Premier League

နာရီဝက်ဝင်ကစား တစ်လနားဖြစ်တော့မယ့် ကစားသမားအတွက် စိုးရိမ်နေတဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုက ရိုမီယို လာဗီယာဟာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ချဲလ်ဆီးပွဲဦးထွက်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်အတွက် လီဗာပူးလ်ကို အနိုင်ယူပြီး ပေါင် ၅၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဆောက်သမ်တန်ကြယ်ပွင့်ဟောင်းဟာ ယခုတစ်ရာသီလုံးကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနိုက ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့် ပြန်လည်ပါဝင်ကစားပေးနိုင်မှုက မွိုက်စ် ကိုင်ဆေဒို၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကော်နာ ဂယ်လေဂါတို့အပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

လာဗီယာဟာ ဗုဒ္ဓဟူးနေ့ညက ခရစ္စတယ် ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဥ်မှာ မိနစ် ၆၀ မပြည့်မီမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးလူငယ်ကြယ်ပွင့်ဟောင်းဟာ နိုနီ မာဒူအဲခီရဲ့ နောက်ကျ ပင်နယ်တီကြောင့် ချဲလ်ဆီးတို့ မဖြစ်မနေ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကောင်းမွန်တဲ့ ဘောလုံးထိတွေ့မှုအများအပြား ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာဗီယာဟာ သက်တောင့်သက်သာမရှိတဲ့ပုံစံနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ပြီး ပေါင်မှာ ဒဏ်ရာပြဿနာ ရရှိသွားတယ်လို့ နားလည်ရပါတယ်။ ပွဲအပြီးမှာ ပိုချက်တီနိုက “ကျွန်တော် လာဗီယာနဲ့ပတ်သက်ပြီး နည်းနည်း စိုးရိမ်မိပါတယ်။ သူ ပြဿနာအချို့နဲ့ ပွဲကို အဆုံးသတ်ခဲ့တယ်။ ဒါပေမယ့် အဲဒါက ကြီးမားတဲ့ပြဿနာမဟုတ်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ဒဏ်ရာကြောင့် ယခုရာသီမှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တဲ့ နွေရာသီခေါ်ယူမှုကတော့ ခရစ္စတိုဖာ အန်ကွန်ကူဖြစ်ပြီး ဒုတိယပိုင်းမှာ မောပန်းနွမ်းနယ်ပုံစပေါ်လာပြီး လူစားလဲခြင်းမခံရမီ ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ တကယ်ကောင်းတဲ့ ပေါင်းစပ်ကစားပုံအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထပ်ထပ်ပြီး လုပ်ပြဖို့ လိုအပ်တဲ့ လုပ်ဆောင်မှု ပမာဏက အများကြီး ပိုပါတယ်။ အဲဒါက ၄၅ မိနစ်အတွင်းမှာ ၁ ကြိမ်၊ ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ်လောက်ပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို ပိုပြီး ပါဝင်ကစားစေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒါက သာမန်ပါပဲ။ အဲဒါက သူ့ရဲ့ ပထမဆုံးကစားခဲ့တဲ့ မိနစ် ၇၀ ပါ။ သူ နည်းနည်း ပင်ပန်းနေခဲ့ပြီး ၄၅ မိနစ်အပြီးမှာ နည်းနည်းရုန်းကန်ခဲ့ရတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဲဒါက သာမန်ပါပဲ၊ သူ ပွဲတွေ ကစားပေးဖို့ အချိန်လိုတယ်။ သူအသင်းနဲ့ အသားကျအောင်လုပ်ဖို့လိုတယ်။ ကစားသမားတွေကတော့ သူနဲ့ အချိတ်အဆက်မိသွားမှာပါ ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုက ႐ိုမီယို လာဗီယာဟာ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ ခ်ဲလ္ဆီးပြဲဦးထြက္ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ စိုးရိမ္မိတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္အတြက္ လီဗာပူးလ္ကို အႏိုင္ယူၿပီး ေပါင္ ၅၈ သန္းနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ေဆာက္သမ္တန္ၾကယ္ပြင့္ေဟာင္းဟာ ယခုတစ္ရာသီလုံးကို ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတာျဖစ္ပါတယ္။

