La Liga

ကလပ်အမေရိကကိုတောင် မနိုင်ခဲ့တဲ့အပေါ် ဆင်ခြေပေးလိုက်တဲ့ ဇာဗီ

လာလီဂါမှာ အယ်လ်မီးရီးမီးယားကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် သိပ်မကြာမီမှာပဲ ဘာစီလိုနာဟာ အမေရိကားကို ရာသီဝက် ခြေစမ်းပွဲအဖြစ် ဒါးလက်စ်မှာ ကလပ်အမေရိကနဲ့ ယှဉ်ပြိုင်ဖို့ ထွက်ခွာခဲ့ပါတယ်။

ကြာသပတေးနေ့ည(မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၃၅ မိနစ်)မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကလပ်အမေရိကနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်ဟာ ၃-၂ နဲ့ ပြီးဆုံးသွားခဲ့ပြီး မက္ကဆီကိုကလပ်နဲ့ ပွဲစဉ်မှာ ဘာစီလိုနာ လူငယ်အများအပြား ပါဝင်ကစားဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။

ခြေစမ်းပွဲမတိုင်ခင် ၂၄ နာရီလောက်ကမှ ပွဲကစားခဲ့တာကြောင့် ဘာစီလိုနာနည်းပြ ဇာဗီဟာ လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မာ့စ် ဂယူ၊ ပါအူ ကူဘာဆီ၊ မာ့စ် ကာဆာဒို၊ အူနိုင်း ဟာနန်ဒက်ဇ်၊ ဟက်တာ ဖို့တ်တို့လို လူငယ်ကြယ်ပွင့်တွေကို ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ကတ်တလန်အသင်းကြီးဟာ ပွဲကစားချိန်အစောပိုင်းမှာ လာမိုင်း ယာမယ်ရဲ့ ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ကလပ် အမေရိကအတွက် ဂျူလီယန် ကွီနုန်းစ်က ချေပဂိုး ပြန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မာ့စ် ဂယူက ဘာစီလိုနာအတွက် ပွဲကစားချိန် မိနစ် ၃၀ မတိုင်ခင် နောက်ထပ် ဦးဆောင်ဂိုးသွင်းယူပေးသွားခဲ့ပေမယ့်လည်း ကွီနုန်းစ်ကပဲ ဒုတိယပိုင်းအစောပိုင်းမှာ ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဟင်နရီ မာတင်ရဲ့ နောက်ကျသွင်းဂိုးကြောင့် ကလပ် အမေရိကက ဘာစီလိုနာကို ၃-၂ နဲ့ အနိုင်ရခဲ့ပြီး ဇာဗီရဲ့အသင်းကတော့ ဒီခရီးစဉ်အတွက် ယူရို ၅ သန်းပိုက်ပြီး အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဇာဗီက ပွဲထွက်ကစားသမားအများအပြားဟာ ပင်ပမ်းနွမ်းနယ်နေခဲ့ပေမယ့်လည်း ကစားသမားတွေအတွက် ကောင်းမွန်တဲ့ ပွဲထွက်ပါဝင်ကစားမှုဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီနေ့ အရမ်းကောင်းတဲ့ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကလပ်အမေရိကရော ဘာဆာပါ အရမ်းကောင်းတဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့နဲ့အတူ လူငယ်ကစားသမားအများအပြား ကစားခဲ့ကြပြီး ဒါက အပေါင်းလက္ခဏာပါ။ ကျွန်တော်တို့ ပွဲထွက်ကစားသမားတွေဟာ ပွဲပမ်းနေခဲ့ကြပါတယ်။ သူတို့ မနေ့ကမှ အယ်လ်မီးရီးယားနဲ့ ကစားခဲ့ကြတာဖြစ်ပြီး ဒီနေ့ ကစားသမားအချို့ ပွဲပမ်းနေခဲ့ကြပါတယ်။ဒီလိုပွဲမျိုးတွေက ဘာစီလိုနာအတွက် အပြုသဘောဆောင်ပါတယ်။ အသင်းက ကျွန်တော်တို့ အသားကျအောင် လုပ်ရမယ့် အခြေအနေမှာ ရှိနေပြီး အဆုံးမှာ ကျွန်တော်တို့ ယူအက်စ်အေက ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ သူတို့တွေက အမြဲတမ်း ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာတွေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။ဒီနေ့ပွဲကို ပရိသတ်တွေ ပျော်ရွှင်ခဲ့ကြမယ်လို့ ထင်ပါတယ်။ ကွင်းထဲမှာ ရှိခဲ့တဲ့ နှစ်ဖက်ပရိသတ်တွေရော တီဗွီကနေ ကြည့်ခဲ့တဲ့သူတွေပါ ပျော်ရွှင်ခံစားခဲ့ကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ပွဲစဉ်ထဲမှာ အရမ်းကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတယ်လို့ ထင်ပါတယ်။ ကလပ်အမေရိကက အရမ်းကောင်းတဲ့အသင်းပါ။ ပြင်းပြင်းထန်ထန်ကစားနိုင်တယ်။ နည်းစနစ်ပိုင်း အရမ်းကောင်းတယ်။ သူတို့တွေ မက္ကဆီကိုလိဂ်မှာ ချန်ပီယံရှစ်ရခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကလပ်အမေရိကက ကျွန်တော်တို့ အလုပ်လုပ်တဲ့အတိုင်း အလုပ်လုပ်ပါတယ်။ တိုက်စစ်အားသန်တဲ့အသင်းဖြစ်ပြီး တိုက်စစ်အထိ ဖိအားမြင့်မြင့်တက်ပေးနိုင်တယ်။ သူတို့နည်းပြရဲ့ချဉ်းကပ်ပုံကို ကျွန်တော် သဘောကျတယ်။ သူတို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိပြီး သမိုင်းတလျှောက် ပေါ်ထွက်ခဲ့တဲ့ မက္ကဆီကန်ကစားသမားတွေ အတိုင်းပဲ အရမ်းကောင်းတဲ့ကစားသမားတွေပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာလီဂါမွာ အယ္လ္မီးရီးမီးယားကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ သိပ္မၾကာမီမွာပဲ ဘာစီလိုနာဟာ အေမရိကားကို ရာသီဝက္ ေျခစမ္းပြဲအျဖစ္ ဒါးလက္စ္မွာ ကလပ္အေမရိကနဲ႔ ယွဥ္ၿပိဳင္ဖို႔ ထြက္ခြာခဲ့ပါတယ္။

