Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၀.၁၀.၂၀၂၀

– ပီအက္စ္ဂ်ီကို ရင္ဆုိင္မယ့္ ပါရီသြား မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းမွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားနဲ႔ တုိက္စစ္မွဴးသစ္ အက္ဒင္ဆန္ ကာဗာနီတုိ႔ ပါဝင္မွာ မဟုတ္ဘူးလို႔ သိရၿပီး ေမဆန္ ဂရင္းဝုဒ္နဲ႔ အဲရစ္ ဘုိင္လီတုိ႔လည္း ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မည္။

– ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို ယူႏုိက္တက္တုိ႔ ေခၚယူဖို႔ အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ ညေန ၆ နာရီမွာ စာရြက္စာတမ္းေတြ အကုန္လုံး စီစဥ္ၿပီးခဲ့ေပမယ့္ ႏွစ္နာရီအၾကာမွာ စိတ္ေျပာင္းသြားတဲ့ ျပင္သစ္သားေၾကာင့္ ႏွစ္ဖက္အသင္းေတြ စိတ္ပ်က္ခဲ့ရ။

– ပီအက္စ္ဂ်ီအသင္းရဲ႕ တုိက္စစ္မွဴး ခိုင္လ်န္ အမ္ဘာေပက သူ႕ကို ျပင္သစ္အသင္းေဖာ္ ေပါလ္ ေပါ့ဘာက ယူႏုိက္တက္ရဲ႕ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေၾကာင္း ခ်ီးက်ဴးေျပာၾကားတာကို မၾကာခဏၾကားခဲ့ရၿပီး တျခားကစားသမားေတြကို ဒီလိုမေျပာတတ္တဲ့ ကြင္းလယ္လူေၾကာင့္ သူ႕ကို သတိထားရမယ္လို႔ ပြဲမတုိင္ခင္ေျပာၾကား။

– ပီအက္စ္ဂ်ီအသင္းနဲ႔ပြဲကို ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ဘူးလို႔ သို႔ေလာသို႔ေလာ ခန္႔မွန္းေနမွဳေတြကို အသင္းေခါင္းေဆာင္ မက္ဂြဳိင္းယားက ရွင္းလင္းလုိက္ၿပီး အျမန္ဆုံးႀကံ့ခိုင္ၿပီး ျပန္ကစားႏုိင္ဖို႔ ႀကဳိးစားသြားမယ္လို႔ဆုိ။

– လာမယ့္ Parc des Princes (မင္းသားမ်ားကြင္း)က ပီအက္စ္ဂ်ီနဲ႔ ပြဲစဥ္ကို မက္ဂြဳိင္းယား မပါဝင္ခ်ိန္မွာ ဦးေဆာင္ဖို႔ အသင္းေခါင္းေဆာင္သစ္အျဖစ္ ဘ႐ူႏို ဖာနန္ဒက္စ္ကို နည္းျပ ဆုိးလ္ရွားက အမည္တင္သြင္းလုိက္ၿပီး ေပၚတူဂီကြင္းလယ္လူအေနနဲ႔ ဒီလိုအခြင့္အေရးကို မေမွ်ာ္လင့္မိေၾကာင္းနဲ႔ ဂုဏ္ယူေၾကာင္း ေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ သူတုိ႔ရဲ႕ လူစာရင္းကို ဇန္နဝါရီမွာ အင္အားထပ္မံျဖည့္တင္းႏုိင္ေသးၿပီး ဘာစီလိုနာရဲ႕ အူစမန္ ဒမ္ဘီလီနဲ႔ ေဒါ့မြန္ရဲ႕ ေဂ်ဒြန္ ဆန္ခ်ဳိတုိ႔ကုိ သတ္မွတ္ေဈးေပးေခ်ရင္ ေရာင္းခ်ဖို႔ အသင္းေတြက အခြင့္အေရးေပးထား။

