Premier League

အသင်းဖော်တွေကို စိတ်ပျက်နေပြီး အားလုံးမုန်းတာခံနေရတဲ့ ဟွိုင်လွန်း

ရာ့စ်မွတ် ဟွိုင်လွန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေကို စိတ်ပျက်ခဲ့ပြီး အားလုံးရဲ့ မုန်းတီးမှုကို ခံခဲ့ရတယ်လို့ ပေါလ် ပါကားက ပြောကြားခဲ့ပါတယ်။

ဟွိုင်လွန်းဟာ အင်္ဂါနေ့ညက အက်စတန် ဗီလာကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးကို သွင်းယူနိုင်ဖို့အတွက် ၁၀၂၆ မိနစ်အထိ လိုအပ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ဟွိုင်းလွန်းဟာ ပထမဆုံးသွင်းဂိုးရဖို့ ပရီးမီးယားလိဂ် ၁၅ ပွဲအထိ လိုအပ်ခဲ့ပြီးနောက် ကွင်းထဲမှာ ရှိနေတာကိုက ကံကောင်းခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ဒိန်းမတ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှာ အားကိုးယုံကြည်ရတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။

“အားလုံးက မန်ချက်စတာယူနိုက်တက်နဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို မုန်းတီးကြတယ်။ ကျွမ်းကျင်သူတွေနဲ့ ဘောလုံးဝေဖန်သူတွေက သူ ကျရှုံးလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ဘယ်သူမှ မနှစ်သက်တဲ့ ကမ္ဘာ့အကြီးမားဆုံးအသင်းအတွက် ကစားပေးနေလို့ပါ။ ကောင်းတာကတော့ ပရိသတ်တွေက အမြဲတမ်း သူ့ကို အားပေးနေတယ်။ သူတို့တွေ ဆက်ပြီးလည်း အားပေးနေမှာပါ။ သူက သူ့အသင်းဖော်တွေကိုလည်း ဂိုးသွင်းယူဖို့ အကောင်းဆုံးအခြေအနေတွေ မပေးနိုင်ခဲ့လို့ စိတ်ပျက်ခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဟွိုင်လွန်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာက သူက အဲဒါကို ကွင်းထဲမှာ မပြသတာပါ။ သူ ဘယ်တုန်းကမှ ဆရာကြီးလိုမျိုး မပြုမူခဲ့ဘူး။ အရင်တုန်းက ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုမျိုးပေါ့”

“သူက ပိုပြီးတကိုယ်ကောင်းဆန်လေ အကျိုးပိုရှိလေဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို အခွင့်အရေးရတဲ့အချိန်တိုင်း ဘောလုံး သူ့ဆီပေးဖို့ ပြောသင့်တယ်။ သူက အသင်းမှာ အကောင်းဆုံးကစားသမားပါ။ အဲဒီတော့ သူ့ကို တစ်ချိန်လုံး သူတို့တွေ ဘောလုံးပေးသင့်ပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့အချိန်တုန်းက အဲရစ် ကန်တိုနာဆီကိုပဲ ကျွန်တော်တို့ ဘောလုံးပေးခဲ့ရသလိုမျိုးပေါ့။ သူက အခုဆိုရင် ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ရနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဝေဖန်သူတွေက တိတ်ဆိတ်သွားလိမ့်မယ်လို့ ခင်ဗျား ထင်ရင် မှားမှာပေါ့။ မျှော်မှန်းချက်တွေက အခုဆိုရင် သူ့အတွက် ပိုတောင် မြင့်မားလာပြီ။ အားလုံးက သူ ပုံမှန်ဂိုးတွေသွင်းယူသွားနိုင်တော့မယ်လို့ မျှော်လင့်နေကြမှာပါ။ အဲဒီတော့ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်ပေါ့။ နောက်ဂိုးက ပိုလို့တောင် အရေးကြီးလိမ့်မယ်လို့ ကျွန်တော် ထင်သလို ပိုပြီးလည်း သူ့အတွက် စိန်ခေါ်မှုရှိလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီသွင်းဂိုးက သူ ကြက်ကန်းတိုးပြီး ရသွားခဲ့တာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လိုအပ်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာ့စ္မြတ္ ဟြိဳင္လြန္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြကို စိတ္ပ်က္ခဲ့ၿပီး အားလုံးရဲ႕ မုန္းတီးမႈကို ခံခဲ့ရတယ္လို႔ ေပါလ္ ပါကားက ေျပာၾကားခဲ့ပါတယ္။

