Premier League

ဝက်စ်ဟမ်းနဲ့ပွဲအပြီး ဂန်းနားတွေခေါ်ရမယ့်ထိပ်တန်းကစားသမားကို ပြောပြခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ကြာသပတေးနေ့ညမှာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဇန်နဝါရီမှာ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်က လန်ဒန်ဒါဘီမှာ ပွဲချိန်အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် အာတီတာရဲ့အသင်းဟာ ဆူးချက်ရဲ့ အငြင်းပွားဖွယ်သွင်းဂိုးနဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး ဂန်းနားတွေဟာ ဧည့်သည်တွေရဲ့ သွင်းဂိုးကို ချေပဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆာကာရဲ့ ကန်ချက်က တိုက်ထိခဲ့သလို အာရီယိုလာကလည်း အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၁၀ မိနစ်အကြာမှာ အာဆင်နယ်ကြယ်ပွင့်ဟောင်း မက်ဗရိုပါးနော့စ်က ပရီးမီးယားလိဂ်မှာ ပထမဆုံးသွင်းဂိုးအဖြစ် အသင်းဟောင်းဘက်ကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်တွေဟာ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ ဆက်လက် အသာစီး ရယူနိုင်ခဲ့ပြီး ပြိုင်ဘက် ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတွေ့မှု ၇၇ ကြိမ်နဲ့ ပရီးမီးယားလိဂ်စံချိန်ကို တင်နိုင်ခဲ့မေယ့်လည်း ဂိုးပေါက်ရှာမတွေ့ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ တိုက်စစ်အင်အားကင်းမဲ့နေမှုက ဆုဖလားစိန်ခေါ်ရာမှာ အဓိကပြဿနာကြီး ဖြစ်လာနေပြီး အီယန် ရိုက်က နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်ကသာ ရာသီဒုတိယပိုင်းမှာ ဂန်းနားတွေရဲ့ ပြဿနာကို ကုစားပေးနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အာဆင်နယ် အခုလိုအပ်နေတဲ့ ကစားသမားရဲ့ အရည်အချင်းက ရောက်ရောက်ချင်းပဲ ခြေစွမ်းတန်းပြမယ့် ထိပ်တန်းအဆင့် တိုက်စစ်မှူးပါ။ ဒီကမ္ဘာကြီးမှာဆိုရင် အိုဆီမန်လိုမျိုး ကစားသမားပေါ့။ အဲဒီလို အဆင့်အတန်းရှိတဲ့ တိုက်စစ်မှူးမျိုးမှ ရမှာပါ။ အာဆင်နယ်သာ ဆုဖလားရယူချင်တယ်ဆိုရင် ဂိုးပေါက်ထဲကို တန်းနေအောင် ကန်သွင်းမယ့် အဲဒီလို အဆင့်အတန်းမျိုးရှိတဲ့ ဂိုးသွင်းသူမျိုး လိုအပ်တော့မှာပါ။ အခု သူတို့လိုအပ်နေတာလည်း အဲဒါပဲ ဖြစ်ပါလိမ့်မယ်။ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဂိုးပေါက်ရှေ့မှာ အဆုံးသတ်သူကောင်းကောင်းလိုနေတယ်ဆိုတာ မမြင်မယ့်သူမရှိဘူးလို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ၾကာသပေတးေန႔ညမွာ ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ ၂-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဇန္နဝါရီမွာ ထိပ္တန္းအဆင့္ တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဂန္းနားေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ရယူႏိုင္မယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္က လန္ဒန္ဒါဘီမွာ ပြဲခ်ိန္အမ်ားစုကို လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေကာင္းမြန္တဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ အာတီတာရဲ႕အသင္းဟာ ဆူးခ်က္ရဲ႕ အျငင္းပြားဖြယ္သြင္းဂိုးနဲ႔ ဦးေဆာင္ျခင္း ခံခဲ့ရၿပီး ဂန္းနားေတြဟာ ဧည့္သည္ေတြရဲ႕ သြင္းဂိုးကို ေခ်ပဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဆာကာရဲ႕ ကန္ခ်က္က တိုက္ထိခဲ့သလို အာရီယိုလာကလည္း အေကာင္းဆုံးလက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၁၀ မိနစ္အၾကာမွာ အာဆင္နယ္ၾကယ္ပြင့္ေဟာင္း မက္ဗ႐ိုပါးေနာ့စ္က ပရီးမီးယားလိဂ္မွာ ပထမဆုံးသြင္းဂိုးအျဖစ္ အသင္းေဟာင္းဘက္ကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ေတြဟာ ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာ ဆက္လက္ အသာစီး ရယူႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးထိေတြ႕မႈ ၇၇ ႀကိမ္နဲ႔ ပရီးမီးယားလိဂ္စံခ်ိန္ကို တင္ႏိုင္ခဲ့ေမယ့္လည္း ဂိုးေပါက္ရွာမေတြ႕ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ တိုက္စစ္အင္အားကင္းမဲ့ေနမႈက ဆုဖလားစိန္ေခၚရာမွာ အဓိကျပႆနာႀကီး ျဖစ္လာေနၿပီး အီယန္ ႐ိုက္က နာပိုလီၾကယ္ပြင့္ ဗစ္တာ အိုဆီမန္ကသာ ရာသီဒုတိယပိုင္းမွာ ဂန္းနားေတြရဲ႕ ျပႆနာကို ကုစားေပးႏိုင္တဲ့ အရည္အခ်င္းရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အာဆင္နယ္ အခုလိုအပ္ေနတဲ့ ကစားသမားရဲ႕ အရည္အခ်င္းက ေရာက္ေရာက္ခ်င္းပဲ ေျခစြမ္းတန္းျပမယ့္ ထိပ္တန္းအဆင့္ တိုက္စစ္မႉးပါ။ ဒီကမာၻႀကီးမွာဆိုရင္ အိုဆီမန္လိုမ်ိဳး ကစားသမားေပါ့။ အဲဒီလို အဆင့္အတန္းရွိတဲ့ တိုက္စစ္မႉးမ်ိဳးမွ ရမွာပါ။ အာဆင္နယ္သာ ဆုဖလားရယူခ်င္တယ္ဆိုရင္ ဂိုးေပါက္ထဲကို တန္းေနေအာင္ ကန္သြင္းမယ့္ အဲဒီလို အဆင့္အတန္းမ်ိဳးရွိတဲ့ ဂိုးသြင္းသူမ်ိဳး လိုအပ္ေတာ့မွာပါ။ အခု သူတို႔လိုအပ္ေနတာလည္း အဲဒါပဲ ျဖစ္ပါလိမ့္မယ္။ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဂိုးေပါက္ေရွ႕မွာ အဆုံးသတ္သူေကာင္းေကာင္းလိုေနတယ္ဆိုတာ မျမင္မယ့္သူမရွိဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.