Premier League

ဆူးချက်ရဲ့ဂိုးကို VAR ခွင့်ပြုခဲ့ရတဲ့ အကြောင်းအရင်း

VAR ဟာ ကြာသပတေးနေ့ညက ဝက်စ်ဟမ်းက အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုဝင် ပေးပို့လိုက်တဲ့ ဘောလုံးဟာ ဂိုးစည်းကို ကျော်သွားခဲ့ပြီဖြစ်ပေမယ့်လည်း ဆူးချက်ရဲ့ ဂိုးကို ခွင့်ပြုခဲ့ပါတယ်။

ဆူးချက်ဟာ ပထမပိုင်း ၁၃ မိနစ်မှာ ဘိုဝင်ရဲ့ ပေးပို့မှုကနေတဆင့် လူကပ်ခံထားရခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပြီးနောက် အမ်းမရိတ်စ်က ပရိသတ်တွေကို တိတ်ဆိတ်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီသွင်းဂိုးနဲ့ပတ်သက်ပြီး ကြီးကြီးမားမား အငြင်းပွားစရာဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ဧည့်သည်တွေကို ဂိုးပေးခဲ့ပြီးနောက် VAR က သေချာအောင် အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

VAR ဟာ ဘိုဝင်ပေးပို့လိုက်တဲ့ ဘောလုံးက ဂိုးစည်းကို ကျော်လွန်သွားခြင်းရှိ၊ မရှိကို ရှုထောင့် ၂ ခုကနေ စစ်ဆေးခဲ့ပြီးနောက် ဂိုးအဖြစ် ခွင့်ပြုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ်က ဘာကြောင့် အဲဒီဂိုးကို ခွင့်ပြုခဲ့ရလဲဆိုတာကို Amazon Prime နဲ့ တွေ့ဆုံရာမှာ ရှင်းပြခဲ့ပါတယ်။

“ကွင်းတွင်းဆုံးဖြတ်ချက်က ဂိုးဖြစ်ပါတယ်။ အဲဒီတော့ သူတို့တွေ ဘောလုံးက ဂိုးစည်းလွန်သွားတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေကို ရှာဖွေရမှာပါ။ ကျွန်တော် မြင်ခဲ့တဲ့ ရှုထောင့်ကနေဆိုရင်တော့ ဘောလုံးက နည်းနည်းတော့ စည်းပေါ်မှာ ရှိနေခဲ့ပုံပေါ်ပါတယ်။ ပွဲတာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးတွေ ပေးနိုင်တဲ့ တခြားဆုံးဖြတ်ချက်လည်း မရှိခဲ့ပါဘူး။ ဂိုးစည်းပေါ်မှာ ရှိနေခဲ့တဲ့ လက်ထောက်ဒိုင်ကလည်း ဘောလုံးက ဂိုးလွန်ဘောဖြစ်သွားလား သေချာမမြင်ခဲ့ဘူး။ ကွင်းတွင်းဆုံးဖြတ်ချက်ကတော့ ဂိုးပါတယ်။ ခင်ဗျား အထောက်အထားတွေ အားလုံးကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဘောလုံးက ဂိုးစည်းလွန်သွားပြီဆိုတာ ၁၀၀ ရာခိုင်နှုန်း မသေချာပါဘူး။ အာဆင်နယ်ဘက်ကနေ သူတို့တွေ ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတယ်ဆိုတဲ့ အငြင်းပွားမှုရှိနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးက ဂိုးစည်းကို လွန်သွားရမှာဖြစ်ပြီး အဲဒီလို လွန်သွားတယ်ဆိုတဲ့အထောက်အထားမျိုးလည်း မရှိခဲ့ပါဘူး။ သူတို့တွေ လူကျွံဘောအတွက် သုံးတဲ့ နည်းပညာကို အသုံးပြုနိုင်ပါတယ်။ ကိုးကားစရာအချက်၂ ချက်ရှိတယ်။ တစ်ခုက ဂိုးစည်းနည်းပညာပါ။ ကံဆိုးစွနဲ့ ကိုးကားဖို့အတွက် ဘောလုံးကို လိုအပ်တယ်။ ဘောလုံးက ဘိုဝင်ရဲ့ ပေါင်နဲ့ ကွယ်နေတယ်။ သူတို့တွေမှာ အသုံးပြုနိုင်တဲ့ နည်းပညာတွေရှိပေမယ့် အဲဒါကို အသုံးမပြုနိုင်ပါဘူး။ သူတို့တွေ ဘောလုံးထဲမှာ ချစ်(ပ်)ပြားထည့်ဖို့လိုတယ်။ ဘောလုံးထဲ အဲဒါသာ ထည့်ထားရင် ကျွန်တော်တို့ ရှေ့လျှောက်အဆင်ပြေနိုင်တယ်။ အဲဒါက ဘောလုံးက ဂိုးစည်းကျော်သွားလားဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ရနိုင်တဲ့ နည်းပညာပါ။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုလိုမျိုး ဖြစ်စဉ်နဲ့ ရင်ဆိုင်ခဲ့ရတာဟာ ယခုရာသီမှာ ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းကလည်း အငြင်းပွားဖွယ် သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: VAR ဟာ ၾကာသပေတးေန႔ညက ဝက္စ္ဟမ္းက အာဆင္နယ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဘိုဝင္ ေပးပို႔လိုက္တဲ့ ေဘာလုံးဟာ ဂိုးစည္းကို ေက်ာ္သြားခဲ့ၿပီျဖစ္ေပမယ့္လည္း ဆူးခ်က္ရဲ႕ ဂိုးကို ခြင့္ျပဳခဲ့ပါတယ္။

