Match Report Premier League

ဇင်ချန်ကို၊ဘန်ဝှိုက်နဲ့ ဇယားထိပ်တန်သလားလို့ အာဆင်နယ်ကို မေးသွားခဲ့တဲ့ ဝက်စ်ဟမ်း

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ပြိုင်ဘက်တွေအပြင် သတ္တလောကထဲက သက်ရှိသက်မဲ့အားလုံး အလွတ်ရနေတဲ့ ပွဲတိုင်းကျော် လူစာရင်းကိုပဲ ထုတ်သုံးခဲ့ပြီး အိမ်ကွင်း အမ်းမရိတ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသလို Plan B မရှိတဲ့ နည်းပြ အာတီတာနဲ့ သူ့လူတွေရဲ့ အမှားတွေအတွက် ဇယားထိပ်နဲ့ ချန်ပီယံဆိုတာ တန်သလားလို့ ဝက်စ်ဟမ်းတို့က လည်ပင်းညှစ်ပြီး မေးပြသလိုပဲဖြစ်သွားခဲ့ပါတယ်။

တိုက်စစ်မှာ ဘောလုံးကိုင်ထားတာကလွဲရင် လမ်းကြောင်းတွေ ပိတ်ဆို့နေခဲ့တဲ့ အာဆင်နယ်တို့အတွက် ဆာကာရော မာတီနယ်လီပါ ဘာမှ မလုပ်တတ်ချိန်မှာ အကောင်သေးလွန်းတဲ့ ဂျေဆူးစ်ကတော့ ဝက်စ်ဟမ်းရဲ့ လီဗာပူးလ်ကွင်းမှာ ကလေးဖြစ်ခဲ့တဲ့ မာဗရိုပါနို့စ်နဲ့ အော့ဘွန်နာတို့ကြားမှာ မြုပ်နေခဲ့ပြီး ဒါက သူတို့တွေရဲ့ ရာသီကြို ပြင်ဆင်မှုမှာ ညံ့ဖျင်းလွန်းခဲ့တာကိုပဲ ပြသနေခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးရသွားခဲ့ပြီး ဒီဂိုးကိုတော့ ပွဲကို မဖတ်တတ်ဘဲ သနားဖို့ကောင်းလွန်းနေတဲ့ ဘန်ဝှိုက်က သူ့ထက် စကေးလ်အများကြီးသာတဲ့ ပါကေးတာကို လိုက်လုလို့ ဟိုက ပညာပြပြီး ဘယ်ခြမ်းကို ထုတ်ပေးလိုက်တဲ့ ဘောလုံးကို လွတ်နေတဲ့ အီမာဆန်က ဖြတ်တင် ပေးခဲ့ရာမှာ ဂါဘရီယယ်လ်က ရှင်းထုတ်ခဲ့ပေမယ့် အိမ်သာတိုင် ဇင်ချန်ကိုနဲ့ ထိပြီး ပြန်ကျလာတာကို ဘိုဝင်က ပြန်ချိုးပေးခဲ့ရာမှာ ဆိုးချက်ခ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ဘိုဝင် ပြန်ဖြတ်တင်မပေးခင် ဂိုးစည်းကျော်သွားခဲ့ပေမယ့် အာဆင်နယ်ဆို ပထွေးမုန်းမုန်းနေတဲ့ VAR ကတော့ အေးအေးဆေးဆေးပဲ ပေါ်တင်ဓားပြတိုက်သွားခဲ့တာကြောင့် အသုံးမကျတဲ့ နှစ်ကောင်ဖြစ်တဲ့ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ရဲ့ ထပ်ဆင့် အမှားတွေကိုပဲ အပြစ်တင်ရတော့မှာဖြစ်သလို နည်းပြ အာတီတာအနေနဲ့ ဒီလိုကစားသမားတွေကို သုံးပြီး ဘာမှမဖြစ်နိုင်ဘူးဆိုတာလည်း သေချာသွားခဲ့တာပါ။

