ညပြဲမတိုင္ခင္အထိ အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ စပိန္မွာ ေကာင္းမြန္တဲ့အခ်ိန္ေတြကို ပိုင္ဆိုင္ေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.