Premier League
လူတန်ကို အနိုင်ယူပြီး အဝေးကွင်းမှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ
ချဲလ်ဆီးဟာ လူတန်တောင်းနဲ့ပွဲစဉ်မှာ ကိုး ပါလ်မာ တောက်ပမှုနဲ့အတူ နိုင်ပွဲနဲ့ အတူ အဝေးကွင်းမှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပိုချက်တီနိုဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ကလော်ဒီယို ရာနီယေးရီလက်ထက်နောက်ပိုင်း အဆိုးရွားဆုံးနေ့ရက်တွေဖြစ်လာခဲ့ပေမယ့်လည်း ကန်နေးလ်ဝေ့ါသ်ရုဒ်မှာတော့ ကိုး ပါလ်မာကျေးဇူးကြောင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လူတန်က ပွဲပြီးခါနီးမှာ ၂ ဂိုးအထိ ပြန်လည်သွင်းယူသွားခဲ့တာကြောင့် စိတ်လှုပ်ရှားစရာ နောက်ဆုံးပွဲကစားချိန်တွေကို ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ ပြန်ပြောရမယ့်အချက်တွေ ရှိနေပါတယ်။
၁။ တူညီတဲ့ပုံစံနဲ့ ခက်ခဲတဲ့နှစ်ကို အဆုံးသတ်ခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ ပြက္ခဒိန်နှစ်တစ်နှစ်ရဲ့အဆုံးက ပွဲစဉ်တွေမှာ ရှုံးနိမ့်လေ့မရှိခဲ့ဘဲ အတိအကျပြောရမယ်ဆိုရင် ၂၀၁၁ ခုနှစ်တုန်းက အက်စတန် ဗီလာကို ရှုံးနိမ့်ခဲ့ပြီးကတည်းက မရှုံးခဲ့တာပါ။ လူတန်ကို အနိုင်ရရှိခဲ့မှုက ပိုမိုကောင်းမွန်တဲ့ ၂၀၂၄ ခုနှစ်ကို ပိုင်ဆိုင်ဖို့ မျှော်လင့်နေတဲ့ အသင်းပရိသတ်တွေအတွက်တော့ အားတက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃၆၅ ရက်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အောင်မြင်မှု အနည်းဆုံးအချိန်တွေ ဖြစ်ခဲ့ပြီး နည်းပြအပြောင်းအလဲအများအပြားနဲ့ အသင်းက မတည်မငြိမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
၂။ နောက်ကျသွားခဲ့တဲ့ လူတန်ရဲ့ နောက်ကျရှိုး
လူတန်ဟာ သူတို့ရဲ့ အားသာချက်က ဘယ်နေရာမှာရှိလဲဆိုတာကို သိရှိပြီး ဘောလုံးပိုင်ဆိုင်မှု ပိုမိုပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်တွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုလည်း သိရှိပါတယ်။ လူတန်ဟာ ရလဒ်ကောင်းတွေရယူချင်တယ်ဆိုရင် ဘယ်နေရာတွေမှာ ကောင်းမွန်အောင်လုပ်ရမလဲဆိုတာကိုလည်း သိရှိပြီး သူတို့ရဲ့ အမြင့်ဘောခြိမ်းခြောက်နိုင်စွမ်းနဲ့ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကို ပြဿနာပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ ပွဲကစားချိန် နှောင်းပိုင်းမတိုင်ခင်အထိ အဲဒီအားသာချက်ကို အသုံးချဖို့ ရုန်းကန်ခဲ့ရပြီး ဧည့်သည်တွေက ပင်နယ်တီဧရိယာထဲဝင်လာတဲ့ဘောလုံးကို ရှင်းထုတ်ပစ်နိုင်ခဲ့တာကြောင့် လူတန်တို့ ဘာမှ လုပ်မရဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး မိနစ် ၂၀မှာတော့ လူတန်တို့ လမိုင်းကပ်လာပြီး အဒီဘာယိုရဲ့ ခေါင်းတိုက်ဂိုးဟာ VAR ရဲ့ ငြင်းပယ်ခံခဲ့ရပေမယ့်လည်း ချဲလ်ဆီးတို့ကတော့ အဲဒါက သတိပေးချက်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ ဘာကလေက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချေပဂိုး သွင်းယူသွားခဲ့ပြီးနောက် အဒီဘာယိုက ပွဲကစားချိန် ၃ မိနစ်သာကျန်တော့တဲ့အချိန်မှာ နောက်ထပ် ခေါင်းတိုက်ချေပဂိုးသွင်းယူသွားချိန်မှာ ကန်နေးလ်ဝေါ့သ်ရုဒ်တစ်ခုလုံး အုန်းအုန်းကျက်ကျက်ဖြစ်ခဲ့ပေမယ့် အခါနှောင်းသွားခဲ့ပြီဖြစ်ပါတယ်။
၃။ ခြေစွမ်းပိုင်း မြင့်တက်လာနေတဲ့ မာဒူအဲခီ
ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ဖိအားတွေ အရမ်းများနေချိန်မှာ ပင်နယ်တီကို ယုံကြည်ချက်ရှိရှိနဲ့ ကန်သွင်းယူခဲ့ပြီး လူတန်နဲ့ပွဲမှာလည်း တောင်ပံကစားသမားအတွက် နောက်ထပ် ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခု ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ချဲလ်ဆီးရဲ့ လူငယ်ကစားသမားသစ်စုဆောင်းမှုအစီအစဉ် အစိတ်အပိုင်းတစ်ခုအနေနဲ့ ခေါ်ယူခြင်းခံခဲ့ရတဲ့ မာဒူအဲခီဟာ အသင်းအတွက် သင့်တော်တဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲက မာဒူအဲခီရဲ့ စွမ်းဆောင်ရည်ကို ချီးမွမ်းခန်းဖွင့်ခဲ့ပြီး လူငယ်တောင်ပံကစားသမားက ချီးကျူးရကျိုးနပ်အောင် နောက်ထပ် အရည်အသွေးရှိတဲ့ အခိုက်အတန့်တစ်ခု လုပ်ပြနိုင်ခဲ့လို့ ချဲလ်ဆီးနည်းပြလည်း ထပ်တူထပ်မျှ ပျော်ရွှင်ခဲ့မှာပါ။
၄။ စိတ်ပျက်စရာကောင်းခဲ့တဲ့ ဂျက်ဆင်
အဆုံးသတ်နိုင်သင့်တဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့မှုဟာ လူမှုကွန်ရက်ပေါ်မှာ နီကိုးလတ်စ် ဂျက်ဆင်ကို လှောင်ပြောင်နေကြတဲ့အကြောင်းအရာဖြစ်ပေမယ့်လည်း ဒီမတိုင်ခင်တုန်းကတော့ မကြာခဏ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါက ဒီအပတ်မှာ ကစားသမားရဲ့ အလားအလာရှိမှုကို ချီးကျူးပြောဆိုခဲ့တဲ့ နည်းပြ ပိုချက်တီနိုအတွက် စိတ်ပျက်မှုတွေကိုသာ မြင့်တက်စေမှာဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြဟာ အရင်ကသာဆိုရင် ဂျက်ဆင်ရဲ့ပွဲကစားချိန်ကို လျှော့ချကောင်း လျှော့ချနိုင်ပေမယ့် တောင်ပံကစားသမားရဲ့ ပြေးလွှားမှု၊ ရွေ့လျားမှုနဲ့ ကိုယ်ကာယတောင့်တင်းမှုတို့က မကြာခဏ အားလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ လူတန်နဲ့ပွဲမှာလည်း အဲဒါကို ဆက်မြင်ခဲ့ရပြီး ချဲလ်ဆီးရဲ့ ပူးတွဲထိပ်တန်းဂိုးသွင်းရှင် ဖြစ်ပေမယ့်လည်း ဂိုးပေါက်ရှေ့မှာ ယုံကြည်ချက်ကင်းမဲ့မှုက သိသာနေခဲ့ပါတယ်။ ပထမပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေးမှာဆိုရင် ဘယ်တောင်ပံကနေ ဆွဲပြေးလာခဲ့ပြီးနောက် ကန်သွင်းဖို့ ထောင့်ကျဉ်းအနေအထားဖြစ်နေခဲ့တယ်ဆိုရင်တောင်မှပဲ ပိုမိုကောင်းမွန်တဲ့ ကန်ချက်မျိုး ပြုလုပ်နိုင်ခဲ့သင့်ပါတယ်။ အာမန်ဒို ဘရိုဂျာက အထောင်တိုက်စစ်မှူးအဖြစ် ကစားနေတာကြောင့် ဂျက်ဆင် ပိုမို လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း ညံ့ဖျင်းမှုက ပြဿနာဖြစ်နေဆဲဖြစ်ပါတယ်။
၅။ အကောင်းဆုံးလူစာရင်းက ဘာလဲဆိုတာ သိသေးပုံမပေါ်တဲ့ ပိုချက်တီနို
ပွဲထွက်လူစာရင်းထွက်လာချိန်မှာ အားလုံးအံ့အားသင့်ခဲ့ကြပြီး ပိုချက်တီနိုဟာ သူ့ရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ရှာဖွေနေဆဲဖြစ်တာကြောင့် အဆက်အပြတ် အပြောင်းအလဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုင်ခေလို မာဒရစ်ခ်ဟာ အရန်ခုံထိုင်ခဲ့ရပြီး ပိုချက်တီနိုကတော့ ဒဏ်ရာပြဿနာ အနည်းငယ်စိုးရိမ်စရာရှိနေတာကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် စတားလင်းနဲ့ အန်ကွန်ကူတို့ကို ချန်လှပ်ခဲ့တာကတော့ တော်တော်လေး ဆိုးရွားခဲ့ပြီး အန်ကွန်ကူဆိုရင် ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အသင်းပရိသတ်တွေဟာ သွင်းဂိုးပြဿနာအတွက် ကယ်တင်ရှင်ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းထားခဲ့ကြပေမယ့်လည်း ပွဲချိန် မိနစ် ၆၀ လောက်မှ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ အန်ကွန်ကူကို ဂျာမနီတုန်းက ခြေစွမ်းမျိုး ပြသတာ လိုချင်တယ်ဆိုရင် ပုံမှန်ပွဲကစားချိန်ပေးဖို့ လိုမှာဖြစ်ပြီး စတားလင်းကလည်း ပုံမှန်အသင်းအတွက် တောက်ပနေတဲ့ကစားသမားပါ။ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် စတားလင်း ပြန်လည်ကစားပေးနိုင်တဲ့အခြေအနေမှာရှိနေပေမယ့်လည်း ချန်လှပ်ခံခဲ့ရတာက ပိုချက်တီနိုအနေနဲ့ သူ့ရဲ့ အကောင်းဆုံးပွဲထွက်လူစာရင်းကို ခုထိမသိသေးဘူးဆိုတာ ထင်ရှားနေပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ချဲလ်ဆီးဟာ လူတန်တောင်းနဲ့ပွဲစဉ်မှာ ကိုး ပါလ်မာ တောက်ပမှုနဲ့အတူ နိုင်ပွဲနဲ့ အတူ အဝေးကွင်းမှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပိုချက်တီနိုဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ကလော်ဒီယို ရာနီယေးရီလက်ထက်နောက်ပိုင်း အဆိုးရွားဆုံးနေ့ရက်တွေဖြစ်လာခဲ့ပေမယ့်လည်း ကန်နေးလ်ဝေါ့သ်ရုဒ်မှာတော့ ကိုး ပါလ်မာကျေးဇူးကြောင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.