Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၀.၁၀.၂၀၂၀

– ဒူးအရြတ္ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ နားရေတာ့မယ့္ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို အစားထိုးမွဳအျဖစ္ လာမယ့္ ဇန္နဝါရီမွာ လီဗာပူးလ္အသင္းနဲ႔ အသံထြက္စျပဳလာတဲ့ ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို ေခၚယူဖို႔ ကြင္းလယ္လူ နာဘီ ကီးတားအေနနဲ႔ ကူညီႏုိင္မယ္လုိ႔ ယူဆေနၾက။

– လီဗာပူးလ္အသင္းကေန ၂၀၁၄ ခုႏွစ္က ထြက္ခြာခဲ့ၿပီး ဝုလ္ဗ္စ္နဲ႔အတူ တန္းတက္ေအာင္ ေျခစြမ္းျပႏုိင္ခဲ့သလို အဂၤလန္အသင္းႀကီးမွာပါ ေရြးခ်ယ္ခံထားခဲ့ရတဲ့ ေနာက္ခံလူ ကြန္နာ ကိုဒီက သူ႕ကို ဗန္ဒိုက္ေနရာ ျပန္အစားထိုးမယ္ဆုိတဲ့ ခန္႔မွန္းခ်က္ေတြကို ရယ္သြမ္းေသြးသြားခဲ့။

– လူငယ္ကြင္းလယ္ကစားသမား ကားတစ္ဂ်ဳံးစ္ကို လာမယ့္ အုိင္းယက္စ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္ေစဖို႔ လီဗာပူးလ္ပရိသတ္ေတြ အလိုရွိေနၾကၿပီး ၁၉ ႏွစ္သားရဲ႕ ေျခစြမ္းကို ကစားခြင့္နဲ႔အတူ ေထာက္ပံ့ေပးဖို႔ အလိုရွိေနၾက။

– အနားယူရေတာ့မယ့္ ဗန္ဒိုက္နဲ႔ ႀကံ့ခိုင္မွဳ မျပည့္ေသးဘဲ အဲဗာတန္နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ရတဲ့ ဂ်ဳိယယ္လ္ မာတစ္ပ္တုိ႔ ေနရာမွာ ေရတုိ အစားထိုးမွဳအျဖစ္ ဗလင္စီယာအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံလူ အီဇက္ကီးယဲလ္ ဂါ႐ိုင္းကို ပရိသတ္ေတြ ေခၚယူေစခ်င္ေနၾက။

– ဗန္ဒိုက္ရဲ႕ ေနရာအတြက္ ေလာေလာဆယ္မွာ အစားထိုးႏုိင္ဖို႔အတြက္ အသင္းရဲ႕ လုပ္အားႏွဳန္းအေကာင္းဆုံးကစားသမား ဖာဘင္ညဳိအေနနဲ႔ ခံစစ္ဗဟိုမွာ ဦးေဆာင္ကစားရဖို႔ရွိေနၿပီး ကြင္းလယ္အထိုင္ကစားသမားအျဖစ္ေတာ့ ဟန္ဒါဆန္နဲ႔ သီယာဂို အယ္လ္ကန္တာရာတုိ႔ အသုံးေတာ္ခံသြားဖြယ္ရွိေန။

– အဲဗာတန္နဲ႔ မာေဆးဆုိက္ဒါဘီမွာ လီဗာပူးလ္အသင္းအတြက္ ၿပဳိင္ပြဲစုံ ဂိုး ၁၀၀ ျပည့္ သြင္းယူႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး မိုဟာမက္ ဆာလားအတြက္ ဂ်ာမန္အားကစားပစၥည္းကုမၸဏီ အက္ဒီးဒတ္စ္က အထူးစပယ္ရွယ္ အမွတ္ရ ဖိနပ္တစ္ရံကို ျပဳလုပ္ေပးသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ စီးပြားေရး အင္ပါယာကေတာ့ ပါးပါးနပ္နပ္ ခ်ဲ႕ထြင္ေနၿပီး ၿပီးခဲ့တဲ့ မာေဆးဆုိက္ဒါဘီမွာ သူတုိ႔ရဲ႕ လက္ေမာင္း စပြန္ဆာသစ္အျဖစ္ ခရီးသြားလုပ္ငန္းစုတစ္ခုျဖစ္တဲ့ အိတ္စ္ပီးဒီးယားရဲ႕ လုိဂိုကို စတင္တပ္ဆင္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မယ့် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို အစားထိုးမှုအဖြစ် လာမယ့် ဇန်နဝါရီမှာ လီဗာပူးလ်အသင်းနဲ့ အသံထွက်စပြုလာတဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုကို ခေါ်ယူဖို့ ကွင်းလယ်လူ နာဘီ ကီးတားအနေနဲ့ ကူညီနိုင်မယ်လို့ ယူဆနေကြ။