ဆူးခ်က္ဟာ ပထမပိုင္း ၁၃ မိနစ္မွာ ဘိုဝင္ရဲ႕ ေပးပို႔မႈကေနတဆင့္ လူကပ္ခံထားရျခင္းမရွိဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းယူသြားခဲ့ၿပီးေနာက္ အမ္းမရိတ္စ္က ပရိသတ္ေတြကို တိတ္ဆိတ္ေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီသြင္းဂိုးနဲ႔ပတ္သက္ၿပီး ႀကီးႀကီးမားမား အျငင္းပြားစရာျဖစ္ခဲ့ၿပီး ကြင္းလယ္ဒိုင္ မိုက္ကယ္ အိုလီဗာက ဧည့္သည္ေတြကို ဂိုးေပးခဲ့ၿပီးေနာက္ VAR က ေသခ်ာေအာင္ အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

VAR ဟာ ဘိုဝင္ေပးပို႔လိုက္တဲ့ ေဘာလုံးက ဂိုးစည္းကို ေက်ာ္လြန္သြားျခင္းရွိ၊ မရွိကို ရႈေထာင့္ ၂ ခုကေန စစ္ေဆးခဲ့ၿပီးေနာက္ ဂိုးအျဖစ္ ခြင့္ျပဳေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလတ္တန္ဘာ့ဂ္က ဘာေၾကာင့္ အဲဒီဂိုးကို ခြင့္ျပဳခဲ့ရလဲဆိုတာကို Amazon Prime နဲ႔ ေတြ႕ဆုံရာမွာ ရွင္းျပခဲ့ပါတယ္။

“ကြင္းတြင္းဆုံးျဖတ္ခ်က္က ဂိုးျဖစ္ပါတယ္။ အဲဒီေတာ့ သူတို႔ေတြ ေဘာလုံးက ဂိုးစည္းလြန္သြားတယ္ဆိုတဲ့ ခိုင္လုံတဲ့အေထာက္အထားေတြကို ရွာေဖြရမွာပါ။ ကြၽန္ေတာ္ ျမင္ခဲ့တဲ့ ရႈေထာင့္ကေနဆိုရင္ေတာ့ ေဘာလုံးက နည္းနည္းေတာ့ စည္းေပၚမွာ ရွိေနခဲ့ပုံေပၚပါတယ္။ ပြဲတာဝန္ယူခဲ့တဲ့ ဒိုင္လူႀကီးေတြ ေပးႏိုင္တဲ့ တျခားဆုံးျဖတ္ခ်က္လည္း မရွိခဲ့ပါဘူး။ ဂိုးစည္းေပၚမွာ ရွိေနခဲ့တဲ့ လက္ေထာက္ဒိုင္ကလည္း ေဘာလုံးက ဂိုးလြန္ေဘာျဖစ္သြားလား ေသခ်ာမျမင္ခဲ့ဘူး။ ကြင္းတြင္းဆုံးျဖတ္ခ်က္ကေတာ့ ဂိုးပါတယ္။ ခင္ဗ်ား အေထာက္အထားေတြ အားလုံးကို ၾကည့္လိုက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ ေဘာလုံးက ဂိုးစည္းလြန္သြားၿပီဆိုတာ ၁၀၀ ရာခိုင္ႏႈန္း မေသခ်ာပါဘူး။ အာဆင္နယ္ဘက္ကေန သူတို႔ေတြ ရွင္းရွင္းလင္းလင္းႀကီး ျမင္လိုက္ရတယ္ဆိုတဲ့ အျငင္းပြားမႈရွိႏိုင္ပါတယ္။ ဒါေပမယ့္ ေဘာလုံးက ဂိုးစည္းကို လြန္သြားရမွာျဖစ္ၿပီး အဲဒီလို လြန္သြားတယ္ဆိုတဲ့အေထာက္အထားမ်ိဳးလည္း မရွိခဲ့ပါဘူး။ သူတို႔ေတြ လူကြၽံေဘာအတြက္ သုံးတဲ့ နည္းပညာကို အသုံးျပဳႏိုင္ပါတယ္။ ကိုးကားစရာအခ်က္၂ ခ်က္ရွိတယ္။ တစ္ခုက ဂိုးစည္းနည္းပညာပါ။ ကံဆိုးစြနဲ႔ ကိုးကားဖို႔အတြက္ ေဘာလုံးကို လိုအပ္တယ္။ ေဘာလုံးက ဘိုဝင္ရဲ႕ ေပါင္နဲ႔ ကြယ္ေနတယ္။ သူတို႔ေတြမွာ အသုံးျပဳႏိုင္တဲ့ နည္းပညာေတြရွိေပမယ့္ အဲဒါကို အသုံးမျပဳႏိုင္ပါဘူး။ သူတို႔ေတြ ေဘာလုံးထဲမွာ ခ်စ္(ပ္)ျပားထည့္ဖို႔လိုတယ္။ ေဘာလုံးထဲ အဲဒါသာ ထည့္ထားရင္ ကြၽန္ေတာ္တို႔ ေရွ႕ေလွ်ာက္အဆင္ေျပႏိုင္တယ္။ အဲဒါက ေဘာလုံးက ဂိုးစည္းေက်ာ္သြားလားဆိုတာကို ကြၽန္ေတာ္တို႔ ရွင္းရွင္းလင္းလင္း ျမင္ရႏိုင္တဲ့ နည္းပညာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ အခုလိုမ်ိဳး ျဖစ္စဥ္နဲ႔ ရင္ဆိုင္ခဲ့ရတာဟာ ယခုရာသီမွာ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ဘဲ နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္တုန္းကလည္း အျငင္းပြားဖြယ္ သြင္းဂိုးကို ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.