Match Report Premier League

စိတ်ဓာတ်မရှိလို့ ဖူလ်ဟမ်ကို ရှုံးပြန်တဲ့ အဆင့်လေးဝင် ကံကောင်း အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာလဲ သူတို့ရဲ့ အလုပ်မဖြစ်တဲ့ ကစားပုံကို ဆက်လက်ကပြဖို့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ကီဗီယာတို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာလည်း ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့ကို သုံးခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ နကီးတီးယားနဲ့ မာတီနယ်လီတို့ကို ခင်းကျင်းလာခဲ့ပါတယ်။

အိမ်ရှင် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ အာဒါရာဘိုင်ယိုရို၊ ဘက်ဆီ၊ ကက်စတာညာနဲ့ ရော်ဘင်ဆန်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ ကဲရ်နီ၊ အီဝိုဘီ၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဝီလီယန်တို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ်ကို အထောင်တင် ကစားလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မာတီနယ်လီက ဖူလ်ဟမ်ခံစစ် နေရာယူချိန် မရခင်မှာ ဘယ်ခြမ်းကနေ အတွင်းကို ချိုးဝင်ပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးကို လီနို ပုတ်ထုတ်လို့ ပြန်အကျမှာ လူမကျွံဘဲ နေရာယူထားနိုင်ခဲ့တဲ့ ဆာကာက အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

စောစောစီးစီး ဂိုးရခဲ့ပေမယ့် အာဆင်နယ်တို့ရဲ့ ပွဲအပေါ် ချဉ်းကပ်မှုနဲ့ တိုက်စစ်ကစားဟန်၊ ပွဲကို ဖြတ်ထားနိုင်ရမယ်ဆိုတဲ့ လျင်လျင်မြန်မြန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှုတွေက ပျောက်ဆုံးနေခဲ့ပြီး ဖူလ်ဟမ်ခံစစ်ကို စောင့်ခေါ်နေသလားလို့ နောက်တန်းတွေထဲမှာလည်း လုံးဝ Sense မရှိတဲ့ ညာခြမ်းက ဘန်ဝှိုက်ရဲ့ နေရာယူပုံတွေက တောင်ပံနဲ့ Half Space တွေကို တစ်လှည့်စီ ဟ,ပေးသလိုဖြစ်နေခဲ့တာကြောင့် စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဖူလ်ဟမ်တို့ ချေပဂိုး ပြန်သွင်းသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကောင်တာပြန်ဝင်ခဲ့တဲ့ ဝီလီယန်က ကဲရ်နီကို ခင်းပေးရာမှာ သူက ဂိုးရှေ့ကို သာမန် Teasing Cross ပဲ ဖြတ်ပို့နိုင်ခဲ့တဲ့ ဘောလုံးကို အချိန်မီ ပြန်မဆင်းနိုင်ခဲ့တဲ့ ခံစစ်သမားတွေကြားကနေ ရာအူးလ် ဟီမီနက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး ဒေးဗစ် လူးဝစ်ဇ်ကြောင့် ခေါင်းကွဲခဲ့ရတာကို အလျော်ပြန်တောင်းသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ခံစစ်ကစားချိန်တွေမှာ ညာခြမ်းက ပြဿနာကြီးမားလွန်းနေသလို ပြီးခဲ့တဲ့ ရာသီက ဘောလုံးဆုံးရှုံးချိန်တွေမှာ ဝှိုက်နဲ့ ပါတေးက ညာခြမ်း၊ ဇင်ချန်ကိုနဲ့ ချာကာတို့က ဘယ်ခြမ်းကို တာဝန်ယူကစားနိုင်ခဲ့ချိန်မှာ ဆာကာနဲ့ မာတီနယ်လီတို့ကလည်း ခံစစ်ကူဖို့ အဆင့်သင့် ဖြစ်နေပြီး ဒီနှစ်မှာတော့ ကွင်းလယ်မှာ ဟာဗတ်ဇ်နဲ့ ရိုက်စ်တို့က ပုံစံဟောင်းနဲ့ ခြားနားခဲ့ချိန်မှာ ကွက်လပ်တွေ များလွန်းနေခဲ့တာလို့ ဆိုရမှာပါ။

