Premier League

ယခုရာသီလိဂ်တိုင်းရဲ့ ချန်ပီယံကို အဖြေပေးခဲ့တဲ့ စူပါကွန်ပျူတာ

စူပါကွန်ပျူတာဟာ ယခုရာသီ ဥရောပဘောလုံးရာသီအားလုံးရဲ့ ချန်ပီယံတွေက ဘယ်အသင်းတွေဖြစ်မလဲဆိုတာကို ဟောကိန်းထုတ်လိုက်ပြီဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ရာသီကလည်း တစ်ဝက်ကျိုးသွားခဲ့ပြီဖြစ်တာကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုက ယှဉ်ပြိုင်သူတွေကြားမှာလည်း အကြိတ်အနယ်ရှိလာနေပြီဖြစ်ပြီး အင်္ဂလန်မှာဆိုရင် ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်က အာဆင်နယ်၊ အက်စတန် ဗီလာ၊ မန်စီးတီးတို့ကို ကျဉ်းမြောင်းတဲ့ရမှတ်နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

စပိန်မှာဆိုရင် ရီးရဲလ်မက်ဒရစ်က လာလီဂါအမှတ်ပေးဇယားမှာ ယခုရာသီ အံ့အားသင့်ဖွယ်အမြင့်ပျံနေတဲ့ ဂီရိုနာနဲ့ ရမှတ်တူ ယှဉ်ပြိုင်နေတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာဆိုရင် လေဗာကူဆင်က လက်ရှိချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ဦးဆောင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ လီဂူးဝမ်းမှာ နိစ်ကို အမှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပြီး အီတလီမှာတော့ အင်တာမီလန်က ဒုတိယနေရာက ဂျူဗင်တပ်နဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ စူပါကွန်ပျူတာက လက်ရှိမှာတော့ ၂၀၂၃-၂၀၂၄ ရာသီ လက်ကျန်အချိန်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဟောကိန်းထုတ်လိုက်ပြီဖြစ်ပြီး BetMGM ရဲ့ ဖော်ပြချက်အရ ဟာရီ ကိန်းဟာ ဘိုင်ယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါဖလား ထပ်မံရယူပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံတွေအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမှတ်ပေးဇယားတစ်ဖက်ခြမ်းမှာတော့ တန်းတက်အသင်းသစ်တွေဖြစ်တဲ့ လူတန်၊ ဘန်လေနဲ့ ရှက်ဖီးတို့အားလုံး ချန်ပီယံရှစ်ကို တန်းပြန်ဆင်းရမှာဖြစ်ပြီး စပိန်မှာ ရီးရဲလ်မက်ဒရစ်၊ ပြင်သစ်မှာ ပီအက်စ်ဂျီ၊ အီတလီမှာ အင်တာမီလန်တို့က ဗိုလ်စွဲလိမ့်မယ်လို့ သိရပါတယ်။

ဥရောပပြိုင်ပွဲတွေနဲ့ပတ်သက်ပြီးလည်း စူပါကွန်ပျူတာက မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ်ဖလား ရနိုင်ခြေ ၃၀ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခဲ့ပြီး ယူရိုပါလိဂ်မှာ လီဗာပူးလ်က ၃၀.၁၃ ရာခိုင်နှုန်း၊ ယူရိုပါကွန်းဖရင့်လိဂ်မှာ အက်စတန်ဗီလာက ၃၃.၇၈ ရာခိုင်နှုန်း သတ်မှတ်ပေးခြင်းခံခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စူပါကြန္ပ်ဴတာဟာ ယခုရာသီ ဥေရာပေဘာလုံးရာသီအားလုံးရဲ႕ ခ်န္ပီယံေတြက ဘယ္အသင္းေတြျဖစ္မလဲဆိုတာကို ေဟာကိန္းထုတ္လိုက္ၿပီျဖစ္ပါတယ္။

