International Match Report Premier League

ကမ္ဘာ့ကလပ်ချန်ပီယံဖလားတစ်လုံးကို အပိုင်သိမ်းခဲ့ပြန်တဲ့ ဂွါဒီယိုလာနဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ် တစ်ဦးတည်းကို အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပြိုင်ဘက် ဖိုင်နယ်ရောက် ဘရာဇီးလ်ကလပ် ဖလူမီနန်စီကတော့ ဂိုးသမား ဖာဘီယို၊ ခံစစ်မှာ နီနို၊ ဖလိပီ မယ်လို၊ ရှားဗီးယားနဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း မာဆယ်လိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အွန်ဒရေး၊ မာတီနယ်လီ၊ ဂန်ဆို၊ အာရီယာ့စ်နဲ့ ကီနိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကာနိုတစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

ပွဲချိန် ၁ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ မာဆယ်လို ရှင်းထုတ်တာကို ကွင်းလယ်ကနေ ပြန်ရယူနိုင်ခဲ့တဲ့ အာကေက ဆွဲယူလာပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးက တိုင်ထိပြီး ပြန်ကျအလာမှာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ဖလူမီနန်စီ ဂိုးသမားထက် ဦးအောင် ရင်ဘတ်နဲ့ တိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာခဲ့တဲ့ ရိုဒရီက ဧရိယာထဲကို ထိုးပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က ဂိုးရှေ့ကို ဖြတ်ပို့ဖို့ ကြိုးစားရာမှာ လျှောထိုးဖျက်တဲ့ ဖလူမီနန်စီနောက်ခံလူ နီနိုနဲ့ထိပြီး ဂိုးသမားပေါ်က ကျော်ဝင်သွားခဲ့တာပါ။

မန်စီးတီးတို့ရဲ့ ဂိုးသွင်းခွင့်တွေကို အပိုင်အသုံးချနိုင်မှု နည်းတာသလို ဖလူမီနန်စီတို့ဘက်ကတော့ လူကျွံဘောတွေပဲ များနေခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဖိကစားနေခဲ့တဲ့ ဥရောပချန်ပီယံတွေဘက်က ရီကို လူးဝစ္စအစား ကိုဗာချစ်ချ်ကို ထည့်ပြီး စိတ်ချရအောင် ကစားလာခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ အနိုင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်စက်ဝိုင်းမှာ ရခဲ့တဲ့ ဖရီးကစ်ကို ရူဘင် ဒီယက်စ် ကန်တင်ပေးရာကနေ ကိုဗာချစ်ချ်က လုယူပြီး ပြန်ချပေးလိုက်တဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က ရယူပြီး ဘယ်ခြမ်းကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဖိုဒန်က အနီးကပ် ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာ မန်စီးတီးတို့ပဲ ပြတ်ပြတ်သားသား စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လူစားဝင်ကွင်းလယ်လူ မက်သီယူးစ် နူးနက်စ်က ဆွဲယူလာပြီး ဧရိယာထဲကို ချိုးပေးလိုက်တဲ့ ဘောလုံးကို အဖွင့်ဂိုးရှင့် အယ်လ်ဗာရက်ဇ်ကပဲ ဖလူမီနန်စီ နောက်ခံလူတွေကြားကနေ လိမ်ခေါက်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဖလူမီနန်စီတို့ကို လေးဂိုး-ဂိုးမရှိနဲ့ တစ်ဖက်သတ် အနိုင်ယူသွားခဲ့ကြသလို သူတို့အသင်းအတွက် ပထမဆုံး ကမ္ဘာ့ကလပ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကြပြီး ပဲ့ကိုင်ရှင် နည်းပြ ဂွါဒီယိုလာအတွက်တော့ ဘာစီလိုနာနဲ့ နှစ်ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့ တစ်ကြိမ် ရယူနိုင်ခဲ့အပြီးမှာ စတုတ္ထအကြိမ်မြောက် ရရှိခဲ့တာလည်းဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ဂြၽန္စတုန္းစ္၊ ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီကို လူးဝစၥ၊ ဘာနာဒို ေဆးလ္ဗား၊ ႐ိုဒရီ၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္ တစ္ဦးတည္းကို အေထာင္ထားၿပီး ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ၿပိဳင္ဘက္ ဖိုင္နယ္ေရာက္ ဘရာဇီးလ္ကလပ္ ဖလူမီနန္စီကေတာ့ ဂိုးသမား ဖာဘီယို၊ ခံစစ္မွာ နီႏို၊ ဖလိပီ မယ္လို၊ ရွားဗီးယားနဲ႔ ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူေဟာင္း မာဆယ္လိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အြန္ဒေရး၊ မာတီနယ္လီ၊ ဂန္ဆို၊ အာရီယာ့စ္နဲ႔ ကီႏိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကာႏိုတစ္ဦးတည္းကို တင္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၁ မိနစ္မွာကတည္းက မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ မာဆယ္လို ရွင္းထုတ္တာကို ကြင္းလယ္ကေန ျပန္ရယူႏိုင္ခဲ့တဲ့ အာေကက ဆြဲယူလာၿပီး ကန္သြင္းခဲ့တဲ့ ေဘာလုံးက တိုင္ထိၿပီး ျပန္က်အလာမွာ တိုက္စစ္မႉး အယ္လ္ဗာရက္ဇ္က ဖလူမီနန္စီ ဂိုးသမားထက္ ဦးေအာင္ ရင္ဘတ္နဲ႔ တိုက္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာခဲ့တဲ့ ႐ိုဒရီက ဧရိယာထဲကို ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဖိုဒန္က ဂိုးေရွ႕ကို ျဖတ္ပို႔ဖို႔ ႀကိဳးစားရာမွာ ေလွ်ာထိုးဖ်က္တဲ့ ဖလူမီနန္စီေနာက္ခံလူ နီႏိုနဲ႔ထိၿပီး ဂိုးသမားေပၚက ေက်ာ္ဝင္သြားခဲ့တာပါ။

