MLS Messi

ရော်နယ်လ်ဒိုနှစ်ပေါင်းများစွာရခဲ့တဲ့အရာကို နောက်ဆုံးမှာရခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ တသက်တာ အကြီးကျယ်အခမ်းနားဆုံးကစားသမားတွေထဲက ၂ ဦးဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အမှန်တရား ဖြစ်ပါတယ်။

မက်ဆီဟာ ကစားသမားဘဝကို ဘာစီလိုနာမှာ အများစုကို ကုန်ဆုံးခဲ့ပြီးနောက် ပီအက်စ်ဂျီကို ၂ နှစ်ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကတော့ ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းမှာ စတင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာစေမယ့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာ ဆယ်စုနှစ် တစ်ခုကြာ မက်ဆီနဲ့ ဘာစီလိုနာတို့ကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ မန်ချက်စတာယူနိုက်တက်ကို ဒုတိယအကြိမ် ပြန်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ မက်ဆီရော ရော်နယ်လ်ဒိုပါ ကလပ်အသင်းအဆင့်မှာ လိဂ်ဖလားတွေနဲ့ ချန်ပီယံလိဂ်ဖလားတွေအပြင်၊ ဘလွန်ဒေါဆု ၁၃ ကြိမ်အထိ မျှဝေခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကစားသမား ၂ ဦးကြားမှာ နှစ်ပေါင်းများစွာ အဓိကကွာခြားချက်ဖြစ်ခဲ့တာကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီနဲ့ ၂၀၁၆ ယူရိုဖလား၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားတို့နဲ့ နိုင်ငံတကာအဆင့်မှာ အောင်မြင်မှု အရင်ဆုံးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီက ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့ချိန်မှာတော့ ဒီ အဓိကကွာခြားချက်ဟာ အဆုံးသတ်သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ကာတာက အောင်မြင်ခဲ့တဲ့နှစ်အကြောင်းကို လက်ရှိမှာ ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက လက်ရှိအချိန်မှာ အာဂျင်တီးနားပြည်သူတွေဆီကနေ ရရှိနေတဲ့ ချစ်မြတ်နိုးမှုတွေဟာ အရင်တုန်းက မရခဲ့ဖူးတဲ့အရာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အသက် ၃၆ နှစ်အရွယ်ကစားသမားကို ဘာစီလိုနာတစ်မြို့လုံးချစ်သလောက် မွေးရပ်မြေက ပရိသတ်တွေကတော့ ချစ်မြတ်နိုးခြင်းမရှိခဲ့ကြတာဖြစ်ပါတယ်။

အခုအချိန်မှာ အာဂျင်တီးနားနိုင်ငံသားတွေရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ခံနေရတာကြောင့် စိတ်သက်သာရာရခဲ့ပြီဖြစ်ပြီး လီယွန်နယ် မက်ဆီက အဲဒါက လှပတဲ့ ခံစားချက်ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်မှာ ဆိုးရွားတဲ့အချိန်တွေရှိခဲ့တယ်။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ကို ချစ်တဲ့လူတွေလည်း အတူတူပါပဲ၊ သူတို့(အာဂျင်တီးနားကလူတွေ)က ကစားသမားမျိုးဆက်တွေကို အရမ်းမမျှမတဆက်ဆံခဲ့ကြပြီး ကျွန်တော်နဲ့ပတ်သက်ပြီးလည်း ဆိုးရွားတဲ့အရာတွေ အများကြီးပြောခဲ့ကြတယ်။ ကျွန်တော် ဒေါသမထွက်ခဲ့ပါဘူး။ ကျွန်တော့်အတွက်ကတော့ အာဂျင်တီးနားနိုင်ငံက ပြည်သူတွေအားလုံးအပေါ် အနိုင်ရပြီး ဒီအခြေအနေကို ပြောင်းလဲနိုင်ခဲ့တာက မဟာအောင်ပွဲကြီးလိုမျိုး ခံစားခဲ့ရတယ်။ ဒီနေ့ဆိုရင် အာဂျင်တီးနားနိုင်ငံသား ၉၅ သို့မဟုတ် ၁၀၀ ရာခိုင်နှုန်းက ကျွန်တော့်ကို ချစ်မြတ်နိုးနေကြပြီ။ အဲဒါက လှပတဲ့ခံစားချက်ပဲ။ ကျွန်တော့်ကို ဘာကြောင့်မလိုလားကြတာလဲလို့ သူတို့ကို မေးခွန်းမထုတ်ခဲ့ပါဘူး။ သူတို့တွေ ကျွန်တော့်ကို နေရာပေါင်းစုံကနေ တိုက်ခိုက်ခဲ့တာကို မြင်ခဲ့ရတယ်။ ကျွန်တော်က ဘဝ ၂ ခုမှာ နေထိုင်ခဲ့ရတာပါ။ ဘာစီလိုနာမှာဆိုရင် မကြာခဏ ဆုဖလားတွေရပြီး အားလုံးဆီကနေ အပြည့်အဝ အားပေးထောက်ခံမှု၊ ချစ်မြတ်နိုးမှုနဲ့ လေးစားမှု ခံရပါတယ်။ အာဂျင်တီးနားမှာတော့ လုံးဝကို မတူညီတဲ့အခြေအနေဖြစ်ခဲ့ပြီး နေရာတိုင်းမှာ ပြစ်တင်ဝေဖန်မှုတွေပဲ ခံခဲ့ရတယ်။ ခင်ဗျား အားစိုက်ထုတ်မှု၊ စတေးမှု၊ အလုပ်နဲ့ နှိမ့်ချမှုတို့ကို အားထုတ်မယ်ဆိုရင် အဆုံးမှာ ခင်ဗျားရဲ့ ပန်းတိုင်ကို ရရှိနိုင်ပါတယ်။ လမ်းက ခက်ခဲနိုင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆက်ပြီးတော့ တိုက်ပွဲဝင်နေရပါမယ်။ ကျွန်တော် အမြဲတမ်း ဘောလုံးကစားရတာကို ချစ်မြတ်နိုးခဲ့တယ်။ လက်ရွေးစင်အသင်းအတွက် ကစားပေးရပြီး ကွင်းထဲမှာရှိနေရတာကိုလည်း ပျော်ရွှင်မိတယ်။ ဒါပေမယ့် ဒီနေ့လောက်တော့ ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူးပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ တသက္တာ အႀကီးက်ယ္အခမ္းနားဆုံးကစားသမားေတြထဲက ၂ ဦးဆိုတာ ဘယ္သူမွ ျငင္းလို႔မရတဲ့ အမွန္တရား ျဖစ္ပါတယ္။

