Match Report Premier League

ငှက်ကျားသားစားပြီး ထိပ်ဆုံးကနေ အားလုံးကို ဖြဲခြောက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဂျိုးဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ကားတစ်ဂျုံးစ်နဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ လီဗရာမန်တို၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ မိုင်လီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျိုလင်တန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစကတည်းက လီဗာပူးလ်တို့ပဲ ဖိကစားနေခဲ့သလို ပွဲချိန် ၁၈ မိနစ်မှာ လူးဝစ် ဒီယက်ဇ်က ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရသလို ပွဲချိန် ၂၂ မိနစ်မှာလည်း ပင်နယ်တီ ရခဲ့ပေမယ့် ဆာလားရဲ့ လှည့်စားမှု မပါတဲ့ ခပ်ညံ့ညံ့ ကန်ချက်ကို ဧည့်သည်ဂိုးသမား ဒူဘရက်ဗ်ကာ ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ ဂိုးမရဘဲဖြစ်နေခဲ့ပြီး နယူးကာဆယ်လ်တို့ရဲ့ ၃၆ မိနစ်ဂိုးကလည်း လူကျွံနေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက လူးဝစ် ဒီယက်ဇ်က ညာတောင်ပံကို ခင်းပေးခဲ့ရာမှာ ဧရိယာထဲကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးနိုင်ခဲ့တဲ့ ဒါဝင် နူးညက်ဇ်ရဲ့ ပေးပို့မှုကို ဆာလားက အလွယ်တကူ အဆုံးသတ်သွားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဂေါ်ဒန်ရဲ့ တစ်ကိုယ်တော် ရုန်းထွက်ပြီး ဧရိယာထိပ်ကို ခင်းပေးခဲ့တဲ့ ဘောလုံးကို အီဆက်ခ်က နှေးကွေးနေတဲ့ လီဗာပူးလ်နောက်ခံလူနှစ်ယောက်ကြားက ပြေးထွက်ပြီး ဂိုးသမားနဲ့ အတွေ့မှာ အသာကျော်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

တစ်ဂိုးစီ သရေကျနေခဲ့ချိန်မှာ လီဗာပူးလ်တို့ဘက်က အတွဲအဖက် မမိတဲ့ ဆိုဘော့ဆ်လိုင်း၊ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်တို့အစား ဂက်ခ်ပို၊ ဂရာဗင်ဘာ့ချ်နဲ့ ဂျိုတာတို့ကို ထည့်သွင်းခဲ့ရာမှာ ကစားကွက်က ပိုမိုကောင်းမွန်လာခဲ့ပြီး နယူးကာဆယ်လ်တို့ရဲ့ လေးလံနေတဲ့ ခံစစ်ကို Transition ကောင်းကောင်းနဲ့ ထိုးဖောက်လာနိုင်ခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယဂိုးနဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဆာလားက ညာတောင်ပံကနေ ဧရိယာထဲကို ခံစစ်ပေါင်ကြားထဲက ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂျိုတာက အနိမ့်ဘော ဂိုးရှေ့ချိုးပေးရာမှာ ကားတစ်ဂျုံးစ်က အသာပဲ ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာ လီဗာပူးလ်တို့ပဲ တတိယဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လူစားဝင် ကွင်းလယ်လူ မက္ကယ်လစ္စတာ ပေးတဲ့ ဘောလုံးကို ဆာလားက ညာတောင်ပံကနေ မထင်မှတ်တဲ့ အနေအထားက ဘယ်ခြေအပြင်နဲ့ ပြောင်းပြန်ခင်းပေးခဲ့ရာမှာ လေးလံနေတဲ့ နယူးကာဆယ်လ် ခံစစ်ရဲ့ မအောင်မြင်တဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ ဂက်ခ်ပိုက ဂိုးသမားကို မြေထောက်ကန်ချက်နဲ့ အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ မျှော်လင့်ချက်ရှိစေမယ့် ဒုတိယ ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ထရစ်ပီယာ မပါဝင်နိုင်လို့ ကန်ခွင့်ရခဲ့တဲ့ လောင်းစတပ်ဖ်ရဲ့ ပေးပို့မှုကနေ လီဗာပူးလ်တို့ရဲ့ အရပ်ပုသူနှစ်ယောက် တွဲမိနေတဲ့ Weak Point ကြားက ဘော့တ်မန်က အနီးကပ် ခေါင်းတိုက်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာ လီဗာပူးလ်တို့ပဲ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လေးလံနေတဲ့ ခံစစ်ကြားကနေ လူကျွံ ထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ဂျိုတာရဲ့ တစ်ကိုယ်တော် ထိုးဖောက်လာမှုကို ခြေထောက်ဆွဲမိတဲ့ ဂိုးသမားကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆာလားက ရဲရဲရင့်ရင့်ပဲ တာဝန်ယူကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က နယူးကာဆယ်လ်တို့ကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရယူပြီး လက်ရှိအချိန်အထိ ရှုံးပွဲတစ်ပွဲသာ ရှိသေးမှုနဲ့ ဇယားထိပ်ကနေ ပြိုင်ဘက်အသင်းအားလုံးကို ဖြဲခြောက်သွားခဲ့ချိန်မှာ ဧည့်သည် ငှက်ကျားတွေကတော့ မနှစ်က တစ်ရာသီလုံး ၅ ပွဲပဲ ရှုံးခဲ့ချိန်မှာ ဒီရာသီ အလယ်မှတ်မှာတင် ၉ ပွဲအထိ ရှုံးခဲ့တာကြောင့် ယူရိုပါလိဂ်လောက်နဲ့ပဲ ကျေနပ်ရနိုင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ကိုနာေတ၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ကားတစ္ဂ်ဳံးစ္နဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ လီဗရာမန္တို၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ မိုင္လီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳလင္တန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲစကတည္းက လီဗာပူးလ္တို႔ပဲ ဖိကစားေနခဲ့သလို ပြဲခ်ိန္ ၁၈ မိနစ္မွာ လူးဝစ္ ဒီယက္ဇ္က ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရသလို ပြဲခ်ိန္ ၂၂ မိနစ္မွာလည္း ပင္နယ္တီ ရခဲ့ေပမယ့္ ဆာလားရဲ႕ လွည့္စားမႈ မပါတဲ့ ခပ္ညံ့ညံ့ ကန္ခ်က္ကို ဧည့္သည္ဂိုးသမား ဒူဘရက္ဗ္ကာ ပုတ္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ဂိုးမရဘဲျဖစ္ေနခဲ့ၿပီး နယူးကာဆယ္လ္တို႔ရဲ႕ ၃၆ မိနစ္ဂိုးကလည္း လူကြၽံေနခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္း ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက လူးဝစ္ ဒီယက္ဇ္က ညာေတာင္ပံကို ခင္းေပးခဲ့ရာမွာ ဧရိယာထဲကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးႏိုင္ခဲ့တဲ့ ဒါဝင္ ႏူးညက္ဇ္ရဲ႕ ေပးပို႔မႈကို ဆာလားက အလြယ္တကူ အဆုံးသတ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေဂၚဒန္ရဲ႕ တစ္ကိုယ္ေတာ္ ႐ုန္းထြက္ၿပီး ဧရိယာထိပ္ကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို အီဆက္ခ္က ေႏွးေကြးေနတဲ့ လီဗာပူးလ္ေနာက္ခံလူႏွစ္ေယာက္ၾကားက ေျပးထြက္ၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ အသာေက်ာ္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