ပိုခ်က္တီႏိုက ဘယ္လ္ဂ်ီယမ္ကြင္းလယ္ၾကယ္ပြင့္ ျပန္လည္ပါဝင္ကစားေပးႏိုင္မႈက မြိဳက္စ္ ကိုင္ေဆဒို၊ အန္ဇို ဖာနန္ဒက္ဇ္၊ ေကာ္နာ ဂယ္ေလဂါတို႔အေပၚက ဝန္ထုပ္ဝန္ပိုးကို ေလ်ာ့ပါးေစႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

လာဗီယာဟာ ဗုဒၶဟူးေန႔ညက ခရစၥတယ္ ပဲေလ့စ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ မိနစ္ ၆၀ မျပည့္မီမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရရွိခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကစားသမားဘဝ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးလူငယ္ၾကယ္ပြင့္ေဟာင္းဟာ ႏိုနီ မာဒူအဲခီရဲ႕ ေနာက္က် ပင္နယ္တီေၾကာင့္ ခ်ဲလ္ဆီးတို႔ မျဖစ္မေန လိုအပ္ေနတဲ့ အႏိုင္ ၃ မွတ္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေကာင္းမြန္တဲ့ ေဘာလုံးထိေတြ႕မႈအမ်ားအျပား ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာဗီယာဟာ သက္ေတာင့္သက္သာမရွိတဲ့ပုံစံနဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့ၿပီး ေပါင္မွာ ဒဏ္ရာျပႆနာ ရရွိသြားတယ္လို႔ နားလည္ရပါတယ္။ ပြဲအၿပီးမွာ ပိုခ်က္တီႏိုက “ကြၽန္ေတာ္ လာဗီယာနဲ႔ပတ္သက္ၿပီး နည္းနည္း စိုးရိမ္မိပါတယ္။ သူ ျပႆနာအခ်ိဳ႕နဲ႔ ပြဲကို အဆုံးသတ္ခဲ့တယ္။ ဒါေပမယ့္ အဲဒါက ႀကီးမားတဲ့ျပႆနာမဟုတ္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ဒဏ္ရာေၾကာင့္ ယခုရာသီမွာ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တဲ့ ေႏြရာသီေခၚယူမႈကေတာ့ ခရစၥတိုဖာ အန္ကြန္ကူျဖစ္ၿပီး ဒုတိယပိုင္းမွာ ေမာပန္းႏြမ္းနယ္ပုံစေပၚလာၿပီး လူစားလဲျခင္းမခံရမီ ေျခစြမ္းေကာင္းအခ်ိဳ႕ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ တကယ္ေကာင္းတဲ့ ေပါင္းစပ္ကစားပုံအနည္းငယ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ထပ္ထပ္ၿပီး လုပ္ျပဖို႔ လိုအပ္တဲ့ လုပ္ေဆာင္မႈ ပမာဏက အမ်ားႀကီး ပိုပါတယ္။ အဲဒါက ၄၅ မိနစ္အတြင္းမွာ ၁ ႀကိမ္၊ ၂ ႀကိမ္၊ ၃ ႀကိမ္၊ ၄ ႀကိမ္ေလာက္ပဲ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သူ႔ကို ပိုၿပီး ပါဝင္ကစားေစဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ အဲဒါက သာမန္ပါပဲ။ အဲဒါက သူ႔ရဲ႕ ပထမဆုံးကစားခဲ့တဲ့ မိနစ္ ၇၀ ပါ။ သူ နည္းနည္း ပင္ပန္းေနခဲ့ၿပီး ၄၅ မိနစ္အၿပီးမွာ နည္းနည္း႐ုန္းကန္ခဲ့ရတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အဲဒါက သာမန္ပါပဲ၊ သူ ပြဲေတြ ကစားေပးဖို႔ အခ်ိန္လိုတယ္။ သူအသင္းနဲ႔ အသားက်ေအာင္လုပ္ဖို႔လိုတယ္။ ကစားသမားေတြကေတာ့ သူနဲ႔ အခ်ိတ္အဆက္မိသြားမွာပါ ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.