မက္ဆီဟာ ကစားသမားဘဝကို ဘာစီလိုနာမွာ အမ်ားစုကို ကုန္ဆုံးခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီကို ၂ ႏွစ္ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး လက္ရွိမွာေတာ့ ေမဂ်ာလိဂ္ကလပ္ အင္တာမိုင္ယာမီအသင္းအတြက္ ကစားေပးေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကေတာ့ ကစားသမားဘဝကို စပို႔တင္းလစၥဘြန္းမွာ စတင္ခဲ့ၿပီးေနာက္ ကမာၻ႔အဆင့္ ကစားသမားျဖစ္လာေစမယ့္ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္မွာ ဆယ္စုႏွစ္ တစ္ခုၾကာ မက္ဆီနဲ႔ ဘာစီလိုနာတို႔ကို ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ဒုတိယအႀကိမ္ ျပန္လာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္မွာ ေရာ္နယ္လ္ဒိုက ေဆာ္ဒီပ႐ိုလိဂ္ကလပ္ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ မက္ဆီေရာ ေရာ္နယ္လ္ဒိုပါ ကလပ္အသင္းအဆင့္မွာ လိဂ္ဖလားေတြနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြအျပင္၊ ဘလြန္ေဒါဆု ၁၃ ႀကိမ္အထိ မွ်ေဝခဲ့ၿပီး ႀကီးမားတဲ့ ေအာင္ျမင္မႈ သရဖူ ေဆာင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီကစားသမား ၂ ဦးၾကားမွာ ႏွစ္ေပါင္းမ်ားစြာ အဓိကကြာျခားခ်က္ျဖစ္ခဲ့တာကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ေပၚတူဂီနဲ႔ ၂၀၁၆ ယူ႐ိုဖလား၊ ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ဖလားတို႔နဲ႔ ႏိုင္ငံတကာအဆင့္မွာ ေအာင္ျမင္မႈ အရင္ဆုံးရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီက ၂၀၂၂ ကမာၻဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအတြက္ ကမာၻ႔ဖလားကို ရယူေပးႏိုင္ခဲ့ခ်ိန္မွာေတာ့ ဒီ အဓိကကြာျခားခ်က္ဟာ အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က ကာတာက ေအာင္ျမင္ခဲ့တဲ့ႏွစ္အေၾကာင္းကို လက္ရွိမွာ ျပန္ေျပာင္းေျပာျပခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက လက္ရွိအခ်ိန္မွာ အာဂ်င္တီးနားျပည္သူေတြဆီကေန ရရွိေနတဲ့ ခ်စ္ျမတ္ႏိုးမႈေတြဟာ အရင္တုန္းက မရခဲ့ဖူးတဲ့အရာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ကစားသမားကို ဘာစီလိုနာတစ္ၿမိဳ႕လုံးခ်စ္သေလာက္ ေမြးရပ္ေျမက ပရိသတ္ေတြကေတာ့ ခ်စ္ျမတ္ႏိုးျခင္းမရွိခဲ့ၾကတာျဖစ္ပါတယ္။