၂၀၂၃-၂၀၂၄ ရာသီကလည္း တစ္ဝက္က်ိဳးသြားခဲ့ၿပီျဖစ္တာေၾကာင့္ ဥေရာပထိပ္တန္းလိဂ္ ၅ ခုက ယွဥ္ၿပိဳင္သူေတြၾကားမွာလည္း အႀကိတ္အနယ္ရွိလာေနၿပီျဖစ္ၿပီး အဂၤလန္မွာဆိုရင္ ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္က အာဆင္နယ္၊ အက္စတန္ ဗီလာ၊ မန္စီးတီးတို႔ကို က်ဥ္းေျမာင္းတဲ့ရမွတ္နဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။

စပိန္မွာဆိုရင္ ရီးရဲလ္မက္ဒရစ္က လာလီဂါအမွတ္ေပးဇယားမွာ ယခုရာသီ အံ့အားသင့္ဖြယ္အျမင့္ပ်ံေနတဲ့ ဂီ႐ိုနာနဲ႔ ရမွတ္တူ ယွဥ္ၿပိဳင္ေနတာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါမွာဆိုရင္ ေလဗာကူဆင္က လက္ရွိခ်န္ပီယံေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ဦးေဆာင္ေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကေတာ့ လီဂူးဝမ္းမွာ နိစ္ကို အမွတ္ျဖတ္ၿပီး ဦးေဆာင္ေနတာျဖစ္ၿပီး အီတလီမွာေတာ့ အင္တာမီလန္က ဒုတိယေနရာက ဂ်ဴဗင္တပ္နဲ႔ ၅ မွတ္အကြာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ စူပါကြန္ပ်ဴတာက လက္ရွိမွာေတာ့ ၂၀၂၃-၂၀၂၄ ရာသီ လက္က်န္အခ်ိန္ေတြမွာ ဘာေတြျဖစ္လာမလဲဆိုတာကို ေဟာကိန္းထုတ္လိုက္ၿပီျဖစ္ၿပီး BetMGM ရဲ႕ ေဖာ္ျပခ်က္အရ ဟာရီ ကိန္းဟာ ဘိုင္ယန္ျမဴးနစ္ကို ဘြန္ဒက္စ္လီဂါဖလား ထပ္မံရယူေပးႏိုင္လိမ့္မယ္လို႔ သိရပါတယ္။

ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးက လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ကို ေက်ာ္ျဖတ္ၿပီး ၄ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ခ်န္ပီယံေတြအျဖစ္ သမိုင္းမွတ္တမ္းသစ္ ေရးထိုးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အမွတ္ေပးဇယားတစ္ဖက္ျခမ္းမွာေတာ့ တန္းတက္အသင္းသစ္ေတြျဖစ္တဲ့ လူတန္၊ ဘန္ေလနဲ႔ ရွက္ဖီးတို႔အားလုံး ခ်န္ပီယံရွစ္ကို တန္းျပန္ဆင္းရမွာျဖစ္ၿပီး စပိန္မွာ ရီးရဲလ္မက္ဒရစ္၊ ျပင္သစ္မွာ ပီအက္စ္ဂ်ီ၊ အီတလီမွာ အင္တာမီလန္တို႔က ဗိုလ္စြဲလိမ့္မယ္လို႔ သိရပါတယ္။

ဥေရာပၿပိဳင္ပြဲေတြနဲ႔ပတ္သက္ၿပီးလည္း စူပါကြန္ပ်ဴတာက မန္ခ်က္စတာစီးတီးကို ခ်န္ပီယံလိဂ္ဖလား ရႏိုင္ေျခ ၃၀ ရာခိုင္ႏႈန္းနဲ႔ ေရပန္းအစားဆုံးအသင္းအျဖစ္ သတ္မွတ္ခဲ့ၿပီး ယူ႐ိုပါလိဂ္မွာ လီဗာပူးလ္က ၃၀.၁၃ ရာခိုင္ႏႈန္း၊ ယူ႐ိုပါကြန္းဖရင့္လိဂ္မွာ အက္စတန္ဗီလာက ၃၃.၇၈ ရာခိုင္ႏႈန္း သတ္မွတ္ေပးျခင္းခံခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.