မန္စီးတီးတို႔ရဲ႕ ဂိုးသြင္းခြင့္ေတြကို အပိုင္အသုံးခ်ႏိုင္မႈ နည္းတာသလို ဖလူမီနန္စီတို႔ဘက္ကေတာ့ လူကြၽံေဘာေတြပဲ မ်ားေနခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဖိကစားေနခဲ့တဲ့ ဥေရာပခ်န္ပီယံေတြဘက္က ရီကို လူးဝစၥအစား ကိုဗာခ်စ္ခ်္ကို ထည့္ၿပီး စိတ္ခ်ရေအာင္ ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ တတိယ အႏိုင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္စက္ဝိုင္းမွာ ရခဲ့တဲ့ ဖရီးကစ္ကို ႐ူဘင္ ဒီယက္စ္ ကန္တင္ေပးရာကေန ကိုဗာခ်စ္ခ်္က လုယူၿပီး ျပန္ခ်ေပးလိုက္တဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က ရယူၿပီး ဘယ္ျခမ္းကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဖိုဒန္က အနီးကပ္ ပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာ မန္စီးတီးတို႔ပဲ ျပတ္ျပတ္သားသား စတုတၳဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန လူစားဝင္ကြင္းလယ္လူ မက္သီယူးစ္ ႏူးနက္စ္က ဆြဲယူလာၿပီး ဧရိယာထဲကို ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို အဖြင့္ဂိုးရွင့္ အယ္လ္ဗာရက္ဇ္ကပဲ ဖလူမီနန္စီ ေနာက္ခံလူေတြၾကားကေန လိမ္ေခါက္ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဖလူမီနန္စီတို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ တစ္ဖက္သတ္ အႏိုင္ယူသြားခဲ့ၾကသလို သူတို႔အသင္းအတြက္ ပထမဆုံး ကမာၻ႔ကလပ္ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ၾကၿပီး ပဲ့ကိုင္ရွင္ နည္းျပ ဂြါဒီယိုလာအတြက္ေတာ့ ဘာစီလိုနာနဲ႔ ႏွစ္ႀကိမ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ တစ္ႀကိမ္ ရယူႏိုင္ခဲ့အၿပီးမွာ စတုတၳအႀကိမ္ေျမာက္ ရရွိခဲ့တာလည္းျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.