အခုအခ်ိန္မွာ အာဂ်င္တီးနားႏိုင္ငံသားေတြရဲ႕ ခ်စ္ခင္ျမတ္ႏိုးျခင္းကို ခံေနရတာေၾကာင့္ စိတ္သက္သာရာရခဲ့ၿပီျဖစ္ၿပီး လီယြန္နယ္ မက္ဆီက အဲဒါက လွပတဲ့ ခံစားခ်က္ျဖစ္တယ္လို႔ ဝန္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္မွာ ဆိုး႐ြားတဲ့အခ်ိန္ေတြရွိခဲ့တယ္။ ကြၽန္ေတာ့္မိသားစုနဲ႔ ကြၽန္ေတာ့္ကို ခ်စ္တဲ့လူေတြလည္း အတူတူပါပဲ၊ သူတို႔(အာဂ်င္တီးနားကလူေတြ)က ကစားသမားမ်ိဳးဆက္ေတြကို အရမ္းမမွ်မတဆက္ဆံခဲ့ၾကၿပီး ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီးလည္း ဆိုး႐ြားတဲ့အရာေတြ အမ်ားႀကီးေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္ ေဒါသမထြက္ခဲ့ပါဘူး။ ကြၽန္ေတာ့္အတြက္ကေတာ့ အာဂ်င္တီးနားႏိုင္ငံက ျပည္သူေတြအားလုံးအေပၚ အႏိုင္ရၿပီး ဒီအေျခအေနကို ေျပာင္းလဲႏိုင္ခဲ့တာက မဟာေအာင္ပြဲႀကီးလိုမ်ိဳး ခံစားခဲ့ရတယ္။ ဒီေန႔ဆိုရင္ အာဂ်င္တီးနားႏိုင္ငံသား ၉၅ သို႔မဟုတ္ ၁၀၀ ရာခိုင္ႏႈန္းက ကြၽန္ေတာ့္ကို ခ်စ္ျမတ္ႏိုးေနၾကၿပီ။ အဲဒါက လွပတဲ့ခံစားခ်က္ပဲ။ ကြၽန္ေတာ့္ကို ဘာေၾကာင့္မလိုလားၾကတာလဲလို႔ သူတို႔ကို ေမးခြန္းမထုတ္ခဲ့ပါဘူး။ သူတို႔ေတြ ကြၽန္ေတာ့္ကို ေနရာေပါင္းစုံကေန တိုက္ခိုက္ခဲ့တာကို ျမင္ခဲ့ရတယ္။ ကြၽန္ေတာ္က ဘဝ ၂ ခုမွာ ေနထိုင္ခဲ့ရတာပါ။ ဘာစီလိုနာမွာဆိုရင္ မၾကာခဏ ဆုဖလားေတြရၿပီး အားလုံးဆီကေန အျပည့္အဝ အားေပးေထာက္ခံမႈ၊ ခ်စ္ျမတ္ႏိုးမႈနဲ႔ ေလးစားမႈ ခံရပါတယ္။ အာဂ်င္တီးနားမွာေတာ့ လုံးဝကို မတူညီတဲ့အေျခအေနျဖစ္ခဲ့ၿပီး ေနရာတိုင္းမွာ ျပစ္တင္ေဝဖန္မႈေတြပဲ ခံခဲ့ရတယ္။ ခင္ဗ်ား အားစိုက္ထုတ္မႈ၊ စေတးမႈ၊ အလုပ္နဲ႔ ႏွိမ့္ခ်မႈတို႔ကို အားထုတ္မယ္ဆိုရင္ အဆုံးမွာ ခင္ဗ်ားရဲ႕ ပန္းတိုင္ကို ရရွိႏိုင္ပါတယ္။ လမ္းက ခက္ခဲႏိုင္တယ္။ ဒါေပမယ့္ ခင္ဗ်ားရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ဆက္ၿပီးေတာ့ တိုက္ပြဲဝင္ေနရပါမယ္။ ကြၽန္ေတာ္ အၿမဲတမ္း ေဘာလုံးကစားရတာကို ခ်စ္ျမတ္ႏိုးခဲ့တယ္။ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးရၿပီး ကြင္းထဲမွာရွိေနရတာကိုလည္း ေပ်ာ္႐ႊင္မိတယ္။ ဒါေပမယ့္ ဒီေန႔ေလာက္ေတာ့ ဘယ္တုန္းကမွ မေပ်ာ္႐ႊင္ခဲ့ဖူးပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.