Premier League

လူကောင်းရောင်းပြီး ဂျင်းတွေဝယ်တဲ့ သရဲနီတွေကို ဝုန်းလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးဟာ စနေနေ့ညက နော်တင်ဟမ်ဖောရက်စ်က မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တောင်ပံကစားသမားဟောင်း အီလန်ဂါက အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပြီးနောက် အသင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဆွီဒင်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်လူစာရင်းထဲမှာ လူပိုဖြစ်ခဲ့သူဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြလက်ထက် အစောပိုင်းကာလတွေမှာ ပုံမှန်ပါဝင်ကစားပေးခွင့်ရခဲ့တာဖြစ်ပါတယ်။

အီလန်ဂါဟာ ခြေစွမ်းပိုင်း တိုးတက်လာအောင် ပုံမှန်ပွဲကစားချိန်ရရှိမယ့်အသင်းကို ရှာဖွေခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်ကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အသက်၂၁ နှစ်အရွယ်ကစားသမားဟာ လျင်လျင်မြန်မြန် ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပေမယ့်လည်း မန်ယူနိုက်တက်က အန်တိုနီနဲ့ ဆန်ချိုတို့လို ကစားသမားတွေကို ရင်းနှီးမြှုပ်နှံဖို့ကိုသာ အာရုံစိုက်ခဲ့ပြီး အကယ်ဒမီထွက်ကြယ်ပွင့်ကို ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် လူစာရင်းထဲကနေ လုံးလုံး ထုတ်ပယ်ခြင်းခံထားရပြီး အန်တိုနီကလည်း ပေးရတဲ့စျေးနဲ့ တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ဘရာဇီးလ်တောင်ပံကစားသမားဟာ စီးတီးဂရောင်းမှာ ဒဏ်ရာကြောင့် ၅၄ မိနစ်သာ ပါဝင်ကစားပေးနိုင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်ကို သွင်းဂိုး ၁ ဂိုးတည်းနဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

အီလန်ဂါကတော့ ဆန့်ကျင်ဘက်အနေနဲ့ ဖောရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့ပြီး နူနို ဆန်တိုရဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားအနေနဲ့ သူက အသင်းကို စွန့်ခွာသွားတဲ့အချိန်မှာ သူက တခြား ကစားသမားတွေထက် ပိုကောင်းမွန်လားဆိုတာကို မေးခွန်းထုတ်ရမယ်။ သူတို့တွေ တောင်ပံနေရာတွေအတွက် ငွေကြေးတွေ သုံးစွဲခဲ့တယ်။ ဆန်ချိုဆို ပေါင်သန်း ၇၀ တောင်ပေးခဲ့ရတယ်။ အန်တိုနီဆို ပေါင်သန်း ၉၀။ အီလန်ဂါလိုကစားသမားကျတော့ ထွက်သွားခဲ့ရတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးဟာ စေနေန႔ညက ေနာ္တင္ဟမ္ေဖာရက္စ္က မန္ခ်က္စတာယူႏိုက္တက္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေတာင္ပံကစားသမားေဟာင္း အီလန္ဂါက အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့ၿပီးေနာက္ အသင္းကို ေမးခြန္းထုတ္ခဲ့ပါတယ္။

ဆြီဒင္ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အဲရစ္တန္ဟက္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္လူစာရင္းထဲမွာ လူပိုျဖစ္ခဲ့သူျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပလက္ထက္ အေစာပိုင္းကာလေတြမွာ ပုံမွန္ပါဝင္ကစားေပးခြင့္ရခဲ့တာျဖစ္ပါတယ္။

အီလန္ဂါဟာ ေျခစြမ္းပိုင္း တိုးတက္လာေအာင္ ပုံမွန္ပြဲကစားခ်ိန္ရရွိမယ့္အသင္းကို ရွာေဖြခဲ့ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္ကို ေပါင္ ၁၅ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။ အသက္၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ လ်င္လ်င္ျမန္ျမန္ ေျခစြမ္းပိုင္း တိုးတက္လာခဲ့ေပမယ့္လည္း မန္ယူႏိုက္တက္က အန္တိုနီနဲ႔ ဆန္ခ်ိဳတို႔လို ကစားသမားေတြကို ရင္းႏွီးျမႇဳပ္ႏွံဖို႔ကိုသာ အာ႐ုံစိုက္ခဲ့ၿပီး အကယ္ဒမီထြက္ၾကယ္ပြင့္ကို ထြက္ခြာခြင့္ေပးခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ နည္းျပ တန္ဟက္နဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ လူစာရင္းထဲကေန လုံးလုံး ထုတ္ပယ္ျခင္းခံထားရၿပီး အန္တိုနီကလည္း ေပးရတဲ့ေစ်းနဲ႔ တန္တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ဘရာဇီးလ္ေတာင္ပံကစားသမားဟာ စီးတီးဂေရာင္းမွာ ဒဏ္ရာေၾကာင့္ ၅၄ မိနစ္သာ ပါဝင္ကစားေပးႏိုင္ခဲ့တာေၾကာင့္ ၂၀၂၃ ခုႏွစ္ကို သြင္းဂိုး ၁ ဂိုးတည္းနဲ႔ အဆုံးသတ္ခဲ့ရတာ ျဖစ္ပါတယ္။

အီလန္ဂါကေတာ့ ဆန႔္က်င္ဘက္အေနနဲ႔ ေဖာရက္စ္ရဲ႕ သြင္းဂိုး ၂ ဂိုးစလုံးမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ပတ္သက္ခဲ့ၿပီး ႏူႏို ဆန္တိုရဲ႕ ပထမဆုံးအိမ္ကြင္းႏိုင္ပြဲရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားအေနနဲ႔ သူက အသင္းကို စြန႔္ခြာသြားတဲ့အခ်ိန္မွာ သူက တျခား ကစားသမားေတြထက္ ပိုေကာင္းမြန္လားဆိုတာကို ေမးခြန္းထုတ္ရမယ္။ သူတို႔ေတြ ေတာင္ပံေနရာေတြအတြက္ ေငြေၾကးေတြ သုံးစြဲခဲ့တယ္။ ဆန္ခ်ိဳဆို ေပါင္သန္း ၇၀ ေတာင္ေပးခဲ့ရတယ္။ အန္တိုနီဆို ေပါင္သန္း ၉၀။ အီလန္ဂါလိုကစားသမားက်ေတာ့ ထြက္သြားခဲ့ရတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.