တိုက်စစ်မှာလည်း ဇင်ချန်ကိုကြောင့် တောင်ပံတွေချည်း ထွက်ကစားနေရတဲ့ မာတီနယ်လီက ဂိုးသွင်းဖို့ နေရာကို ရောက်မလာနိုင်တော့သလို ထရော့ဆတ်ကလည်း မဖန်တီးနိုင်၊ ဂျေဆူးစ်ကလည်း ဂိုးမသွင်းတတ်ချိန်မှာ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကတော့ ဝက်စ်ဟမ်းဂိုးသမား အာရီယိုးလားနဲ့ ချစ်ကြည်ရေးလုပ်နေခဲ့တာကြောင့် ပထမပိုင်းမှာ အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပထမပိုင်းက အလုပ်မဖြစ်တဲ့ ကစားကွက်ကိုပဲ ဆက်လက်သွတ်သွင်းနေတာကြောင့် ဝက်စ်ဟမ်းခံစစ်ကို မဖြိုခွဲနိုင်ဘဲ ဖြစ်နေခဲ့ပြီး စောစောစီးစီး ဇင်ချန်ကို,ကို ထုတ်ပြီး တောင်ပံထွက်ကစားပေးမယ့် တစ်ယောက်ယောက်ကို မထည့်နိုင်ခဲ့တဲ့ အာတီတာရဲ့ အတွေးအခေါ်က ဂိုးပြန်ရဖို့ မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့သလို အာဆင်နယ်တို့ရဲ့ ညာခြမ်းခံစစ် ညံ့ဖျင်းမှုကြောင့် ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကနေ ဝါ့ဒ်-ပရောက်စ်က ကန်တင်ပေးရာမှာ ထုံးစံအတိုင်း အာရုံများနေတဲ့ ခံစစ်ကြားကနေ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်တဲ့ မာဗရိုပါနို့စ်က ခေါင်းတိုက်သွင်းသွားခဲ့တာကြောင့် အမ်းမရိတ်သားတွေ ငုတ်တုတ်မေ့ခဲ့ရပြန်ပါတယ်။

နှစ်ဂိုးပေးလိုက်ရလို့ နကီးတီးယားနဲ့ နယ်လ်ဆန်တို့ကို ထည့်သွင်းချိန်မှာ ဂိုးသွင်းခြေရှိတဲ့ မာတီနယ်လီကို ထားပြီး ထရော့ဆတ်ကို ထုတ်ရမယ့်အစား ဖွတ်ကျား ဇင်ချန်ကိုနဲ့အတူ လဲပစ်ခဲ့တဲ့ အာတီတာရဲ့ ကစားကွက်က အလုပ်မဖြစ်ခဲ့သလို ရှုံးနိမ့်နေချိန်တွေအတွက် ဘာ Plan B မှ မရှိကြောင်းကို သိသာထင်ရှားစေခဲ့ပြီး ဒီအတွေ့အကြုံနုတဲ့ ဥမမယ် စာမမြောက် နည်းပြအဖွဲ့အတွက်တော့ စိန်ခေါ်မှုတွေက ကြီးမားနေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာလည်း ထရော့ဆတ်အစား စမစ်ရိုးကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဂိုးရှေ့မှာ ဂိုးသွင်းမယ့်သူ၊ အကောင်ကြီးတဲ့သူ မရှိတဲ့ ပြဿနာက သူတို့ကို ဒုက္ခပေးသွားခဲ့ပြီး ဝက်စ်ဟမ်းဘက်က ဂိုးသမား အာရီယိုးလားကလည်း ငှက်ပျောသီး