Premier League

ကွင်းဘေးစည်းက ရန်ပွဲကို ရယ်မောဖွယ်တုံ့ပြန်ခဲ့တဲ့ ပိုစတီကိုဂလူ

အန်ဂီ ပိုစတီကိုဂလူဟာ နှစ်သစ်ကူးနေ့ညက ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်း နည်းပြအဖွဲ့ဝင်နဲ့ ကွင်းဘေးစည်းမှာ ပြဿနာတက်ခဲ့တဲ့အကြောင်းကို ရယ်မောဖွယ်အဖြေပေးပြီး တုံ့ပြန်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ၃ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပါပီ မာတာ ဆား၊ ဆွန်ဟောင်မင်၊ ရစ်ချာလီဆန်တို့ရဲ့ သွင်းဂိုးတွေကြောင့် တော့တင်ဟမ်ဟော့စပါးတို့ အနိုင်ရခဲ့ပေမယ့်လည်း ဆားနဲ့ ဗီလစ်ဇ်တို့ ဒဏ်ရာရရှိခဲ့မှုက စပါးစ်အတွက် နောက်ထပ် ဒဏ်ရာထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဗီလစ်ဇ်ဟာ ပွဲကစားချိန်မပြည့်ခင်မှာ ဒဏ်ရာကြောင့် လဲကျသွားခဲ့ပေမယ့်လည်း ဘုန်းမောက်က ဘောလုံးကို စည်းအပြင်ကို ကန်ထုတ်ရမယ့်အစား ပွဲကို ဆက်လက်ကစားဖို့ ရွေးချယ်ခဲ့တာကြောင့် ပိုစတီကိုဂလူနဲ့ ဘုန်းမောက်လက်ထောက်နည်းပြ ရှောင် ကူးပါးတို့ကြား စကားများဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း နည်းပြခုံတန်းက လူတွေအားလုံးဟာ နည်းပြ ၂ ဦးကို လူစုခွဲဖို့ ကြိုးပမ်းခဲ့ကြပြီး ကွင်းလယ်ဒိုင် ဆိုင်မွန် ဟူးပါးက နောက်ဆုံးမှာတော့ နှစ်ဦးစလုံးကို အဝါကတ်ပြခဲ့သလို စပါးစ်ကွင်းလယ်လူ လိုဆယ်ဆိုလည်း အဆစ်ပါခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ လူစားလဲလှယ်မှု ၅ ခုစလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်တာကြောင့် တစ်ယောက်လျော့နဲ့ပဲ ပွဲကို ဆက်ကစားခဲ့ရပြီး ဗီလစ်ဇ်ဟာ ရှေ့မှာ ပါပီ မာတာ ဆားဖြစ်ခဲ့သလိုပဲ မျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

စပါးစ်နည်းပြဟာ အဲဒီရန်ပွဲအကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဖြစ်ပျက်ခဲ့တာကို သေချာပြောပြဖို့ ငြင်းဆန်ခဲ့ပြီး အဲဒီအစား အလွန်ရယ်မောဖွယ်ကောင်းတဲ့ အဖြေပြန်ပေးပြီး သတင်းထောက်တွေကို ပွဲကျစေခဲ့တာဖြစ်ပါတယ်။

