Premier League

ချဲလ်ဆီးရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ကော်နာ ဂယ်လေဂါကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂယ်လေဂါကို ခေါ်ယူချင်ခဲ့ပြီး ချဲလ်ဆီးကလည်း အရောင်းအဝယ်လုပ်ချင်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့စျေးကွက်ပိတ်တဲ့အထိ သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ ပိုချက်တီနိုအသင်းရဲ့ အထူးချွန်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ချဲလ်ဆီးဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂယ်လေဂါကို ဆက်လက်ထိန်းသိမ်းထားဖို့ ပရိသတ်တွေဆီကနေ ပြင်းထန်တဲ့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဂျန်လူကာ ဒီမာဇီယိုရဲ့ သတင်းအရ တော့တင်ဟမ်ဟော့စပါးဟာ ချဲလ်ဆီးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည်အသက်သွင်းခဲ့ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအစမှာပဲ ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

စပါးစ်ဟာ တနင်္ဂနွေနေ့ ဘုန်းမောက်နဲ့ ကစားမယ့် ပွဲစဉ်အပြီးမှာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ စတင်မယ့် အာဖရိကဖလားပြိုင်ပွဲကို ဘစ်ဆူးမားနဲ့ ပါပီ မာတာ ဆားတို့ သွားကစားမှာဖြစ်တာကြောင့် အဓိကကွင်းလယ်ကစားသမား ၂ ဦးကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

စပါးစ်ဟာ ဂျူဗင်တပ်နဲ့ နာပိုလီတို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရတဲ့ ဟော့ဗျက်ကို ရောင်းထုတ်ချင်နေပြီး ခရစ္စရှန် ရိုမဲရိုးနဲ့ ဗန်ဒဗင်တို့ ဒဏ်ရာရရှိသွားခဲ့ပြီးနောက်ပိုင်း ဗဟိုခံစစ်ကစားသမားတစ်ဦးလည်း ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပါတယ်။

ပိုစတီကိုဂလူရဲ့အသင်းဟာ နိစ်နောက်ခံလူ ဂျင်း-ကလဲ တိုဒီဘိုနဲ့ ဂျီနိုအာ နောက်ခံလူ ဒရာဂူဆင်တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး စပါးစ်နည်းပြကတော့ ဘုန်းမောက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း မှော်ဆန်တာတွေ ဘာမှဖြစ်လာမှာမဟုတ်ဘဲ ရှိနေတဲ့အရာကိုပဲ ဆက်ပြီးတည်ဆောက်သွားဖို့လိုအပ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ကော်နာ ဂယ်လေဂါကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂယ်လေဂါကို ခေါ်ယူချင်ခဲ့ပြီး ချဲလ်ဆီးကလည်း အရောင်းအဝယ်လုပ်ချင်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက်ပိတ်တဲ့အထိ သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ ပိုချက်တီနိုအသင်းရဲ့ အထူးချွန်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ချဲလ်ဆီးဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ဂယ်လေဂါကို ဆက်လက်ထိန်းသိမ်းထားဖို့ ပရိသတ်တွေဆီကနေ ပြင်းထန်တဲ့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။




ပိုစတီကိုဂလူရဲ့အသင်းဟာ နိစ်နောက်ခံလူ ဂျင်း-ကလဲ တိုဒီဘိုနဲ့ ဂျီနိုအာ နောက်ခံလူ ဒရာဂူဆင်တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး စပါးစ်နည်းပြကတော့ ဘုန်းမောက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း မှော်ဆန်တာတွေ ဘာမှဖြစ်လာမှာမဟုတ်ဘဲ ရှိနေတဲ့အရာကိုပဲ ဆက်ပြီးတည်ဆောက်သွားဖို့လိုအပ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.