Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၀.၁၀.၂၀၂၀

– လာကာဇက္ကို ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ခ်န္လွပ္ထားခဲ့တဲ့ေနာက္ပုိင္း မန္စီးတီးနဲ႔ပြဲမွာပါ အသုံးမျပဳခဲ့ဘဲ ဝီလီယန္ကို ေရြးခ်ယ္ခဲ့တဲ့ နည္းျပ အာတီတာရဲ႕ လုပ္ရပ္က ျပင္သစ္တုိက္စစ္မွဴးအေပၚ ေလးစားမွဳ မရွိတာျဖစ္ေၾကာင္း အန္ဒီကိုးလ္ ေဝဖန္။

– အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆုိၿပီးကတည္းက တုိက္တုိက္ဆုိင္ဆုိင္ဆုိသလို ေျခစြမ္း က်ဆင္းသြားခဲ့ၿပီး သူ႕အေနနဲ႔ ကစားပုံေတြကို ဗီဒီယိုမွတ္တမ္းမွာ ျပန္ၾကည့္ၿပီး ပုိႀကဳိးစားသင့္ေနၿပီျဖစ္ေၾကာင္း ဒါရင္းဘန္႔ တုိက္တြန္း။

– ၿပီးခဲ့တဲ့ မန္စီးတီးနဲ႔ပြဲမွာ ေသြးပူေလ့က်င့္ခန္းလုပ္ရင္း ဒဏ္ရာရရွိသြားခဲ့တဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းေၾကာင့္ လာမယ့္ ရက္ပစ္ ဝီယင္နဲ႔ ယူ႐ုိပါလိဂ္အုပ္စုအဆင့္ အေဝးကြင္းပြဲစဥ္မွာ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ ပထမဆုံးပြဲထြက္ခြင့္အျဖစ္ အသုံးျပဳလာႏုိင္။

– ဒီရာသီ ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းေတြကို ရွဳံးနိမ့္ထားခဲ့ေပမယ့္ မီခယ္လ္ အာတီတာရဲ႕ အစြမ္းအစေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္ေသးတဲ့ အေနအထားမွာ ရွိေသးတယ္လို႔ ေနာက္ခံလူေဟာင္း ဆီလ္ဗက္စတာ ေျပာၾကား။

– ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္ရဲ႕ မိသားစုဘဝနဲ႔ လူေနမွဳပုံစံက သူ႕ရဲ႕ အာဆင္နယ္အသင္းက အခန္းက႑ကို ထိခိုက္ေစခဲ့တာျဖစ္ၿပီး ကစားသမားရဲ႕ အာ႐ုံစူးစိုက္မွဳက အရင္လို မဟုတ္ဘဲ ေျပာင္းလဲသြားခဲ့ေၾကာင္း အသင္းေဖာ္ေဟာင္းနဲ႔ အကယ္ဒမီအႀကီးအကဲ ပါမာတီဆက္ကာ ေထာက္ျပသုံးသပ္။

– မန္စီးတီးနဲ႔ အာဆင္နယ္တုိ႔ပြဲစဥ္မွာ ေျခေထာက္ေျမႇာက္ဝင္ခဲ့တဲ့ ေဝၚလ္ကာေၾကာင့္ ပင္နယ္တီ ေပးရမယ္ဆုိတာဟာ ဒိုင္လူႀကီးအတြက္ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္းနဲ႔ ဂါဘရီယယ္လ္ရဲ႕ ေခါင္းကို မထိမိခဲ့တာ ႏွစ္ဦးႏွစ္ဖက္စလုံးအတြက္ ကံေကာင္းခဲ့တယ္လို႔ပဲ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ဒါေမာ့ ဂယ္လက္ဂါ သုံးသပ္။

– စပုိ႔တင္းလစၥဘြန္းအသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဂ်ဳိယယ္လ္ဆန္ ဖာနန္ဒက္စ္ကို အာဆင္နယ္အသင္းဘက္က ေပါင္ ၁၈ သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီး ပယ္ခ်ခံခဲ့ရတာျဖစ္ေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ ဖခင္ျဖစ္သူ ထုတ္ေဖာ္ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လာကာဇက်ကို ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲမှာ ချန်လှပ်ထားခဲ့တဲ့နောက်ပိုင်း မန်စီးတီးနဲ့ပွဲမှာပါ အသုံးမပြုခဲ့ဘဲ ဝီလီယန်ကို ရွေးချယ်ခဲ့တဲ့ နည်းပြ အာတီတာရဲ့ လုပ်ရပ်က ပြင်သစ်တိုက်စစ်မှူးအပေါ် လေးစားမှု မရှိတာဖြစ်ကြောင်း အန်ဒီကိုးလ် ဝေဖန်။

– အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းဟာ စာချုပ်သစ်ချုပ်ဆိုပြီးကတည်းက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ခြေစွမ်း ကျဆင်းသွားခဲ့ပြီး သူ့အနေနဲ့ ကစားပုံတွေကို ဗီဒီယိုမှတ်တမ်းမှာ ပြန်ကြည့်ပြီး ပိုကြိုးစားသင့်နေပြီဖြစ်ကြောင်း ဒါရင်းဘန့် တိုက်တွန်း။

– ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာရရှိသွားခဲ့တဲ့ ရော့ဘ် ဟိုးလ်ဒင်းကြောင့် လာမယ့် ရက်ပစ် ဝီယင်နဲ့ ယူရိုပါလိဂ်အုပ်စုအဆင့် အဝေးကွင်းပွဲစဉ်မှာ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ ပထမဆုံးပွဲထွက်ခွင့်အဖြစ် အသုံးပြုလာနိုင်။

– ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေကို ရှုံးနိမ့်ထားခဲ့ပေမယ့် မီခယ်လ် အာတီတာရဲ့ အစွမ်းအစကြောင့် အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်သေးတဲ့ အနေအထားမှာ ရှိသေးတယ်လို့ နောက်ခံလူဟောင်း ဆီလ်ဗက်စတာ ပြောကြား။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ မိသားစုဘဝနဲ့ လူနေမှုပုံစံက သူ့ရဲ့ အာဆင်နယ်အသင်းက အခန်းကဏ္ဍကို ထိခိုက်စေခဲ့တာဖြစ်ပြီး ကစားသမားရဲ့ အာရုံစူးစိုက်မှုက အရင်လို မဟုတ်ဘဲ ပြောင်းလဲသွားခဲ့ကြောင်း အသင်းဖော်ဟောင်းနဲ့ အကယ်ဒမီအကြီးအကဲ ပါမာတီဆက်ကာ ထောက်ပြသုံးသပ်။

– မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်မှာ ခြေထောက်မြှောက်ဝင်ခဲ့တဲ့ ဝေါ်လ်ကာကြောင့် ပင်နယ်တီ ပေးရမယ်ဆိုတာဟာ ဒိုင်လူကြီးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ ဂါဘရီယယ်လ်ရဲ့ ခေါင်းကို မထိမိခဲ့တာ နှစ်ဦးနှစ်ဖက်စလုံးအတွက် ကံကောင်းခဲ့တယ်လို့ပဲ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဒါမော့ ဂယ်လက်ဂါ သုံးသပ်။

– စပို့တင်းလစ္စဘွန်းအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဂျိုယယ်လ်ဆန် ဖာနန်ဒက်စ်ကို အာဆင်နယ်အသင်းဘက်က ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတာဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်နဲ့ ဖခင်ဖြစ်သူ ထုတ်ဖော်ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.