“ဪ ဘာမှမဖြစ်ပါဘူး ကိုယ့်လူရာ။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဟက်ပီးနယူးရီးယားပါလို့ ဆုတောင်းပေးဖို့ တွေ့ခဲ့ကြတာဖြစ်ပြီး ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့တာပါ။ အဆင်ပြေပါတယ်။ ပွဲအတွင်းမှာ စိတ်ခံစားမှုအနည်းငယ်ရှိခဲ့ကြရုံပါ။ ကျွန်တော်က အလယ်ဟိုကြောင့် နည်းနည်းပိုပြီး စိုးရိမ်ပူပင်နေခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က သူ့ကို ကွင်းထဲကနေ သူ့ကို ခေါ်ထုတ်ဖို့ ကြိုးစားနေပြီး ကွင်းထဲကို သွားပြီး သူ့ကိုဆွဲခေါ်လာဖို့ကလည်း အဆင်မပြေဘူးလေ။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို လှမ်းအော်ပြောနေခဲ့ကြတာပါ။ ဘုန်းမောက်နည်းပြအဖွဲ့ဝင်က တစ်ခုခုထင်သွားတယ်လို့ ထင်ပါတယ်။ သူတို့တွေ ဘာတွေ ထင်ခဲ့လဲဆိုတာတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ လူစားလဲလှယ်ဖို့ လုပ်နေတယ်လို့များ ထင်သွားလားမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ဘူးဆိုတာကိုတော့ ကျွန်တော်တို့ သိခဲ့တယ်။ ကျွန်တော်တို့ သူ့ကို ကွင်းထဲကနေ ထွက်လာဖို့ပဲ ပြောခဲ့ကြတာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဂီ ပိုစတီကိုဂလူဟာ ႏွစ္သစ္ကူးေန႔ညက ဘုန္းေမာက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ၿပိဳင္ဘက္အသင္း နည္းျပအဖြဲ႕ဝင္နဲ႔ ကြင္းေဘးစည္းမွာ ျပႆနာတက္ခဲ့တဲ့အေၾကာင္းကို ရယ္ေမာဖြယ္အေျဖေပးၿပီး တုံ႔ျပန္ခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၂၀၂၃ ခုႏွစ္ရဲ႕ ေနာက္ဆုံးပြဲစဥ္မွာ ဘုန္းေမာက္ကို ၃-၁ နဲ႔ အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယား ဦးေဆာင္သူေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ ၃ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ပါပီ မာတာ ဆား၊ ဆြန္ေဟာင္မင္၊ ရစ္ခ်ာလီဆန္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ အႏိုင္ရခဲ့ေပမယ့္လည္း ဆားနဲ႔ ဗီလစ္ဇ္တို႔ ဒဏ္ရာရရွိခဲ့မႈက စပါးစ္အတြက္ ေနာက္ထပ္ ဒဏ္ရာထိုးႏွက္ခ်က္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဗီလစ္ဇ္ဟာ ပြဲကစားခ်ိန္မျပည့္ခင္မွာ ဒဏ္ရာေၾကာင့္ လဲက်သြားခဲ့ေပမယ့္လည္း ဘုန္းေမာက္က ေဘာလုံးကို စည္းအျပင္ကို ကန္ထုတ္ရမယ့္အစား ပြဲကို ဆက္လက္ကစားဖို႔ ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ပိုစတီကိုဂလူနဲ႔ ဘုန္းေမာက္လက္ေထာက္နည္းျပ ေရွာင္ ကူးပါးတို႔ၾကား စကားမ်ားဖို႔ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း နည္းျပခုံတန္းက လူေတြအားလုံးဟာ နည္းျပ ၂ ဦးကို လူစုခြဲဖို႔ ႀကိဳးပမ္းခဲ့ၾကၿပီး ကြင္းလယ္ဒိုင္ ဆိုင္မြန္ ဟူးပါးက ေနာက္ဆုံးမွာေတာ့ ႏွစ္ဦးစလုံးကို အဝါကတ္ျပခဲ့သလို စပါးစ္ကြင္းလယ္လူ လိုဆယ္ဆိုလည္း အဆစ္ပါခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ လူစားလဲလွယ္မႈ ၅ ခုစလုံးကို ျပဳလုပ္ခဲ့ၿပီးျဖစ္တာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ပဲ ပြဲကို ဆက္ကစားခဲ့ရၿပီး ဗီလစ္ဇ္ဟာ ေရွ႕မွာ ပါပီ မာတာ ဆားျဖစ္ခဲ့သလိုပဲ မ်က္ရည္ေတြနဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

စပါးစ္နည္းျပဟာ အဲဒီရန္ပြဲအေၾကာင္း ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ျဖစ္ပ်က္ခဲ့တာကို ေသခ်ာေျပာျပဖို႔ ျငင္းဆန္ခဲ့ၿပီး အဲဒီအစား အလြန္ရယ္ေမာဖြယ္ေကာင္းတဲ့ အေျဖျပန္ေပးၿပီး သတင္းေထာက္ေတြကို ပြဲက်ေစခဲ့တာျဖစ္ပါတယ္။

“ဪ ဘာမွမျဖစ္ပါဘူး ကိုယ့္လူရာ။ ကြၽန္ေတာ္တို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ဟက္ပီးနယူးရီးယားပါလို႔ ဆုေတာင္းေပးဖို႔ ေတြ႕ခဲ့ၾကတာျဖစ္ၿပီး ေဆြးေႏြးမႈအခ်ိဳ႕ ျပဳလုပ္ခဲ့တာပါ။ အဆင္ေျပပါတယ္။ ပြဲအတြင္းမွာ စိတ္ခံစားမႈအနည္းငယ္ရွိခဲ့ၾက႐ုံပါ။ ကြၽန္ေတာ္က အလယ္ဟိုေၾကာင့္ နည္းနည္းပိုၿပီး စိုးရိမ္ပူပင္ေနခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က သူ႔ကို ကြင္းထဲကေန သူ႔ကို ေခၚထုတ္ဖို႔ ႀကိဳးစားေနၿပီး ကြင္းထဲကို သြားၿပီး သူ႔ကိုဆြဲေခၚလာဖို႔ကလည္း အဆင္မေျပဘူးေလ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို လွမ္းေအာ္ေျပာေနခဲ့ၾကတာပါ။ ဘုန္းေမာက္နည္းျပအဖြဲ႕ဝင္က တစ္ခုခုထင္သြားတယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ ဘာေတြ ထင္ခဲ့လဲဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး။ ကြၽန္ေတာ္တို႔ လူစားလဲလွယ္ဖို႔ လုပ္ေနတယ္လို႔မ်ား ထင္သြားလားမသိဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဘာမွ မလုပ္ခဲ့ဘူးဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ သိခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ကြင္းထဲကေန ထြက္လာဖို႔ပဲ ေျပာခဲ့ၾကတာပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.