Premier League

အမ်ဘာပေနဲ့ လေယာဉ်ပေါ်မှာ ဆွေးနွေးခဲ့တဲ့ ယာဂန် ကလော့ပ်

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းသစ်တွေ ဆက်လက်ထွက်ပေါ်လာနေပြီး ပြင်သစ်က သတင်းတွေအရ ပြင်သစ်တိုက်စစ်မှူးကို လီဗာပူးလ်က ရီးရဲလ်မက်ဒရစ်ကို ကျော်လွန်ပြီး ခေါ်ယူနိုင်ဖို့ ဦးဆောင်နေတယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ လာမယ့် နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်နဲ့ မပြောင်းရွှေ့ခင် ယခုလမှာ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုဖို့အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့်ရရှိနေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယေဘုယျအားဖြင့် အမ်ဘာပေ ပြောင်းရွှေ့နိုင်ခြေအရှိဆုံးအသင်းအဖြစ် ရှုမြင်ခြင်းခံခဲ့ရပေယ့်လည်း အရင်တုန်းကတည်းက အကြိမ်ပေါင်းများစွာ အငြင်းခံခဲ့ရတာကြောင့် ဒီနှစ်မှာလည်း ထပ်အငြင်းမခံရဘူးလို့ မပြောနိုင်တာဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ Le Parisien ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ပီအကစ်ဂျီကြယ်ပွင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ထက် ခေါင်းတစ်လုံးသာနေတယ်လို့ သိရပြီး ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ခေါ်ယူနိုင်ဖွယ်အရှိဆုံးလို့ ယူဆခြင်းခံနေရတာဖြစ်ပါတယ်။

အဲဒီသတင်းတွေကို ပိုလို့တောင် ခိုင်မာစေတာက အမ်ဘာပေရဲ့ မိခင် ဖေဇာ လာမာရီဟာ လီဗာပူးလ်အမာခံပရိသတ်ဖြစ်သလို ပြင်သစ်တိုက်စစ်မှူးနဲ့ ကလော့ပ်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားပြီးသားဖြစ်နေတယ်ဆိုတဲ့အချက်ဖြစ်ပြီး L’Equipe သတင်းထောက် တန်ဇီက လီဗာပူးလ်တို့ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဘာကြောင့်ဖြစ်နေတာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

“လီဗာပူးလ်က သူ မိုနာကိုမှာ ကစားနေတဲ့အချိန်ကတည်းက ခေါ်ချင်ခဲ့တာဖြစ်ပြီး ကလော့ပ်က သူ့ကို သွားတွေ့ခဲ့တယ်။ သူတို့တွေ လေယာဉ်ပေါ်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူတို့ကြားက ဆက်ဆံရေးကြောင့် လီဗာပူးလ်မှာ ကလော့ပ်ရှိနေလို့ သူတို့တွေမှာ အခွင့်အရေးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။ မက်ဒရစ်သာ သူ့ကို လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ကို ခေါ်တော့မှာမဟုတ်ပါဘူး။ လီဗာပူးလ်က အခွင့်အရေးရှိနေတယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး သတင္းသစ္ေတြ ဆက္လက္ထြက္ေပၚလာေနၿပီး ျပင္သစ္က သတင္းေတြအရ ျပင္သစ္တိုက္စစ္မႉးကို လီဗာပူးလ္က ရီးရဲလ္မက္ဒရစ္ကို ေက်ာ္လြန္ၿပီး ေခၚယူႏိုင္ဖို႔ ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။

အမ္ဘာေပဟာ လာမယ့္ ေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အလြတ္နဲ႔ မေျပာင္းေ႐ႊ႕ခင္ ယခုလမွာ အႀကိဳသေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔အတြက္ လြတ္လပ္စြာ ေဆြးေႏြးခြင့္ရရွိေနၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ေယဘုယ်အားျဖင့္ အမ္ဘာေပ ေျပာင္းေ႐ႊ႕ႏိုင္ေျခအရွိဆုံးအသင္းအျဖစ္ ရႈျမင္ျခင္းခံခဲ့ရေပယ့္လည္း အရင္တုန္းကတည္းက အႀကိမ္ေပါင္းမ်ားစြာ အျငင္းခံခဲ့ရတာေၾကာင့္ ဒီႏွစ္မွာလည္း ထပ္အျငင္းမခံရဘူးလို႔ မေျပာႏိုင္တာျဖစ္ပါတယ္။

ျပင္သစ္သတင္းစာ Le Parisien ရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ ပီအကစ္ဂ်ီၾကယ္ပြင့္ကို ေခၚယူမယ့္ၿပိဳင္ပြဲမွာ ရီးရဲလ္မက္ဒရစ္ထက္ ေခါင္းတစ္လုံးသာေနတယ္လို႔ သိရၿပီး ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ေခၚယူႏိုင္ဖြယ္အရွိဆုံးလို႔ ယူဆျခင္းခံေနရတာျဖစ္ပါတယ္။

အဲဒီသတင္းေတြကို ပိုလို႔ေတာင္ ခိုင္မာေစတာက အမ္ဘာေပရဲ႕ မိခင္ ေဖဇာ လာမာရီဟာ လီဗာပူးလ္အမာခံပရိသတ္ျဖစ္သလို ျပင္သစ္တိုက္စစ္မႉးနဲ႔ ကေလာ့ပ္တို႔ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိထားၿပီးသားျဖစ္ေနတယ္ဆိုတဲ့အခ်က္ျဖစ္ၿပီး L’Equipe သတင္းေထာက္ တန္ဇီက လီဗာပူးလ္တို႔ ျပင္သစ္တိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးဘာေၾကာင့္ျဖစ္ေနတာလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

“လီဗာပူးလ္က သူ မိုနာကိုမွာ ကစားေနတဲ့အခ်ိန္ကတည္းက ေခၚခ်င္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္က သူ႔ကို သြားေတြ႕ခဲ့တယ္။ သူတို႔ေတြ ေလယာဥ္ေပၚမွာ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ၾကတယ္။ သူတို႔ၾကားက ဆက္ဆံေရးေၾကာင့္ လီဗာပူးလ္မွာ ကေလာ့ပ္ရွိေနလို႔ သူတို႔ေတြမွာ အခြင့္အေရးရွိေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ မက္ဒရစ္သာ သူ႔ကို လက္ေလွ်ာ့ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ သူ႔ကို ေခၚေတာ့မွာမဟုတ္ပါဘူး။ လီဗာပူးလ္က အခြင့္အေရးရွိေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.