တစ္ဂိုးစီ သေရက်ေနခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔ဘက္က အတြဲအဖက္ မမိတဲ့ ဆိုေဘာ့ဆ္လိုင္း၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ လူးဝစ္ ဒီယက္ဇ္တို႔အစား ဂက္ခ္ပို၊ ဂရာဗင္ဘာ့ခ်္နဲ႔ ဂ်ိဳတာတို႔ကို ထည့္သြင္းခဲ့ရာမွာ ကစားကြက္က ပိုမိုေကာင္းမြန္လာခဲ့ၿပီး နယူးကာဆယ္လ္တို႔ရဲ႕ ေလးလံေနတဲ့ ခံစစ္ကို Transition ေကာင္းေကာင္းနဲ႔ ထိုးေဖာက္လာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဂိုးနဲ႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဆာလားက ညာေတာင္ပံကေန ဧရိယာထဲကို ခံစစ္ေပါင္ၾကားထဲက ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဂ်ိဳတာက အနိမ့္ေဘာ ဂိုးေရွ႕ခ်ိဳးေပးရာမွာ ကားတစ္ဂ်ဳံးစ္က အသာပဲ ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာ လီဗာပူးလ္တို႔ပဲ တတိယဂိုး ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ လူစားဝင္ ကြင္းလယ္လူ မကၠယ္လစၥတာ ေပးတဲ့ ေဘာလုံးကို ဆာလားက ညာေတာင္ပံကေန မထင္မွတ္တဲ့ အေနအထားက ဘယ္ေျခအျပင္နဲ႔ ေျပာင္းျပန္ခင္းေပးခဲ့ရာမွာ ေလးလံေနတဲ့ နယူးကာဆယ္လ္ ခံစစ္ရဲ႕ မေအာင္ျမင္တဲ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ႏိုင္ခဲ့တဲ့ ဂက္ခ္ပိုက ဂိုးသမားကို ေျမေထာက္ကန္ခ်က္နဲ႔ အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ေမွ်ာ္လင့္ခ်က္ရွိေစမယ့္ ဒုတိယ ေခ်ပဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ထရစ္ပီယာ မပါဝင္ႏိုင္လို႔ ကန္ခြင့္ရခဲ့တဲ့ ေလာင္းစတပ္ဖ္ရဲ႕ ေပးပို႔မႈကေန လီဗာပူးလ္တို႔ရဲ႕ အရပ္ပုသူႏွစ္ေယာက္ တြဲမိေနတဲ့ Weak Point ၾကားက ေဘာ့တ္မန္က အနီးကပ္ ေခါင္းတိုက္ယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာ လီဗာပူးလ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ စတုတၳဂိုးကို ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေလးလံေနတဲ့ ခံစစ္ၾကားကေန လူကြၽံ ေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ဂ်ိဳတာရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္လာမႈကို ေျခေထာက္ဆြဲမိတဲ့ ဂိုးသမားေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဆာလားက ရဲရဲရင့္ရင့္ပဲ တာဝန္ယူကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က နယူးကာဆယ္လ္တို႔ကို ေလးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရယူၿပီး လက္ရွိအခ်ိန္အထိ ရႈံးပြဲတစ္ပြဲသာ ရွိေသးမႈနဲ႔ ဇယားထိပ္ကေန ၿပိဳင္ဘက္အသင္းအားလုံးကို ၿဖဲေျခာက္သြားခဲ့ခ်ိန္မွာ ဧည့္သည္ ငွက္က်ားေတြကေတာ့ မႏွစ္က တစ္ရာသီလုံး ၅ ပြဲပဲ ရႈံးခဲ့ခ်ိန္မွာ ဒီရာသီ အလယ္မွတ္မွာတင္ ၉ ပြဲအထိ ရႈံးခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ေလာက္နဲ႔ပဲ ေက်နပ္ရႏိုင္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.