Match Report Premier League

နှစ်သင်းစလုံး ခြေမှန်အတူတူရကြချိန်မှာ ဖောရက်စ်နိုင်ပြီး မန်ယူရှုံးခဲ့တဲ့ပွဲ

နော့တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာနာ၊ ခံစစ်မှာ နီယာခါတေး၊ မူရီလို၊ မွန်တီယယ်လ်နဲ့ အိုင်နာတို့ကိ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ယိတ်စ်၊ ဒါနီလို၊ ဂစ်ဘ်စ်-ဝှိုက်၊ ဒိုမင်ရက်ဇ်နဲ့ အီလန်ဂါတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ခရစ္စဝုဒ်ကိုပဲ အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတာ့ မိုင်နူး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဟွိုင်လန်း ဖျားနေခဲ့လို့ အန်တိုနီ၊ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ အီလန်ဂါရဲ့ ဘယ်ညာပြောင်းပြီး ထိုးဖောက်မှုတွေက မန်ယူတို့ကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ခဲ့သလို ဖိအားတွေ ဝင်စေခဲ့ပြီး မန်ယူတို့ကတော့ ထုံးစံအတိုင်း ပွဲတစ်ပွဲကို အကြံတုံး ဉာဏ်တုံးနဲ့ ချဉ်းကပ်ပြီး ကောင်တာရမှ ဖောက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကစားရင်း ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အလုပ်မဖြစ်တဲ့ ပုံစံကို မန်ယူတို့ ပြင်ဆင်လာခဲ့ကြပြီး မိုင်နူးအစား မက်တော်မီနေးကို ပွဲအစမှာ ပြန်ထည့်ခဲ့သလို အလုပ်မဖြစ်တဲ့ အန်တိုနီအစား အာမက် ဒီယာလိုကို ထည့်သွင်းခဲ့ရာမှာ အိုင်ဗရီကို့စ်သားရဲ့ သွက်လက်တဲ့ ပုံစံတွေက ပရိသတ်တွေကို အတိုင်းအတာ တစ်ခုအထိ ကျေနပ်စေနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဖောရက်စ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အလျဉ်းသင့်သလို တောင်ပံတွေ ပြောင်းကစားနေတဲ့ အီလန်ဂါက ညာခြမ်းကနေ အတွင်းကို ချိုးပေးရာမှာ မွန်တီယယ်လ်က ဧရိယာထဲကနေ ဂိုးရှေ့ကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ဒိုမင်ရက်ဇ်က အနိမ့်ဘော ကန်သွင်းပြီး စုဖွဲ့ပုံ ညံ့ဖျင်းခဲ့တဲ့ မန်ယူခံစစ်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဖောရက်စ်ခံစစ် နောက်ပြန်ပေးရာကနေ ဂိုးသမား တာနာ ရှင်းထုတ်ရာမှာ သူ့လူဆီ မရောက်ခင် ဂါနာချိုက လျှောထိုးဖြတ်တားနိုင်ခဲ့ပြီး ကန်မလိုလိုနဲ့ ဘယ်ခြမ်းကို ချိုးပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ညာဘက် တိုင်ခြေကို အနိမ့်ဘော ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