– လီဗာပူးလ်အသင်းကနေ ၂၀၁၄ ခုနှစ်က ထွက်ခွာခဲ့ပြီး ဝုလ်ဗ်စ်နဲ့အတူ တန်းတက်အောင် ခြေစွမ်းပြနိုင်ခဲ့သလို အင်္ဂလန်အသင်းကြီးမှာပါ ရွေးချယ်ခံထားခဲ့ရတဲ့ နောက်ခံလူ ကွန်နာ ကိုဒီက သူ့ကို ဗန်ဒိုက်နေရာ ပြန်အစားထိုးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ရယ်သွမ်းသွေးသွားခဲ့။

– လူငယ်ကွင်းလယ်ကစားသမား ကားတစ်ဂျုံးစ်ကို လာမယ့် အိုင်းယက်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်စေဖို့ လီဗာပူးလ်ပရိသတ်တွေ အလိုရှိနေကြပြီး ၁၉ နှစ်သားရဲ့ ခြေစွမ်းကို ကစားခွင့်နဲ့အတူ ထောက်ပံ့ပေးဖို့ အလိုရှိနေကြ။

– အနားယူရတော့မယ့် ဗန်ဒိုက်နဲ့ ကြံ့ခိုင်မှု မပြည့်သေးဘဲ အဲဗာတန်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ရတဲ့ ဂျိုယယ်လ် မာတစ်ပ်တို့ နေရာမှာ ရေတို အစားထိုးမှုအဖြစ် ဗလင်စီယာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ အီဇက်ကီးယဲလ် ဂါရိုင်းကို ပရိသတ်တွေ ခေါ်ယူစေချင်နေကြ။

– ဗန်ဒိုက်ရဲ့ နေရာအတွက် လောလောဆယ်မှာ အစားထိုးနိုင်ဖို့အတွက် အသင်းရဲ့ လုပ်အားနှုန်းအကောင်းဆုံးကစားသမား ဖာဘင်ညိုအနေနဲ့ ခံစစ်ဗဟိုမှာ ဦးဆောင်ကစားရဖို့ရှိနေပြီး ကွင်းလယ်အထိုင်ကစားသမားအဖြစ်တော့ ဟန်ဒါဆန်နဲ့ သီယာဂို အယ်လ်ကန်တာရာတို့ အသုံးတော်ခံသွားဖွယ်ရှိနေ။

– အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၁၀၀ ပြည့် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားအတွက် ဂျာမန်အားကစားပစ္စည်းကုမ္ပဏီ အက်ဒီးဒတ်စ်က အထူးစပယ်ရှယ် အမှတ်ရ ဖိနပ်တစ်ရံကို ပြုလုပ်ပေးသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ စီးပွားရေး အင်ပါယာကတော့ ပါးပါးနပ်နပ် ချဲ့ထွင်နေပြီး ပြီးခဲ့တဲ့ မာဆေးဆိုက်ဒါဘီမှာ သူတို့ရဲ့ လက်မောင်း စပွန်ဆာသစ်အဖြစ် ခရီးသွားလုပ်ငန်းစုတစ်ခုဖြစ်တဲ့ အိတ်စ်ပီးဒီးယားရဲ့ လိုဂိုကို စတင်တပ်ဆင်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.