Premier League

ဒိုင်ဗင်ထိုးခဲ့တဲ့ ဂျိုတာကို စကားလုံး ၂ လုံးနဲ့ တုံ့ပြန်လိုက်တဲ့ ဒူဗရက်ကာ

နယူးကာဆယ်ယူနိုက်တက်ဂိုးသမား မာတင် ဒူဗရက်ကာဟာ တနင်္လာနေ့ညက အငြင်းပွားဖွယ် ပင်နယ်တီပြစ်ဒဏ်ဘော ရရှိသွားခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဂျိုတာကို တုံ့ပြန်လိုက်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ငှက်ကျားတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ တိုက်စစ်ပိုင်းမှာ လုံးဝ လွှမ်းမိုးထားနိုင်ခဲ့ပြီး ၄-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပေမယ့်လည်း ဒီထက် ဂိုးတွေအများကြီး သွင်းနိုင်ခဲ့သင့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်း သွင်းယူသွားခဲ့တဲ့ စတုတ္ထမြောက်သွင်းဂိုးဖြစ်တဲ့ ပင်နယ်တီ သွင်းဂိုးမှာ ဂျိုတာက ဒိုင်ဗင်ထိုးခဲ့တယ်လို့ လူအများစုက ခံစားခဲ့ရတဲ့အတွက် ပြောစရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျိုတာဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ကောင်းမွန်တဲ့အရာတွေ အများကြီး လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း အခိုက်အတန့်တစ်ခုကြောင့် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့တာဖြစ်ပါတယ်။

အားလုံးကလည်း ဂျိုတာ ရရှိသွားခဲ့တဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြပြီး လီဗာပူးလ်တိုက်စစ်မှူးဟာ ဂိုးသမား ဒူဗရက်ကာကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဂိုးပေါက်ထဲကို ကန်သွင်းဖို့သာ ကျန်တော့တဲ့အချိန်မှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ယူနိုက်တက်ဂန္တဝင် အလန် ရှီးယားက အလွန်ကောင်းမွန်တဲ့ ဒိုင်ဗင်ထိုးမှုလို့ လှောင်ပြောင်ခဲ့ပြီး အာဆင်နယ်ဂန္တဝင် အီယန် ရိုက်ကလည်း ဂျိုတာရဲ့ လုပ်ရပ်အပေါ် သဘောမကျခဲ့သလို ချဲလ်ဆီးဂန္တဝင် ဂျွန် တယ်ရီကလည်း အံ့အားသင့်စရာ ဒိုင်ဗင်ထိုးမှုလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ် ဂိုးသမား ဒူဗရက်ကာက ဂျိုတာနဲ့ပတ်သက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး လီဗာပူးလ်ကြယ်ပွင့်ဟာ ပွဲကစားချိန်နှောင်းပိုင်းမှာ ပင်နယ်တီရအောင် လုပ်နိုင်ခဲ့တဲ့အတွက် ပါးနပ်တဲ့လူဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲဒါက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပါးနပ်တဲ့သူမို့လို့ပါ။ ကျွန်တော့်လက်ကို အဝေးကို ရောက်အောင် ကြိုးစားခဲ့ပြီး သူ့ကို မထိမိခဲ့ပါဘူး။ ကျွန်တော် ထိတွေ့မှုကို ခံစားခဲ့ရပေမယ့် သူ့ကို လှမ်းဆွဲသလို မဖြစ်အောင် ကြိုးပမ်းဖို့ တခြားဘာလုပ်ရမလဲ တကယ် မသိခဲ့ပါဘူး။ အဆုံးမှာတော့ အဲဒါက ပင်နယ်တီဖြစ်ခဲ့တယ်။ သူတို့နဲ့ အငြင်းပွားစရာ အကြောင်းလညး်မရှိပါဘူး။ VAR ကိုလည်း ကျွန်တော် ဘာပြောရမလဲ မသိပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္ယူႏိုက္တက္ဂိုးသမား မာတင္ ဒူဗရက္ကာဟာ တနလၤာေန႔ညက အျငင္းပြားဖြယ္ ပင္နယ္တီျပစ္ဒဏ္ေဘာ ရရွိသြားခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉး ဂ်ိဳတာကို တုံ႔ျပန္လိုက္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ငွက္က်ားေတြနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ တိုက္စစ္ပိုင္းမွာ လုံးဝ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ၄-၂ နဲ႔ အႏိုင္ရခဲ့တာျဖစ္ေပမယ့္လည္း ဒီထက္ ဂိုးေတြအမ်ားႀကီး သြင္းႏိုင္ခဲ့သင့္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္အသင္း သြင္းယူသြားခဲ့တဲ့ စတုတၳေျမာက္သြင္းဂိုးျဖစ္တဲ့ ပင္နယ္တီ သြင္းဂိုးမွာ ဂ်ိဳတာက ဒိုင္ဗင္ထိုးခဲ့တယ္လို႔ လူအမ်ားစုက ခံစားခဲ့ရတဲ့အတြက္ ေျပာစရာျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ိဳတာဟာ နယူးကာဆယ္နဲ႔ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး ေကာင္းမြန္တဲ့အရာေတြ အမ်ားႀကီး လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အခိုက္အတန႔္တစ္ခုေၾကာင့္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့တာျဖစ္ပါတယ္။

