Match Report Premier League

ရှက်ဖီးလ်ဒ်ကို အနိုင်ယူပြီး ၂၀၂၃ ကို အိမ်ကွင်းရှုံးပွဲမရှိနဲ့ ပိတ်သိမ်းခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်ကိုပဲ အထောင်ထားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ ထရပ်စ်တီ၊ ရော်ဘင်ဆန်၊ ဘောလ်ဒေါ့ခ်၊ ဘိုဂယ်လ်နဲ့ သောမတ်စ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဗီနီးရှပ် ဆူဇာ၊ နော်ဝုဒ်နဲ့ ဘရွတ်ခ်စ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဆလီမာနီနဲ့ အိုဆူလာတို့ကို ပွဲထုတ်လာခဲ့တာပါ။

မန်စီးတီးတို့အတွက်တော့ ဒီလိုပွဲမျိုးက ဘယ်လို ကစားရမယ်ဆိုတာ ကောင်းကောင်းသိထားတဲ့ အိမ်စာတစ်ခုသာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုကို ၈၁ ရာခိုင်နှုန်းအထိ ကိုင်ထားနိုင်ခဲ့သလို ရှက်ဖီးလ်ဒ်ခံစစ်နဲ့ ဂိုးသမားတို့ ကြိုးစားကာကွယ်ခဲ့လို့သာ ထင်သလောက် ဂိုးမပြတ်ခဲ့ရတာဖြစ်သလို ဧည့်သည် နည်းပြ ခရစ္စ ဝိုင်လ်ဒါအနေနဲ့ ဂွါဒီယိုလာကို ယှဉ်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့လည်း ဆိုရပါလိမ့်မယ်။

ပွဲချိန် ၁၄ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကို အာကန်ဂျီက ခင်းပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန် ထိန်းသိမ်းဖို့ ကြိုးစားရင်း ပြန်ထွက်လာရာမှာ နောက်က ပါလာတဲ့ ရိုဒရီက တောက်လျှောက်ဆွဲပြေးလာတာကို စောစောစီးစီး ဖျက်ထုတ်ရမယ့်အစား ဧရိယာထဲအထိ ဆုတ်ခံဖို့ ကြိုးစားတဲ့ ရှက်ဖီးလ်ဒ်ခံစစ် ၄ ယောက်ရဲ့ တုံးအမှုကြောင့် စပိန်သားက စိတ်ကြိုက်ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ စောဒကတက်လို့ အဝါထိခဲ့တာလွဲရင် သိပ်တော့ ထူးထူးခြားခြားကိစ္စမျိုး ထပ်မဖြစ်ခဲ့ဘဲ အိမ်ရှင်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ခြေအသာနဲ့ပဲ ဆက်ကစားခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ ခြေစွမ်းမပြနိုင်တဲ့ ဂရီးလစ်ရှ်အစား လူငယ် အော်စကာ ဘော့ဘ်ကို အခွင့်အရေး ပေးသွားခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဘော့ဘ်ရဲ့ အကွက်မြင်မြင်နဲ့ အနီးတိုင်နားကို ထိုးပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က ပြေးဝင်ပြီး ညာဘက်ကို အနိမ့်ဘော ထပ်ချိုးပေးခဲ့ရာမှာတော့ အယ်လ်ဗာရက်ဇ်က လျှောထိုးပိတ်သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ မန်စီးတီးတို့ ပွဲကို ထိန်းပြီး ကစားသွားခဲ့သလို ရှက်ဖီးလ်ဒ်တို့ကတော့ တစ်စုံတစ်ခု လုပ်ပြဖို့ထက် ဘောလုံးတောင် သိပ်မရတာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ပြန်တက်လာနိုင်ခဲ့သလို အဆင့် ၄ ရောက်သွားခဲ့တဲ့ အာဆင်နယ်တို့အတွက်တော့ ဖူလ်ဟမ်နဲ့ မကစားခင် စိတ်ဖိစီးစရာတစ်ခု ထပ်ဖြစ်လာခဲ့ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ အာေက၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ကိုဗာခ်စ္ခ်္၊ ဖိုဒန္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္ကိုပဲ အေထာင္ထားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ဖိုဒါရင္ဟမ္၊ ခံစစ္မွာ ထရပ္စ္တီ၊ ေရာ္ဘင္ဆန္၊ ေဘာလ္ေဒါ့ခ္၊ ဘိုဂယ္လ္နဲ႔ ေသာမတ္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗီနီးရွပ္ ဆူဇာ၊ ေနာ္ဝုဒ္နဲ႔ ဘ႐ြတ္ခ္စ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆလီမာနီနဲ႔ အိုဆူလာတို႔ကို ပြဲထုတ္လာခဲ့တာပါ။