မန်ယူတို့ မျှော်လင့်ချက်တွေက ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၈၂ မိနစ်မှာ ဖောရက်စ်တို့ပဲ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဘောလုံးရလာခဲ့တဲ့ အီလန်ဂါက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ပထမဂိုးကလိုပဲ အကွက်ကြဲကြီးတွေနဲ့ ကာကွယ်ပုံ ပေါ့လျော့ခဲ့တဲ့ ဧည့်သည်ခံစစ်ကြားကနေ ဂစ်ဘ်စ်-ဝှိုက်က ပါးပါးနပ်နပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့တဲ့ပွဲမှာ မန်ယူတို့ လုပ်နိုင်တာ ဘာမှ မရှိခဲ့ဘဲ အိမ်ရှင်တွေရဲ့ ပိတ်ကစားခဲ့တဲ့ ခံစစ်ကိုလည်း မကျော်နိုင်ခဲ့လို့ ၂၀၂၃ ခုနှစ်ကို အရှုံးနဲ့ပဲ ပိတ်သိမ်းခဲ့ရပြီး နည်းပြသစ် နူနို ဆန်တိုရဲ့ လက်အောက်မှာ ပုံစံကောင်းရနေတဲ့ ဖောရက်စ်တို့ကတော့ အသင်းကြီးနှစ်သင်းကို နိုင်ပွဲဆက်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့အတွက် အဆင့် ၁၅ နေရာကနေ ယုံကြည်ချက် မြင့်မားလာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေနာ့တင္ဟမ္ေဖာရက္စ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာနာ၊ ခံစစ္မွာ နီယာခါေတး၊ မူရီလို၊ မြန္တီယယ္လ္နဲ႔ အိုင္နာတို႔ကိ အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယိတ္စ္၊ ဒါနီလို၊ ဂစ္ဘ္စ္-ဝႈိက္၊ ဒိုမင္ရက္ဇ္နဲ႔ အီလန္ဂါတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ခရစၥဝုဒ္ကိုပဲ အေထာင္ထားၿပီး ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ အီဗန္စ္၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာတာ့ မိုင္ႏူး၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟြိဳင္လန္း ဖ်ားေနခဲ့လို႔ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ အီလန္ဂါရဲ႕ ဘယ္ညာေျပာင္းၿပီး ထိုးေဖာက္မႈေတြက မန္ယူတို႔ကို ႀကီးႀကီးမားမား ဒုကၡေပးႏိုင္ခဲ့သလို ဖိအားေတြ ဝင္ေစခဲ့ၿပီး မန္ယူတို႔ကေတာ့ ထုံးစံအတိုင္း ပြဲတစ္ပြဲကို အႀကံတုံး ဉာဏ္တုံးနဲ႔ ခ်ဥ္းကပ္ၿပီး ေကာင္တာရမွ ေဖာက္မယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ကစားရင္း ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အလုပ္မျဖစ္တဲ့ ပုံစံကို မန္ယူတို႔ ျပင္ဆင္လာခဲ့ၾကၿပီး မိုင္ႏူးအစား မက္ေတာ္မီေနးကို ပြဲအစမွာ ျပန္ထည့္ခဲ့သလို အလုပ္မျဖစ္တဲ့ အန္တိုနီအစား အာမက္ ဒီယာလိုကို ထည့္သြင္းခဲ့ရာမွာ အိုင္ဗရီကို႔စ္သားရဲ႕ သြက္လက္တဲ့ ပုံစံေတြက ပရိသတ္ေတြကို အတိုင္းအတာ တစ္ခုအထိ ေက်နပ္ေစႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အလ်ဥ္းသင့္သလို ေတာင္ပံေတြ ေျပာင္းကစားေနတဲ့ အီလန္ဂါက ညာျခမ္းကေန အတြင္းကို ခ်ိဳးေပးရာမွာ မြန္တီယယ္လ္က ဧရိယာထဲကေန ဂိုးေရွ႕ကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို ဒိုမင္ရက္ဇ္က အနိမ့္ေဘာ ကန္သြင္းၿပီး စုဖြဲ႕ပုံ ညံ့ဖ်င္းခဲ့တဲ့ မန္ယူခံစစ္ကို အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ မန္ယူတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေဖာရက္စ္ခံစစ္ ေနာက္ျပန္ေပးရာကေန ဂိုးသမား တာနာ ရွင္းထုတ္ရာမွာ သူ႔လူဆီ မေရာက္ခင္ ဂါနာခ်ိဳက ေလွ်ာထိုးျဖတ္တားႏိုင္ခဲ့ၿပီး ကန္မလိုလိုနဲ႔ ဘယ္ျခမ္းကို ခ်ိဳးေပးခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က ညာဘက္ တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

မန္ယူတို႔ ေမွ်ာ္လင့္ခ်က္ေတြက ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၈၂ မိနစ္မွာ ေဖာရက္စ္တို႔ပဲ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ေဘာလုံးရလာခဲ့တဲ့ အီလန္ဂါက ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ ပထမဂိုးကလိုပဲ အကြက္ႀကဲႀကီးေတြနဲ႔ ကာကြယ္ပုံ ေပါ့ေလ်ာ့ခဲ့တဲ့ ဧည့္သည္ခံစစ္ၾကားကေန ဂစ္ဘ္စ္-ဝႈိက္က ပါးပါးနပ္နပ္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ ေပးခဲ့တဲ့ပြဲမွာ မန္ယူတို႔ လုပ္ႏိုင္တာ ဘာမွ မရွိခဲ့ဘဲ အိမ္ရွင္ေတြရဲ႕ ပိတ္ကစားခဲ့တဲ့ ခံစစ္ကိုလည္း မေက်ာ္ႏိုင္ခဲ့လို႔ ၂၀၂၃ ခုႏွစ္ကို အရႈံးနဲ႔ပဲ ပိတ္သိမ္းခဲ့ရၿပီး နည္းျပသစ္ ႏူႏို ဆန္တိုရဲ႕ လက္ေအာက္မွာ ပုံစံေကာင္းရေနတဲ့ ေဖာရက္စ္တို႔ကေတာ့ အသင္းႀကီးႏွစ္သင္းကို ႏိုင္ပြဲဆက္ၿပီး ပရီးမီးယားလိဂ္မွာ ဆက္ရွိဖို႔အတြက္ အဆင့္ ၁၅ ေနရာကေန ယုံၾကည္ခ်က္ ျမင့္မားလာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.