ဟြိဳင္လြန္းဟာ အဂၤါေန႔ညက အက္စတန္ ဗီလာကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီသြင္းဂိုးကို သြင္းယူႏိုင္ဖို႔အတြက္ ၁၀၂၆ မိနစ္အထိ လိုအပ္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေပါလ္ စခိုးက ဟြိဳင္းလြန္းဟာ ပထမဆုံးသြင္းဂိုးရဖို႔ ပရီးမီးယားလိဂ္ ၁၅ ပြဲအထိ လိုအပ္ခဲ့ၿပီးေနာက္ ကြင္းထဲမွာ ရွိေနတာကိုက ကံေကာင္းခဲ့တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

ဒိန္းမတ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အတၱလႏၲာကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွာ အားကိုးယုံၾကည္ရတဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ျခင္းမရွိေသးသူျဖစ္ပါတယ္။

“အားလုံးက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရာ့စ္မြတ္ ဟြိဳင္လြန္းကို မုန္းတီးၾကတယ္။ ကြၽမ္းက်င္သူေတြနဲ႔ ေဘာလုံးေဝဖန္သူေတြက သူ က်ရႈံးလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက ဘယ္သူမွ မႏွစ္သက္တဲ့ ကမာၻ႔အႀကီးမားဆုံးအသင္းအတြက္ ကစားေပးေနလို႔ပါ။ ေကာင္းတာကေတာ့ ပရိသတ္ေတြက အၿမဲတမ္း သူ႔ကို အားေပးေနတယ္။ သူတို႔ေတြ ဆက္ၿပီးလည္း အားေပးေနမွာပါ။ သူက သူ႔အသင္းေဖာ္ေတြကိုလည္း ဂိုးသြင္းယူဖို႔ အေကာင္းဆုံးအေျခအေနေတြ မေပးႏိုင္ခဲ့လို႔ စိတ္ပ်က္ခဲ့လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဟြိဳင္လြန္းနဲ႔ပတ္သက္ၿပီး ေကာင္းတဲ့အရာက သူက အဲဒါကို ကြင္းထဲမွာ မျပသတာပါ။ သူ ဘယ္တုန္းကမွ ဆရာႀကီးလိုမ်ိဳး မျပဳမူခဲ့ဘူး။ အရင္တုန္းက ကြၽန္ေတာ္တို႔ ျမင္ခဲ့ရတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလိုမ်ိဳးေပါ့”

“သူက ပိုၿပီးတကိုယ္ေကာင္းဆန္ေလ အက်ိဳးပိုရွိေလျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ ရက္ရွ္ဖို႔ဒ္နဲ႔ ဂါနာခ်ိဳတို႔ကို အခြင့္အေရးရတဲ့အခ်ိန္တိုင္း ေဘာလုံး သူ႔ဆီေပးဖို႔ ေျပာသင့္တယ္။ သူက အသင္းမွာ အေကာင္းဆုံးကစားသမားပါ။ အဲဒီေတာ့ သူ႔ကို တစ္ခ်ိန္လုံး သူတို႔ေတြ ေဘာလုံးေပးသင့္ပါတယ္။ ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့အခ်ိန္တုန္းက အဲရစ္ ကန္တိုနာဆီကိုပဲ ကြၽန္ေတာ္တို႔ ေဘာလုံးေပးခဲ့ရသလိုမ်ိဳးေပါ့။ သူက အခုဆိုရင္ ခက္ခဲတဲ့အခ်ိန္ေတြကို ရင္ဆိုင္ရႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ေဝဖန္သူေတြက တိတ္ဆိတ္သြားလိမ့္မယ္လို႔ ခင္ဗ်ား ထင္ရင္ မွားမွာေပါ့။ ေမွ်ာ္မွန္းခ်က္ေတြက အခုဆိုရင္ သူ႔အတြက္ ပိုေတာင္ ျမင့္မားလာၿပီ။ အားလုံးက သူ ပုံမွန္ဂိုးေတြသြင္းယူသြားႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ေနၾကမွာပါ။ အဲဒီေတာ့ တကယ္လို႔ ျဖစ္ႏိုင္မယ္ဆိုရင္ေပါ့။ ေနာက္ဂိုးက ပိုလို႔ေတာင္ အေရးႀကီးလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္သလို ပိုၿပီးလည္း သူ႔အတြက္ စိန္ေခၚမႈရွိလာပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီသြင္းဂိုးက သူ ၾကက္ကန္းတိုးၿပီး ရသြားခဲ့တာမဟုတ္ဘူးဆိုတာကို သက္ေသျပဖို႔ လိုအပ္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.