– အသင္းရဲ႕ အပယ္ခံေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဖီးလ္ ဂ်ဳံးစ္ကို ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္းတခ်ဳိ႕က စိတ္ဝင္စားခဲ့ၾကေပမယ့္ ယူႏုိက္တက္ဘက္က သတ္မွတ္တဲ့ ေပါင္သန္း ၂၀ ေဈးႏွဳန္းေၾကာင့္ ေနာက္ဆုတ္သြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပီအက်စ်ဂျီကို ရင်ဆိုင်မယ့် ပါရီသွား မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့ တိုက်စစ်မှူးသစ် အက်ဒင်ဆန် ကာဗာနီတို့ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပြီး မေဆန် ဂရင်းဝုဒ်နဲ့ အဲရစ် ဘိုင်လီတို့လည်း ဒဏ်ရာကြောင့် လွဲချော်မည်။

– ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို ယူနိုက်တက်တို့ ခေါ်ယူဖို့ အပြောင်းအရွှေ့နောက်ဆုံးနေ့ ညနေ ၆ နာရီမှာ စာရွက်စာတမ်းတွေ အကုန်လုံး စီစဉ်ပြီးခဲ့ပေမယ့် နှစ်နာရီအကြာမှာ စိတ်ပြောင်းသွားတဲ့ ပြင်သစ်သားကြောင့် နှစ်ဖက်အသင်းတွေ စိတ်ပျက်ခဲ့ရ။

– ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေက သူ့ကို ပြင်သစ်အသင်းဖော် ပေါလ် ပေါ့ဘာက ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အကြောင်း ချီးကျူးပြောကြားတာကို မကြာခဏကြားခဲ့ရပြီး တခြားကစားသမားတွေကို ဒီလိုမပြောတတ်တဲ့ ကွင်းလယ်လူကြောင့် သူ့ကို သတိထားရမယ်လို့ ပွဲမတိုင်ခင်ပြောကြား။

– ပီအက်စ်ဂျီအသင်းနဲ့ပွဲကို ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူးလို့ သို့လောသို့လော ခန့်မှန်းနေမှုတွေကို အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ရှင်းလင်းလိုက်ပြီး အမြန်ဆုံးကြံ့ခိုင်ပြီး ပြန်ကစားနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆို။

– လာမယ့် Parc des Princes (မင်းသားများကွင်း)က ပီအက်စ်ဂျီနဲ့ ပွဲစဉ်ကို မက်ဂွိုင်းယား မပါဝင်ချိန်မှာ ဦးဆောင်ဖို့ အသင်းခေါင်းဆောင်သစ်အဖြစ် ဘရူနို ဖာနန်ဒက်စ်ကို နည်းပြ ဆိုးလ်ရှားက အမည်တင်သွင်းလိုက်ပြီး ပေါ်တူဂီကွင်းလယ်လူအနေနဲ့ ဒီလိုအခွင့်အရေးကို မမျှော်လင့်မိကြောင်းနဲ့ ဂုဏ်ယူကြောင်း ပြောကြား။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ လူစာရင်းကို ဇန်နဝါရီမှာ အင်အားထပ်မံဖြည့်တင်းနိုင်သေးပြီး ဘာစီလိုနာရဲ့ အူစမန် ဒမ်ဘီလီနဲ့ ဒေါ့မွန်ရဲ့ ဂျေဒွန် ဆန်ချိုတို့ကို သတ်မှတ်ဈေးပေးချေရင် ရောင်းချဖို့ အသင်းတွေက အခွင့်အရေးပေးထား။

– အသင်းရဲ့ အပယ်ခံနောက်ခံလူတစ်ဦးဖြစ်တဲ့ ဖီးလ် ဂျုံးစ်ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတချို့က စိတ်ဝင်စားခဲ့ကြပေမယ့် ယူနိုက်တက်ဘက်က သတ်မှတ်တဲ့ ပေါင်သန်း ၂၀ ဈေးနှုန်းကြောင့် နောက်ဆုတ်သွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.