ပစ်ပေးခံရတဲ့ မျောက်လိုပဲ မလွတ်တမ်း ဖမ်းပြသွားခဲ့တာကြောင့် အမ်းမရိတ် ပရိသတ်တွေ နှစ်ဂိုး-ဂိုးမရှိ အရှုံးရလဒ်ကို လက်ခံရင်း အိမ်ပြန်စောခဲ့သေးတာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ဝက်စ်ဟမ်းနဲ့တွေ့တိုင်း ဘာမှ မလုပ်နိုင်ဘဲ ပင်နယ်တီပါ ပေးရအောင်လုပ်ခဲ့တဲ့ ဒက်ကလန် ရိုက်စ်ကို မြန်မာပြည်က လူကြွားပရိသတ်တွေ ပေါင် ၁၀၅ သန်း ပြန်တောင်းပြီလားလို့ ထင်ခဲ့ရပေမယ့် အီမာဆန် ရှာပေးတဲ့ ပင်နယ်တီကို ဘင်ရာမာ ကန်ရာမှာ ရာယာက ဘယ်ဘက်ကို မှန်မှန်ကန်ကန် ဒိုက်ပစ်ပြီး ပုတ်ထုတ်သွားခဲ့တာကြောင့် ရွှေထမင်းကနေ ထမင်းသိုး မဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ တစ်ခါလာလဲ ဒီလူစာရင်း၊ အရန်ခုံက လူလဲတော့လဲ ဘာဗျူဟာမှ မရှိတဲ့ အာတီတာနဲ့ အာဆင်နယ်တို့ကို သူ့ရဲ့ အဲဗာတန် ဆရာဟောင်း ဒေးဗစ် မွိုက်စ်က ပညာထပ်ပေးသွားခဲ့ပြီး ဒီရာသီ နှစ်ပွဲတွေ့အပြီးမှာ နှစ်ပွဲစလုံး နိုင်ထားခဲ့တာကြောင့် ဒုတိယအကျော့ လန်ဒန်ကွင်းမှာရော ထပ်နိုင်ဦးမလားလို့တောင် မေးစရာဖြစ်ခဲ့သလို ဆင်ပျံကြီးကတော့ ဖင်လှန်တီးခံခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ၿပိဳင္ဘက္ေတြအျပင္ သတၱေလာကထဲက သက္ရွိသက္မဲ့အားလုံး အလြတ္ရေနတဲ့ ပြဲတိုင္းေက်ာ္ လူစာရင္းကိုပဲ ထုတ္သုံးခဲ့ၿပီး အိမ္ကြင္း အမ္းမရိတ္မွာ အရွက္တကြဲ ရႈံးနိမ့္ခဲ့ရသလို Plan B မရွိတဲ့ နည္းျပ အာတီတာနဲ႔ သူ႔လူေတြရဲ႕ အမွားေတြအတြက္ ဇယားထိပ္နဲ႔ ခ်န္ပီယံဆိုတာ တန္သလားလို႔ ဝက္စ္ဟမ္းတို႔က လည္ပင္းညႇစ္ၿပီး ေမးျပသလိုပဲျဖစ္သြားခဲ့ပါတယ္။

တိုက္စစ္မွာ ေဘာလုံးကိုင္ထားတာကလြဲရင္ လမ္းေၾကာင္းေတြ ပိတ္ဆို႔ေနခဲ့တဲ့ အာဆင္နယ္တို႔အတြက္ ဆာကာေရာ မာတီနယ္လီပါ ဘာမွ မလုပ္တတ္ခ်ိန္မွာ အေကာင္ေသးလြန္းတဲ့ ေဂ်ဆူးစ္ကေတာ့ ဝက္စ္ဟမ္းရဲ႕ လီဗာပူးလ္ကြင္းမွာ ကေလးျဖစ္ခဲ့တဲ့ မာဗ႐ိုပါႏို႔စ္နဲ႔ ေအာ့ဘြန္နာတို႔ၾကားမွာ ျမဳပ္ေနခဲ့ၿပီး ဒါက သူတို႔ေတြရဲ႕ ရာသီႀကိဳ ျပင္ဆင္မႈမွာ ညံ့ဖ်င္းလြန္းခဲ့တာကိုပဲ ျပသေနခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးရသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ပြဲကို