La Liga

မန်ယူနိုက်တက်ကြယ်ပွင့်ကို မက်ဆီရဲ့ကျောနံပါတ်ပေးမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက်အပယ်ခံဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်ကို အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ ၁၀ ကို ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်က နွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ အငှားချဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လက်ရှိမှာ လာလီဂါကလပ်ဖြစ်တဲ့ ဂီတာဖေးအတွက် ကစားပေးနေတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်မှုတို့နဲ့ ဖမ်းဆီးခံခဲ့ရပြီးကတည်းက ဘောလုံးမကစားခဲ့ရသူဖြစ်ပြီး ဂရင်းဝုဒ်အပေါ် စွဲချက်တွေဟာ ဖေဖော်ဝါရီလမှာ ပယ်ဖျက်ခဲ့ပေမယ့်လည်း အသင်းတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း မန်ယူနိုက်တက်က အင်္ဂလန်ကြယ်ပွင့်ကို အိုးထရက်ဖို့ဒ်ရဲ့အဝေးမှာ ကစားသမားဘဝ ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လက်ရှိမှာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပိုင်း ပြန်လည်တိုးတက်လာနေသူဖြစ်ပြီး ယခုရာသီ လာလီဂါ ၁၄ ပွဲမှာ သွင်းဂိုး ၄ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂရင်းဝုဒ်ရဲ့ တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး The Sun ရဲ့ ဖော်ပြချက်အရ စပိန်လာလီဂါချန်ပီယံတွေဟာ လာမယ့်နွေရာသီမှာ မန်ယူနိုက်တက်အပယ်ခံကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဓိကဆွဲဆောင်မှုအဖြစ် ဘာစီလိုနာဟာ ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခွင့် ကမ်းလှမ်းသွားချင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ဂရင်းဝုဒ်ကလည်း ယခုရာသီကုန်မှာ ဂီတာဖေးနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် အင်္ဂလန်ပြန်လိုတဲ့ ဆန္ဒမရှိဘူးလို့ နားလည်ရပြီး ဘာစီလိုနာကိုလည်း ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ မန္ခ်က္စတာယူႏိုက္တက္အပယ္ခံျဖစ္တဲ့ ေမဆန္ ဂရင္းဝုဒ္ကို အသင္းရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ျဖစ္တဲ့ ၁၀ ကို ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။

ဂရင္းဝုဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္က ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ အငွားခ်ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ လက္ရွိမွာ လာလီဂါကလပ္ျဖစ္တဲ့ ဂီတာေဖးအတြက္ ကစားေပးေနတာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ မုဒိမ္းမႈ၊ ကိုယ္ထိလက္ေရာက္မႈတို႔နဲ႔ ဖမ္းဆီးခံခဲ့ရၿပီးကတည္းက ေဘာလုံးမကစားခဲ့ရသူျဖစ္ၿပီး ဂရင္းဝုဒ္အေပၚ စြဲခ်က္ေတြဟာ ေဖေဖာ္ဝါရီလမွာ ပယ္ဖ်က္ခဲ့ေပမယ့္လည္း အသင္းတြင္း စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးေနာက္ပိုင္း မန္ယူႏိုက္တက္က အဂၤလန္ၾကယ္ပြင့္ကို အိုးထရက္ဖို႔ဒ္ရဲ႕အေဝးမွာ ကစားသမားဘဝ ျပန္လည္တည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဂရင္းဝုဒ္ဟာ လက္ရွိမွာ ဂီတာေဖးအသင္းမွာ ေျခစြမ္းပိုင္း ျပန္လည္တိုးတက္လာေနသူျဖစ္ၿပီး ယခုရာသီ လာလီဂါ ၁၄ ပြဲမွာ သြင္းဂိုး ၄ ဂိုး သြင္းယူေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။ ဘာစီလိုနာဟာ ဂရင္းဝုဒ္ရဲ႕ တိုးတက္မႈေတြကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ၿပီး The Sun ရဲ႕ ေဖာ္ျပခ်က္အရ စပိန္လာလီဂါခ်န္ပီယံေတြဟာ လာမယ့္ေႏြရာသီမွာ မန္ယူႏိုက္တက္အပယ္ခံကို ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အဓိကဆြဲေဆာင္မႈအျဖစ္ ဘာစီလိုနာဟာ ဘလြန္ေဒါ ၇ ဆုရွင္ လီယြန္နယ္ မက္ဆီ ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ခြင့္ ကမ္းလွမ္းသြားခ်င္ေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ ဂရင္းဝုဒ္ကလည္း ယခုရာသီကုန္မွာ ဂီတာေဖးနဲ႔ အငွားစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခ်ိန္က်ရင္ အဂၤလန္ျပန္လိုတဲ့ ဆႏၵမရွိဘူးလို႔ နားလည္ရၿပီး ဘာစီလိုနာကိုလည္း ေျပာင္းေ႐ႊ႕ခ်င္တဲ့ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.