ၾကာသပေတးေန႔ည(ျမန္မာစံေတာ္ခ်ိန္ နံနက္ ၈ နာရီ ၃၅ မိနစ္)မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကလပ္အေမရိကနဲ႔ ဘာစီလိုနာတို႔ရဲ႕ ပြဲစဥ္ဟာ ၃-၂ နဲ႔ ၿပီးဆုံးသြားခဲ့ၿပီး မကၠဆီကိုကလပ္နဲ႔ ပြဲစဥ္မွာ ဘာစီလိုနာ လူငယ္အမ်ားအျပား ပါဝင္ကစားဖို႔ အခြင့္အေရးရခဲ့တာျဖစ္ပါတယ္။

ေျခစမ္းပြဲမတိုင္ခင္ ၂၄ နာရီေလာက္ကမွ ပြဲကစားခဲ့တာေၾကာင့္ ဘာစီလိုနာနည္းျပ ဇာဗီဟာ လူစာရင္းကို ႀကီးႀကီးမားမား အေျပာင္းအလဲ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး မာ့စ္ ဂယူ၊ ပါအူ ကူဘာဆီ၊ မာ့စ္ ကာဆာဒို၊ အူႏိုင္း ဟာနန္ဒက္ဇ္၊ ဟက္တာ ဖို႔တ္တို႔လို လူငယ္ၾကယ္ပြင့္ေတြကို ပြဲထြက္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ကတ္တလန္အသင္းႀကီးဟာ ပြဲကစားခ်ိန္အေစာပိုင္းမွာ လာမိုင္း ယာမယ္ရဲ႕ ဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ကလပ္ အေမရိကအတြက္ ဂ်ဴလီယန္ ကြီႏုန္းစ္က ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မာ့စ္ ဂယူက ဘာစီလိုနာအတြက္ ပြဲကစားခ်ိန္ မိနစ္ ၃၀ မတိုင္ခင္ ေနာက္ထပ္ ဦးေဆာင္ဂိုးသြင္းယူေပးသြားခဲ့ေပမယ့္လည္း ကြီႏုန္းစ္ကပဲ ဒုတိယပိုင္းအေစာပိုင္းမွာ ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဟင္နရီ မာတင္ရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ကလပ္ အေမရိကက ဘာစီလိုနာကို ၃-၂ နဲ႔ အႏိုင္ရခဲ့ၿပီး ဇာဗီရဲ႕အသင္းကေတာ့ ဒီခရီးစဥ္အတြက္ ယူ႐ို ၅ သန္းပိုက္ၿပီး အိမ္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာ ဇာဗီက ပြဲထြက္ကစားသမားအမ်ားအျပားဟာ ပင္ပမ္းႏြမ္းနယ္ေနခဲ့ေပမယ့္လည္း ကစားသမားေတြအတြက္ ေကာင္းမြန္တဲ့ ပြဲထြက္ပါဝင္ကစားမႈျဖစ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီေန႔ အရမ္းေကာင္းတဲ့ပြဲတစ္ပြဲကို ပိုင္ဆိုင္ခဲ့ပါတယ္။ ကလပ္အေမရိကေရာ ဘာဆာပါ အရမ္းေကာင္းတဲ့အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔နဲ႔အတူ လူငယ္ကစားသမားအမ်ားအျပား ကစားခဲ့ၾကၿပီး ဒါက အေပါင္းလကၡဏာပါ။ ကြၽန္ေတာ္တို႔ ပြဲထြက္ကစားသမားေတြဟာ ပြဲပမ္းေနခဲ့ၾကပါတယ္။ သူတို႔ မေန႔ကမွ အယ္လ္မီးရီးယားနဲ႔ ကစားခဲ့ၾကတာျဖစ္ၿပီး ဒီေန႔ ကစားသမားအခ်ိဳ႕ ပြဲပမ္းေနခဲ့ၾကပါတယ္။ဒီလိုပြဲမ်ိဳးေတြက ဘာစီလိုနာအတြက္ အျပဳသေဘာေဆာင္ပါတယ္။ အသင္းက ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္ရမယ့္ အေျခအေနမွာ ရွိေနၿပီး အဆုံးမွာ ကြၽန္ေတာ္တို႔ ယူအက္စ္ေအက ပရိသတ္ေတြနဲ႔ ထိေတြ႕ခြင့္ရခဲ့တယ္။ သူတို႔ေတြက အၿမဲတမ္း ကြၽန္ေတာ္တို႔ကို ခ်စ္ျခင္းေမတၱာေတြနဲ႔ လက္ခံႀကိဳဆိုခဲ့ပါတယ္။ဒီေန႔ပြဲကို ပရိသတ္ေတြ ေပ်ာ္႐ႊင္ခဲ့ၾကမယ္လို႔ ထင္ပါတယ္။ ကြင္းထဲမွာ ရွိခဲ့တဲ့ ႏွစ္ဖက္ပရိသတ္ေတြေရာ တီဗြီကေန ၾကည့္ခဲ့တဲ့သူေတြပါ ေပ်ာ္႐ႊင္ခံစားခဲ့ၾကမယ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီေန႔ ပြဲစဥ္ထဲမွာ အရမ္းေကာင္းတဲ့ ျမင္ကြင္းတစ္ခုကို ျမင္ခဲ့ရတယ္လို႔ ထင္ပါတယ္။ ကလပ္အေမရိကက အရမ္းေကာင္းတဲ့အသင္းပါ။ ျပင္းျပင္းထန္ထန္ကစားႏိုင္တယ္။ နည္းစနစ္ပိုင္း အရမ္းေကာင္းတယ္။ သူတို႔ေတြ မကၠဆီကိုလိဂ္မွာ ခ်န္ပီယံရွစ္ရခဲ့တာ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ကလပ္အေမရိကက ကြၽန္ေတာ္တို႔ အလုပ္လုပ္တဲ့အတိုင္း အလုပ္လုပ္ပါတယ္။ တိုက္စစ္အားသန္တဲ့အသင္းျဖစ္ၿပီး တိုက္စစ္အထိ ဖိအားျမင့္ျမင့္တက္ေပးႏိုင္တယ္။ သူတို႔နည္းျပရဲ႕ခ်ဥ္းကပ္ပုံကို ကြၽန္ေတာ္ သေဘာက်တယ္။ သူတို႔မွာ အရမ္းေကာင္းတဲ့ကစားသမားေတြရွိၿပီး သမိုင္းတေလွ်ာက္ ေပၚထြက္ခဲ့တဲ့ မကၠဆီကန္ကစားသမားေတြ အတိုင္းပဲ အရမ္းေကာင္းတဲ့ကစားသမားေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.