မဖတ္တတ္ဘဲ သနားဖို႔ေကာင္းလြန္းေနတဲ့ ဘန္ဝႈိက္က သူ႔ထက္ စေကးလ္အမ်ားႀကီးသာတဲ့ ပါေကးတာကို လိုက္လုလို႔ ဟိုက ပညာျပၿပီး ဘယ္ျခမ္းကို ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို လြတ္ေနတဲ့ အီမာဆန္က ျဖတ္တင္ ေပးခဲ့ရာမွာ ဂါဘရီယယ္လ္က ရွင္းထုတ္ခဲ့ေပမယ့္ အိမ္သာတိုင္ ဇင္ခ်န္ကိုနဲ႔ ထိၿပီး ျပန္က်လာတာကို ဘိုဝင္က ျပန္ခ်ိဳးေပးခဲ့ရာမွာ ဆိုးခ်က္ခ္က ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ဘိုဝင္ ျပန္ျဖတ္တင္မေပးခင္ ဂိုးစည္းေက်ာ္သြားခဲ့ေပမယ့္ အာဆင္နယ္ဆို ပေထြးမုန္းမုန္းေနတဲ့ VAR ကေတာ့ ေအးေအးေဆးေဆးပဲ ေပၚတင္ဓားျပတိုက္သြားခဲ့တာေၾကာင့္ အသုံးမက်တဲ့ ႏွစ္ေကာင္ျဖစ္တဲ့ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ရဲ႕ ထပ္ဆင့္ အမွားေတြကိုပဲ အျပစ္တင္ရေတာ့မွာျဖစ္သလို နည္းျပ အာတီတာအေနနဲ႔ ဒီလိုကစားသမားေတြကို သုံးၿပီး ဘာမွမျဖစ္ႏိုင္ဘူးဆိုတာလည္း ေသခ်ာသြားခဲ့တာပါ။

တိုက္စစ္မွာလည္း ဇင္ခ်န္ကိုေၾကာင့္ ေတာင္ပံေတြခ်ည္း ထြက္ကစားေနရတဲ့ မာတီနယ္လီက ဂိုးသြင္းဖို႔ ေနရာကို ေရာက္မလာႏိုင္ေတာ့သလို ထေရာ့ဆတ္ကလည္း မဖန္တီးႏိုင္၊ ေဂ်ဆူးစ္ကလည္း ဂိုးမသြင္းတတ္ခ်ိန္မွာ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကေတာ့ ဝက္စ္ဟမ္းဂိုးသမား အာရီယိုးလားနဲ႔ ခ်စ္ၾကည္ေရးလုပ္ေနခဲ့တာေၾကာင့္ ပထမပိုင္းမွာ အာဆင္နယ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပထမပိုင္းက အလုပ္မျဖစ္တဲ့ ကစားကြက္ကိုပဲ ဆက္လက္သြတ္သြင္းေနတာေၾကာင့္ ဝက္စ္ဟမ္းခံစစ္ကို မၿဖိဳခြဲႏိုင္ဘဲ ျဖစ္ေနခဲ့ၿပီး ေစာေစာစီးစီး ဇင္ခ်န္ကို,ကို ထုတ္ၿပီး ေတာင္ပံထြက္ကစားေပးမယ့္ တစ္ေယာက္ေယာက္ကို မထည့္ႏိုင္ခဲ့တဲ့ အာတီတာရဲ႕ အေတြးအေခၚက ဂိုးျပန္ရဖို႔ မျဖစ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားခဲ့သလို အာဆင္နယ္တို႔ရဲ႕ ညာျခမ္းခံစစ္ ညံ့ဖ်င္းမႈေၾကာင့္ ေပးလိုက္ရတဲ့ ေထာင့္ကန္ေဘာကေန ဝါ့ဒ္-ပေရာက္စ္က ကန္တင္ေပးရာမွာ ထုံးစံအတိုင္း အာ႐ုံမ်ားေနတဲ့ ခံစစ္ၾကားကေန အသင္းေဟာင္းကို ျပန္လည္ ရင္ဆိုင္တဲ့ မာဗ႐ိုပါႏို႔စ္က ေခါင္းတိုက္သြင္းသြားခဲ့တာေၾကာင့္ အမ္းမရိတ္သားေတြ ငုတ္တုတ္ေမ့ခဲ့ရျပန္ပါတယ္။

