Premier League

ဂန်းနားတို့ ပေါင်သန်း ၁၀၀ တန်ကစားသမားကို ခေါ်မှဖြစ်တော့မယ်လို့ သတိပေးခဲ့တဲ့ မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘရန့်တ်ဖို့ဒ် ကြယ်ပွင့် အိုင်ဗန် တိုနီကို ခေါ်ယူပြီး တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ တောင်းဆိုလိုက်ပါတယ်။

ဂန်းနားတွေဟာ ၂၀၂၃ ခုနှစ်ကို နှစ်သစ်ကူးနေ့ညက ခရာဗင် ကော့တေ့ချ်မှာ ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ရတာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၃ ရက်အတွင်းမှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ခရစ္စမတ်ကာလတုန်းက အဆင့် ၁ ဖြစ်နေရာကနေ အဆင့် ၄ နေရာအထိ ကျဆင်းခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဂိုးပေါက်ရှေ့မှာ ရုန်းကန်နေရမှုဟာ ဒီဇင်ဘာလအတွင်းမှာ သိသာထင်ရှားခဲ့ပြီး အနောက်လန်ဒန်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဂါဘရီယဲလ် ဂျေးဇုနေရာမှာ အန်ကီးတီးယားက ပွဲထွက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ အာတီတာက ယခုလမှာ အထောင်တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းသွားချင်နေပေမယ့်လည်း ဂန်းနားတွေဟာ FFP နဲ့ မငြိအောင် တော်တော်လေး သတိထား ဆောင်ရွက်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါလ် မာဆန်က လက်ရှိဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့က ရှင်းရှင်းလေးဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘရန့်တိုက်စစ်မှူး အိုင်ဗန် တိုနီကို မဖြစ်မနေ ခေါ်ယူရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က တိုနီကို ရအောင်သွားခေါ်ရမယ်။ ရှင်းပါတယ်။ ဆုဖလားပြိုင်ပွဲက မပြီးသေးပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုင်ဗန် တိုနီဟာ လောင်းကစားပြစ်ဒဏ်ကြောင့် ၈ လပွဲပယ်ချမှတ်ခံထားရတာဖြစ်ပြီး ယခုလလယ်မှာ ပွဲပယ်ပြစ်ဒဏ်စေ့တော့မှာဖြစ်ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်က ကြယ်ပွင့်တိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်းသိမ်းမထားချင်ဘဲ ပေါင်သန်း ၁၀၀ ရမယ်ဆိုရင် ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဘရန႔္တ္ဖို႔ဒ္ ၾကယ္ပြင့္ အိုင္ဗန္ တိုနီကို ေခၚယူၿပီး တိုက္စစ္ျပႆနာကို ေျဖရွင္းဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ဂန္းနားေတြဟာ ၂၀၂၃ ခုႏွစ္ကို ႏွစ္သစ္ကူးေန႔ညက ခရာဗင္ ေကာ့ေတ့ခ်္မွာ ဖူလ္ဟမ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ စိတ္ပ်က္ဖြယ္ အဆုံးသတ္ခဲ့ရတာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ၃ ရက္အတြင္းမွာ ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့တာေၾကာင့္ ခရစၥမတ္ကာလတုန္းက အဆင့္ ၁ ျဖစ္ေနရာကေန အဆင့္ ၄ ေနရာအထိ က်ဆင္းခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ဂိုးေပါက္ေရွ႕မွာ ႐ုန္းကန္ေနရမႈဟာ ဒီဇင္ဘာလအတြင္းမွာ သိသာထင္ရွားခဲ့ၿပီး အေနာက္လန္ဒန္ကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ ဂါဘရီယဲလ္ ေဂ်းဇုေနရာမွာ အန္ကီးတီးယားက ပြဲထြက္ပါဝင္ခဲ့တာျဖစ္ပါတယ္။ အာတီတာက ယခုလမွာ အေထာင္တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူဖို႔ ႀကိဳးပမ္းသြားခ်င္ေနေပမယ့္လည္း ဂန္းနားေတြဟာ FFP နဲ႔ မၿငိေအာင္ ေတာ္ေတာ္ေလး သတိထား ေဆာင္႐ြက္သြားရဖို႔ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပါလ္ မာဆန္က လက္ရွိျဖစ္ေနတဲ့ ျပႆနာကို ေျဖရွင္းဖို႔က ရွင္းရွင္းေလးျဖစ္ၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဘရန႔္တိုက္စစ္မႉး အိုင္ဗန္ တိုနီကို မျဖစ္မေန ေခၚယူရမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္က တိုနီကို ရေအာင္သြားေခၚရမယ္။ ရွင္းပါတယ္။ ဆုဖလားၿပိဳင္ပြဲက မၿပီးေသးပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုင္ဗန္ တိုနီဟာ ေလာင္းကစားျပစ္ဒဏ္ေၾကာင့္ ၈ လပြဲပယ္ခ်မွတ္ခံထားရတာျဖစ္ၿပီး ယခုလလယ္မွာ ပြဲပယ္ျပစ္ဒဏ္ေစ့ေတာ့မွာျဖစ္ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္က ၾကယ္ပြင့္တိုက္စစ္မႉးကို အသင္းမွာ ဆက္ထိန္းသိမ္းမထားခ်င္ဘဲ ေပါင္သန္း ၁၀၀ ရမယ္ဆိုရင္ ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.