Premier League

လီဗာပူးလ်ကို အမီလိုက်ဖို့ ကြိုးပမ်းမယ့် အစီအစဉ်ကို ချပြလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဆုဖလား ရည်မှန်းချက်ကို အကူအညီဖြစ်စေဖို့ ယခုလ အဘူဒါဘီက နွေးထွေးတဲ့ လေ့ကျင့်ရေးစခန်းမှာ စခန်းသွင်းလေ့ကျင့်ဖို့ စီစဉ်နေပါတယ်။

ဂွါဒီယိုလာရဲ့ အသင်းဟာ မကြာသေးမီကမှ ဆော်ဒီ အာရေဗျမှာ အသင်းသမိုင်းတလျှောက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ရယူပြီးနောက် ပြည်ပကနေ ပြန်လာခဲ့တာဖြစ်ပြီး အင်္ဂလန်ကို ပြန်ရောက်လာပြီးကတည်းက ပုံမှန်ခြေစွမ်း နောက်ထပ်တစ်ကြိမ် ပြန်လည်ရရှိနေတာဖြစ်ပါတယ်။

မန်စီးတီးဟာ အဲဗာတန်၊ ရှက်ဖီးယူနိုက်တက်တို့ကို ဆက်တိုက် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဇန်နဝါရီလထဲမှာ ပွဲကြပ်ကာလနဲ့ ရင်ဆိုင်ရာမှာမဟုတ်ဘဲ ဇန်နဝါရီ ၇ ရက်နေ့မှာ ဟက်ဒါစ်ဖီးတောင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်၊ ဇန်နဝါရီ ၁၃ နဲ့ ၃၁ ရက်နေ့တွေမှာ နယူးကာဆယ်၊ ဘန်လေတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၃ ပွဲသာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲကြား လစ်လပ်နေတဲ့ အားလပ်ချိန်ကို အခွင့်ကောင်းယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးခါနီးတုန်းကလည်း ယူအေအီးက လေ့ကျင့်ရေးစခန်းကို မန်စီးတီးကစားသမားအများအပြား သွားရောက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက အဲဒီလို သွားရောက်လေ့ကျင့်ခဲ့မှုက ဆုဖလား အောင်မြင်မှုတွေ ပြည့်နှက်နေခဲ့တဲ့ ၂၀၂၃ ခုနှစ်ကို ပိုင်ဆိုင်ခဲ့စေခဲ့တာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“နယူးကာဆယ်နဲ့ပွဲအပြီးမှာ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အဘူဒါဘီကို နောက်ထပ်တစ်ကြိမ် ထပ်သွားမှာပါ။ အားလုံးအတူတူပေါ့။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိနေခဲ့ပြီး အဲဒါက အသင်းဝန်ထမ်းတွေနဲ့ အားလုံးအတွက် မယုံနိုင်လောက်စရာ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဆုဖလား ၅ လုံးက သက်သေပါပဲ။ ကျွန်တာ်တို့ ပိုပြီးကောင်းတဲ့ရာသီဥတုမှာ လေ့ကျင့်ရေးဆင်းဖို့ အဲဒီကိုသွားမယ်။ လေ့ကျင့်ပြီးရင်း လေ့ကျင့်ရင်း ရာသီဒုတိယပိုင်းအတွက် ကြိုတင်ပြင်ဆင်သွားမှာပါ။ ဒါက စီစဉ်ထားတာပါ။ အစီအစဉ်က ပြောင်းချင်လည်း ပြောင်းသွားနိုင်ပါတယ်။ ကျွန်တော် မသိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ဆုဖလား ရည္မွန္းခ်က္ကို အကူအညီျဖစ္ေစဖို႔ ယခုလ အဘူဒါဘီက ေႏြးေထြးတဲ့ ေလ့က်င့္ေရးစခန္းမွာ စခန္းသြင္းေလ့က်င့္ဖို႔ စီစဥ္ေနပါတယ္။

ဂြါဒီယိုလာရဲ႕ အသင္းဟာ မၾကာေသးမီကမွ ေဆာ္ဒီ အာေရဗ်မွာ အသင္းသမိုင္းတေလွ်ာက္ ပထမဆုံး ကလပ္ကမာၻ႔ဖလားကို ရယူၿပီးေနာက္ ျပည္ပကေန ျပန္လာခဲ့တာျဖစ္ၿပီး အဂၤလန္ကို ျပန္ေရာက္လာၿပီးကတည္းက ပုံမွန္ေျခစြမ္း ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ရရွိေနတာျဖစ္ပါတယ္။

မန္စီးတီးဟာ အဲဗာတန္၊ ရွက္ဖီးယူႏိုက္တက္တို႔ကို ဆက္တိုက္ အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားဦးေဆာင္သူေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းလာႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဇန္နဝါရီလထဲမွာ ပြဲၾကပ္ကာလနဲ႔ ရင္ဆိုင္ရာမွာမဟုတ္ဘဲ ဇန္နဝါရီ ၇ ရက္ေန႔မွာ ဟက္ဒါစ္ဖီးေတာင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္၊ ဇန္နဝါရီ ၁၃ နဲ႔ ၃၁ ရက္ေန႔ေတြမွာ နယူးကာဆယ္၊ ဘန္ေလတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ၃ ပြဲသာ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဂြါဒီယိုလာက ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲၾကား လစ္လပ္ေနတဲ့ အားလပ္ခ်ိန္ကို အခြင့္ေကာင္းယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ ၿပီးဆုံးခါနီးတုန္းကလည္း ယူေအအီးက ေလ့က်င့္ေရးစခန္းကို မန္စီးတီးကစားသမားအမ်ားအျပား သြားေရာက္ေလ့က်င့္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက အဲဒီလို သြားေရာက္ေလ့က်င့္ခဲ့မႈက ဆုဖလား ေအာင္ျမင္မႈေတြ ျပည့္ႏွက္ေနခဲ့တဲ့ ၂၀၂၃ ခုႏွစ္ကို ပိုင္ဆိုင္ခဲ့ေစခဲ့တာျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“နယူးကာဆယ္နဲ႔ပြဲအၿပီးမွာ ျဖစ္ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ အဘူဒါဘီကို ေနာက္ထပ္တစ္ႀကိမ္ ထပ္သြားမွာပါ။ အားလုံးအတူတူေပါ့။ ၿပီးခဲ့တဲ့ရာသီတုန္းက ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရွိေနခဲ့ၿပီး အဲဒါက အသင္းဝန္ထမ္းေတြနဲ႔ အားလုံးအတြက္ မယုံႏိုင္ေလာက္စရာ အက်ိဳးသက္ေရာက္မႈရွိခဲ့ပါတယ္။ ဆုဖလား ၅ လုံးက သက္ေသပါပဲ။ ကြၽန္တာ္တို႔ ပိုၿပီးေကာင္းတဲ့ရာသီဥတုမွာ ေလ့က်င့္ေရးဆင္းဖို႔ အဲဒီကိုသြားမယ္။ ေလ့က်င့္ၿပီးရင္း ေလ့က်င့္ရင္း ရာသီဒုတိယပိုင္းအတြက္ ႀကိဳတင္ျပင္ဆင္သြားမွာပါ။ ဒါက စီစဥ္ထားတာပါ။ အစီအစဥ္က ေျပာင္းခ်င္လည္း ေျပာင္းသြားႏိုင္ပါတယ္။ ကြၽန္ေတာ္ မသိေသးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.