ႏွစ္ဂိုးေပးလိုက္ရလို႔ နကီးတီးယားနဲ႔ နယ္လ္ဆန္တို႔ကို ထည့္သြင္းခ်ိန္မွာ ဂိုးသြင္းေျခရွိတဲ့ မာတီနယ္လီကို ထားၿပီး ထေရာ့ဆတ္ကို ထုတ္ရမယ့္အစား ဖြတ္က်ား ဇင္ခ်န္ကိုနဲ႔အတူ လဲပစ္ခဲ့တဲ့ အာတီတာရဲ႕ ကစားကြက္က အလုပ္မျဖစ္ခဲ့သလို ရႈံးနိမ့္ေနခ်ိန္ေတြအတြက္ ဘာ Plan B မွ မရွိေၾကာင္းကို သိသာထင္ရွားေစခဲ့ၿပီး ဒီအေတြ႕အႀကဳံႏုတဲ့ ဥမမယ္ စာမေျမာက္ နည္းျပအဖြဲ႕အတြက္ေတာ့ စိန္ေခၚမႈေတြက ႀကီးမားေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာလည္း ထေရာ့ဆတ္အစား စမစ္႐ိုးကို ထပ္ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဂိုးေရွ႕မွာ ဂိုးသြင္းမယ့္သူ၊ အေကာင္ႀကီးတဲ့သူ မရွိတဲ့ ျပႆနာက သူတို႔ကို ဒုကၡေပးသြားခဲ့ၿပီး ဝက္စ္ဟမ္းဘက္က ဂိုးသမား အာရီယိုးလားကလည္း ငွက္ေပ်ာသီး ပစ္ေပးခံရတဲ့ ေမ်ာက္လိုပဲ မလြတ္တမ္း ဖမ္းျပသြားခဲ့တာေၾကာင့္ အမ္းမရိတ္ ပရိသတ္ေတြ ႏွစ္ဂိုး-ဂိုးမရွိ အရႈံးရလဒ္ကို လက္ခံရင္း အိမ္ျပန္ေစာခဲ့ေသးတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ဝက္စ္ဟမ္းနဲ႔ေတြ႕တိုင္း ဘာမွ မလုပ္ႏိုင္ဘဲ ပင္နယ္တီပါ ေပးရေအာင္လုပ္ခဲ့တဲ့ ဒက္ကလန္ ႐ိုက္စ္ကို ျမန္မာျပည္က လူႂကြားပရိသတ္ေတြ ေပါင္ ၁၀၅ သန္း ျပန္ေတာင္းၿပီလားလို႔ ထင္ခဲ့ရေပမယ့္ အီမာဆန္ ရွာေပးတဲ့ ပင္နယ္တီကို ဘင္ရာမာ ကန္ရာမွာ ရာယာက ဘယ္ဘက္ကို မွန္မွန္ကန္ကန္ ဒိုက္ပစ္ၿပီး ပုတ္ထုတ္သြားခဲ့တာေၾကာင့္ ေ႐ႊထမင္းကေန ထမင္းသိုး မျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ခါလာလဲ ဒီလူစာရင္း၊ အရန္ခုံက လူလဲေတာ့လဲ ဘာဗ်ဴဟာမွ မရွိတဲ့ အာတီတာနဲ႔ အာဆင္နယ္တို႔ကို သူ႔ရဲ႕ အဲဗာတန္ ဆရာေဟာင္း ေဒးဗစ္ မြိဳက္စ္က ပညာထပ္ေပးသြားခဲ့ၿပီး ဒီရာသီ ႏွစ္ပြဲေတြ႕အၿပီးမွာ ႏွစ္ပြဲစလုံး ႏိုင္ထားခဲ့တာေၾကာင့္ ဒုတိယအေက်ာ့ လန္ဒန္ကြင္းမွာေရာ ထပ္ႏိုင္ဦးမလားလို႔ေတာင္ ေမးစရာျဖစ္ခဲ့သလို ဆင္ပ်ံႀကီးကေတာ့ ဖင္လွန္တီးခံခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.