အသင်းရဲ့ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ လက္ခဏာတွေကလည်း ဂိုးရှေ့မှာ အဆုံးမသတ်နိုင်ဘဲ မကြာခဏ လွဲချော်ဖို့ကို အားပေးခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ဘာမှ မထူးသလို အာဆင်နယ်တို့အနေနဲ့ ကန်တိုင်း ဂိုးပေါက်မတည့်သလောက်ဖြစ်နေခဲ့ပြီး အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဖူလ်ဟမ်တို့က အနိုင်ဂိုး ပြန်သွင်းသွားခဲ့သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ဝီလီယန် ကန်တင်ပေးရာမှာ ပယ်လင်ညာ ခေါင်းတိုက်တဲ့ အလုံးကို အာဆင်နယ်ခံစစ်က ရှင်းထုတ်ဖို့ ကြိုးစားရာမှာ လူထိပြီး ပြန်ကျလာခဲ့တဲ့ ဘောလုံးကို ဒီကော်ဒိုဗာ-ရိဒ်က အနီးကပ် ကန်သွင်းပြီး ထိုးနှက်နိုင်ခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာ အာဆင်နယ်တို့ ချေပဂိုး ပြန်သွင်းဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့ပေမယ့် ဆာကာက ရွံစရာကောင်းလောက်အောင် ဖြုန်းတီးပစ်ခဲ့ပြီး ဒီနောက်မှာတော့ မာတီနယ်လီ၊ ဘန်ဝှိုက်နဲ့ ဟာဗတ်ဇ်တို့အစား ထရော့ဆတ်၊ ဂျေဆူးစ်နဲ့ နယ်လ်ဆန်တို့ကို ထည့်ပြီး တိုက်စစ်မှာ လူများ ပွဲမစည်အကွက်နဲ့ ကြိုးစားခဲ့ပေမယ့် အဖြစ်မရှိလွန်းကြတဲ့ ကစားသမားတွေကြောင့် ချေပဂိုး ပြန်မရဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ နိုင်လိုစိတ်၊ မခံချင်စိတ်နဲ့ ဘာစိတ်မှ ရှိမနေတဲ့ အာဆင်နယ်တို့ ခပ်ရိုးရိုးပဲ ရှုံးသွားခဲ့ပြီး ချန်ပီယံစိတ်ကူးယဉ်ဘဝကနေ အဆင့်လေးဝင်ရင် ကံကောင်းဆိုတဲ့ ဘဝကို ပြောင်းလဲသွားခဲ့ချိန်မှာ ဖူလ်ဟမ်တို့ကတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့တာကြောင့် အဆင့် ၁၃ ကနေ တန်းဆင်းဇုန်ကို ၉ မှတ်ဖြတ်ထားနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာလဲ သူတို႔ရဲ႕ အလုပ္မျဖစ္တဲ့ ကစားပုံကို ဆက္လက္ကျပဖို႔ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ကီဗီယာတို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာလည္း ဒက္ကလန္ ႐ိုက္စ္၊ ဟာဗတ္ဇ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို သုံးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ နကီးတီးယားနဲ႔ မာတီနယ္လီတို႔ကို ခင္းက်င္းလာခဲ့ပါတယ္။

အိမ္ရွင္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ အာဒါရာဘိုင္ယို႐ို၊ ဘက္ဆီ၊ ကက္စတာညာနဲ႔ ေရာ္ဘင္ဆန္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ ကဲရ္နီ၊ အီဝိုဘီ၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ဝီလီယန္တို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ရာအူးလ္ ဟီမီနက္ဇ္ကို အေထာင္တင္ ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ အာဆင္နယ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မာတီနယ္လီက ဖူလ္ဟမ္ခံစစ္ ေနရာယူခ်ိန္ မရခင္မွာ ဘယ္ျခမ္းကေန အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းခဲ့တဲ့ ေဘာလုံးကို လီႏို ပုတ္ထုတ္လို႔ ျပန္အက်မွာ လူမကြၽံဘဲ ေနရာယူထားႏိုင္ခဲ့တဲ့ ဆာကာက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေစာေစာစီးစီး ဂိုးရခဲ့ေပမယ့္ အာဆင္နယ္တို႔ရဲ႕ ပြဲအေပၚ ခ်ဥ္းကပ္မႈနဲ႔ တိုက္စစ္ကစားဟန္၊ ပြဲကို ျဖတ္ထားႏိုင္ရမယ္ဆိုတဲ့ လ်င္လ်င္ျမန္ျမန္ ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏိုင္မႈေတြက ေပ်ာက္ဆုံးေနခဲ့ၿပီး ဖူလ္ဟမ္ခံစစ္ကို ေစာင့္ေခၚေနသလားလို႔ ေနာက္တန္းေတြထဲမွာလည္း လုံးဝ Sense မရွိတဲ့ ညာျခမ္းက ဘန္ဝႈိက္ရဲ႕ ေနရာယူပုံေတြက ေတာင္ပံနဲ႔ Half Space ေတြကို တစ္လွည့္စီ ဟ,ေပးသလိုျဖစ္ေနခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ ေခ်ပဂိုး ျပန္သြင္းသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေကာင္တာျပန္ဝင္ခဲ့တဲ့ ဝီလီယန္က ကဲရ္နီကို ခင္းေပးရာမွာ သူက ဂိုးေရွ႕ကို သာမန္ Teasing Cross ပဲ ျဖတ္ပို႔ႏိုင္ခဲ့တဲ့ ေဘာလုံးကို အခ်ိန္မီ ျပန္မဆင္းႏိုင္ခဲ့တဲ့ ခံစစ္သမားေတြၾကားကေန ရာအူးလ္ ဟီမီနက္ဇ္က လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းၿပီး ေဒးဗစ္ လူးဝစ္ဇ္ေၾကာင့္ ေခါင္းကြဲခဲ့ရတာကို အေလ်ာ္ျပန္ေတာင္းသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ခံစစ္ကစားခ်ိန္ေတြမွာ ညာျခမ္းက ျပႆနာႀကီးမားလြန္းေနသလို ၿပီးခဲ့တဲ့ ရာသီက ေဘာလုံးဆုံးရႈံးခ်ိန္ေတြမွာ ဝႈိက္နဲ႔ ပါေတးက ညာျခမ္း၊ ဇင္ခ်န္ကိုနဲ႔ ခ်ာကာတို႔က ဘယ္ျခမ္းကို တာဝန္ယူကစားႏိုင္ခဲ့ခ်ိန္မွာ ဆာကာနဲ႔ မာတီနယ္လီတို႔ကလည္း ခံစစ္ကူဖို႔ အဆင့္သင့္ ျဖစ္ေနၿပီး ဒီႏွစ္မွာေတာ့ ကြင္းလယ္မွာ ဟာဗတ္ဇ္နဲ႔ ႐ိုက္စ္တို႔က ပုံစံေဟာင္းနဲ႔ ျခားနားခဲ့ခ်ိန္မွာ ကြက္လပ္ေတြ မ်ားလြန္းေနခဲ့တာလို႔ ဆိုရမွာပါ။