အားလုံးကလည္း ဂ်ိဳတာ ရရွိသြားခဲ့တဲ့ ပင္နယ္တီနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္အမ်ိဳးမ်ိဳး ေပးခဲ့ၾကၿပီး လီဗာပူးလ္တိုက္စစ္မႉးဟာ ဂိုးသမား ဒူဗရက္ကာကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ဂိုးေပါက္ထဲကို ကန္သြင္းဖို႔သာ က်န္ေတာ့တဲ့အခ်ိန္မွာ လဲက်သြားခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ယူႏိုက္တက္ဂႏၲဝင္ အလန္ ရွီးယားက အလြန္ေကာင္းမြန္တဲ့ ဒိုင္ဗင္ထိုးမႈလို႔ ေလွာင္ေျပာင္ခဲ့ၿပီး အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္ကလည္း ဂ်ိဳတာရဲ႕ လုပ္ရပ္အေပၚ သေဘာမက်ခဲ့သလို ခ်ဲလ္ဆီးဂႏၲဝင္ ဂြၽန္ တယ္ရီကလည္း အံ့အားသင့္စရာ ဒိုင္ဗင္ထိုးမႈလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နယူးကာဆယ္ ဂိုးသမား ဒူဗရက္ကာက ဂ်ိဳတာနဲ႔ပတ္သက္ၿပီး တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီး လီဗာပူးလ္ၾကယ္ပြင့္ဟာ ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ ပင္နယ္တီရေအာင္ လုပ္ႏိုင္ခဲ့တဲ့အတြက္ ပါးနပ္တဲ့လူျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အဲဒါက စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ပါးနပ္တဲ့သူမို႔လို႔ပါ။ ကြၽန္ေတာ့္လက္ကို အေဝးကို ေရာက္ေအာင္ ႀကိဳးစားခဲ့ၿပီး သူ႔ကို မထိမိခဲ့ပါဘူး။ ကြၽန္ေတာ္ ထိေတြ႕မႈကို ခံစားခဲ့ရေပမယ့္ သူ႔ကို လွမ္းဆြဲသလို မျဖစ္ေအာင္ ႀကိဳးပမ္းဖို႔ တျခားဘာလုပ္ရမလဲ တကယ္ မသိခဲ့ပါဘူး။ အဆုံးမွာေတာ့ အဲဒါက ပင္နယ္တီျဖစ္ခဲ့တယ္။ သူတို႔နဲ႔ အျငင္းပြားစရာ အေၾကာင္းလညး္မရွိပါဘူး။ VAR ကိုလည္း ကြၽန္ေတာ္ ဘာေျပာရမလဲ မသိပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.