မန္စီးတီးတို႔အတြက္ေတာ့ ဒီလိုပြဲမ်ိဳးက ဘယ္လို ကစားရမယ္ဆိုတာ ေကာင္းေကာင္းသိထားတဲ့ အိမ္စာတစ္ခုသာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈကို ၈၁ ရာခိုင္ႏႈန္းအထိ ကိုင္ထားႏိုင္ခဲ့သလို ရွက္ဖီးလ္ဒ္ခံစစ္နဲ႔ ဂိုးသမားတို႔ ႀကိဳးစားကာကြယ္ခဲ့လို႔သာ ထင္သေလာက္ ဂိုးမျပတ္ခဲ့ရတာျဖစ္သလို ဧည့္သည္ နည္းျပ ခရစၥ ဝိုင္လ္ဒါအေနနဲ႔ ဂြါဒီယိုလာကို ယွဥ္ဖို႔ မျဖစ္ႏိုင္ခဲ့ဘူးလို႔လည္း ဆိုရပါလိမ့္မယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကို အာကန္ဂ်ီက ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဖိုဒန္ ထိန္းသိမ္းဖို႔ ႀကိဳးစားရင္း ျပန္ထြက္လာရာမွာ ေနာက္က ပါလာတဲ့ ႐ိုဒရီက ေတာက္ေလွ်ာက္ဆြဲေျပးလာတာကို ေစာေစာစီးစီး ဖ်က္ထုတ္ရမယ့္အစား ဧရိယာထဲအထိ ဆုတ္ခံဖို႔ ႀကိဳးစားတဲ့ ရွက္ဖီးလ္ဒ္ခံစစ္ ၄ ေယာက္ရဲ႕ တုံးအမႈေၾကာင့္ စပိန္သားက စိတ္ႀကိဳက္ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာ ေစာဒကတက္လို႔ အဝါထိခဲ့တာလြဲရင္ သိပ္ေတာ့ ထူးထူးျခားျခားကိစၥမ်ိဳး ထပ္မျဖစ္ခဲ့ဘဲ အိမ္ရွင္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ေျခအသာနဲ႔ပဲ ဆက္ကစားခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ဂရီးလစ္ရွ္အစား လူငယ္ ေအာ္စကာ ေဘာ့ဘ္ကို အခြင့္အေရး ေပးသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ေဘာ့ဘ္ရဲ႕ အကြက္ျမင္ျမင္နဲ႔ အနီးတိုင္နားကို ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဖိုဒန္က ေျပးဝင္ၿပီး ညာဘက္ကို အနိမ့္ေဘာ ထပ္ခ်ိဳးေပးခဲ့ရာမွာေတာ့ အယ္လ္ဗာရက္ဇ္က ေလွ်ာထိုးပိတ္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ မန္စီးတီးတို႔ ပြဲကို ထိန္းၿပီး ကစားသြားခဲ့သလို ရွက္ဖီးလ္ဒ္တို႔ကေတာ့ တစ္စုံတစ္ခု လုပ္ျပဖို႔ထက္ ေဘာလုံးေတာင္ သိပ္မရတာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ေနရာကို ျပန္တက္လာႏိုင္ခဲ့သလို အဆင့္ ၄ ေရာက္သြားခဲ့တဲ့ အာဆင္နယ္တို႔အတြက္ေတာ့ ဖူလ္ဟမ္နဲ႔ မကစားခင္ စိတ္ဖိစီးစရာတစ္ခု ထပ္ျဖစ္လာခဲ့ရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.