အသင္းရဲ႕ ယုံၾကည္မႈ ေပ်ာက္ဆုံးေနတဲ့ လကၡဏာေတြကလည္း ဂိုးေရွ႕မွာ အဆုံးမသတ္ႏိုင္ဘဲ မၾကာခဏ လြဲေခ်ာ္ဖို႔ကို အားေပးခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ဘာမွ မထူးသလို အာဆင္နယ္တို႔အေနနဲ႔ ကန္တိုင္း ဂိုးေပါက္မတည့္သေလာက္ျဖစ္ေနခဲ့ၿပီး အေဝးကြင္းကို လိုက္ပါအားေပးတဲ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔က အႏိုင္ဂိုး ျပန္သြင္းသြားခဲ့သလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ဝီလီယန္ ကန္တင္ေပးရာမွာ ပယ္လင္ညာ ေခါင္းတိုက္တဲ့ အလုံးကို အာဆင္နယ္ခံစစ္က ရွင္းထုတ္ဖို႔ ႀကိဳးစားရာမွာ လူထိၿပီး ျပန္က်လာခဲ့တဲ့ ေဘာလုံးကို ဒီေကာ္ဒိုဗာ-ရိဒ္က အနီးကပ္ ကန္သြင္းၿပီး ထိုးႏွက္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာ အာဆင္နယ္တို႔ ေခ်ပဂိုး ျပန္သြင္းဖို႔ အခြင့္အေရးေကာင္းကို ပိုင္ဆိုင္ခဲ့ေပမယ့္ ဆာကာက ႐ြံစရာေကာင္းေလာက္ေအာင္ ျဖဳန္းတီးပစ္ခဲ့ၿပီး ဒီေနာက္မွာေတာ့ မာတီနယ္လီ၊ ဘန္ဝႈိက္နဲ႔ ဟာဗတ္ဇ္တို႔အစား ထေရာ့ဆတ္၊ ေဂ်ဆူးစ္နဲ႔ နယ္လ္ဆန္တို႔ကို ထည့္ၿပီး တိုက္စစ္မွာ လူမ်ား ပြဲမစည္အကြက္နဲ႔ ႀကိဳးစားခဲ့ေပမယ့္ အျဖစ္မရွိလြန္းၾကတဲ့ ကစားသမားေတြေၾကာင့္ ေခ်ပဂိုး ျပန္မရဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ႏိုင္လိုစိတ္၊ မခံခ်င္စိတ္နဲ႔ ဘာစိတ္မွ ရွိမေနတဲ့ အာဆင္နယ္တို႔ ခပ္႐ိုး႐ိုးပဲ ရႈံးသြားခဲ့ၿပီး ခ်န္ပီယံစိတ္ကူးယဥ္ဘဝကေန အဆင့္ေလးဝင္ရင္ ကံေကာင္းဆိုတဲ့ ဘဝကို ေျပာင္းလဲသြားခဲ့ခ်ိန္မွာ ဖူလ္ဟမ္တို႔ကေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲရခဲ့တာေၾကာင့္ အဆင့္ ၁၃ ကေန တန္းဆင္းဇုန္ကို ၉ မွတ္ျဖတ္ထားႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.