Match Report Premier League

အဲဗာတန်ကို Come Back နိုင်ပွဲနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ အာကေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ မက်သီယူးစ် နူးနက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်ကို အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဘရန့်သ်ဝိတ်၊ ပက်တာဆန်နဲ့ မစ်ကိုလန်ကိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ အိုနာနာ၊ အန်ဒရေ ဂိုမက်စ်၊ ဂါနာ၊ ဟာရစ်ဆန်နဲ့ မက်နီးလ်တို့ကို စုဖွဲ့လာခဲ့ကြပြီး တိုက်စစ်မှာတော့ ဘက်တိုကို အသုံးပြုခဲ့တာပါ။

ပုံစံကောင်းရနေတဲ့ ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်တို့အနေနဲ့ ဒီပွဲမှာတော့ ဂွါဒီယိုလာရဲ့ မန်စီးတီးတို့ကို အဖက်ဖက်က အသာစီးမယူနိုင်ခဲ့ဘဲ အောက်က လိုက်ကစားခဲ့ရပြီး အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို အမှတ်လျှော့ ပြစ်ဒဏ်ကြောင့် မီးပေါင်တင်ထားသမျှကလည်း ပြန်ကျသွားပြီလားလို့ မေးစရာဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်တိုးအားကို ခုခံဖို့ ကြိုးစားရင်း ဖိအားဒဏ်ကြားကနေ ဧရိယာထဲမှာ နောက်ပြန်ပေးမိပြီး ဘောလုံးပျက်တဲ့ ရိုဒရီကြောင့် ပြန်ရသွားတဲ့ မက်နီးလ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဟာရစ်ဆန်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြသလို အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ လက်စွမ်းပြနိုင်ခဲ့မှုကြောင့် ချေပဂိုး ပြန်မရခဲ့သလို ဂျွန်စတုန်းစ် ဒဏ်ရာကြောင့် ဂွါဒီယောလ်နဲ့ လဲကစားခဲ့ရအပြီးမှာ အိမ်ရှင်တွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဧည့်သည်တွေက ပိုပြီး ထိထိရောက်ရောက် ကစားလာနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို အတိုပေးပြီး စိတ်ရှည်လက်ရှည် အပေါက်ရှာနေခဲ့တဲ့ ဧည့်သည်တွေရဲ့ ဘာနာဒို ဆေးလ်ဗားက ဧရိယာထိပ်ကို ပြန်ပေးရာမှာ ဖိုဒန်က ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီ ညာဘက် တိုင်ခြေကို ဝင်သွားခဲ့ရာမှာ ပစ်ခ်ဖို့ဒ် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ဒီနောက်မှာ ကွင်းလယ်ပြိုင်ဆိုင်မှုတချို့ကို မြင်ခဲ့ရပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယဂိုးနဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ အာကေရဲ့ ကန်ချက်ကို ပိတ်ဆို့ရင်း ဧရိယာထဲမှာ လက်ထိခဲ့တဲ့ အိုနာနာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကနေ အယ်လ်ဗာရက်ဇ်က ဂိုးသမား ပစ်ခ်ဖို့ဒ် အချိန်ဆွဲနေတဲ့ကြားက အလယ်တည့်တည့်ကို အနိမ့်ဘော ကန်သွင်းပြပြီး အလဲထိုးသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို ထပ်မံသွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အန္တရာယ်များတဲ့ အနေအထားမှာ တစ်ဖက်လူရောက်လာအောင် စောင့်ပြီးမှ ကန်တင်တဲ့ ပစ်ခ်ဖို့ဒ်ကြောင့် အယ်လ်ဗာရက်ဇ်နဲ့ ငြိပြီး ကျလာခဲ့တဲ့ ဘောလုံးကို လုမယ့်သူ မရှိဘဲ ရသွားခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက ညာတောင်ပံကနေ လှမ်းကန်သွင်းယူသွားခဲ့တာကြောင့် အဲဗာတန်တို့ စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က အဲဗာတန်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ ဂွတ်ဒီဆန်ပါ့ခ်မှာ အနိုင်ရရှိခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို ထိပ်ဆုံးက လီဗာပူးလ်တို့ထက် တစ်ပွဲလျော့ ငါးမှတ်အကွာနဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြပြီး မီးပေါင်ကုန်သလိုဖြစ်သွားတဲ့ အဲဗာတန်တို့ကတော့ ဖောရက်စ်တို့ကို ပြန်မလိုက်နိုင်ဘဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ဂြၽန္စတုန္းစ္၊ အာကန္ဂ်ီ၊ ေဝၚလ္ကာနဲ႔ အာေကတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ မက္သီယူးစ္ ႏူးနက္စ္၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္ကို အေထာင္ထားၿပီး ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ဘရန႔္သ္ဝိတ္၊ ပက္တာဆန္နဲ႔ မစ္ကိုလန္ကိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ အိုနာနာ၊ အန္ဒေရ ဂိုမက္စ္၊ ဂါနာ၊ ဟာရစ္ဆန္နဲ႔ မက္နီးလ္တို႔ကို စုဖြဲ႕လာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဘက္တိုကို အသုံးျပဳခဲ့တာပါ။

ပုံစံေကာင္းရေနတဲ့ ေရွာင္ဒိုက္ခ်္ရဲ႕ အဲဗာတန္တို႔အေနနဲ႔ ဒီပြဲမွာေတာ့ ဂြါဒီယိုလာရဲ႕ မန္စီးတီးတို႔ကို အဖက္ဖက္က အသာစီးမယူႏိုင္ခဲ့ဘဲ ေအာက္က လိုက္ကစားခဲ့ရၿပီး အိမ္ကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၂၇ ရာခိုင္ႏႈန္းနဲ႔ ဂိုးေပါက္ကန္သြင္းမႈ ၇ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့သလို အမွတ္ေလွ်ာ့ ျပစ္ဒဏ္ေၾကာင့္ မီးေပါင္တင္ထားသမွ်ကလည္း ျပန္က်သြားၿပီလားလို႔ ေမးစရာျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္တိုးအားကို ခုခံဖို႔ ႀကိဳးစားရင္း ဖိအားဒဏ္ၾကားကေန ဧရိယာထဲမွာ ေနာက္ျပန္ေပးမိၿပီး ေဘာလုံးပ်က္တဲ့ ႐ိုဒရီေၾကာင့္ ျပန္ရသြားတဲ့ မက္နီးလ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဟာရစ္ဆန္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ မန္စီးတီးတို႔ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့ၾကသလို အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ လက္စြမ္းျပႏိုင္ခဲ့မႈေၾကာင့္ ေခ်ပဂိုး ျပန္မရခဲ့သလို ဂြၽန္စတုန္းစ္ ဒဏ္ရာေၾကာင့္ ဂြါဒီေယာလ္နဲ႔ လဲကစားခဲ့ရအၿပီးမွာ အိမ္ရွင္ေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဧည့္သည္ေတြက ပိုၿပီး ထိထိေရာက္ေရာက္ ကစားလာႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို အတိုေပးၿပီး စိတ္ရွည္လက္ရွည္ အေပါက္ရွာေနခဲ့တဲ့ ဧည့္သည္ေတြရဲ႕ ဘာနာဒို ေဆးလ္ဗားက ဧရိယာထိပ္ကို ျပန္ေပးရာမွာ ဖိုဒန္က ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူခဲ့တာျဖစ္ၿပီ ညာဘက္ တိုင္ေျခကို ဝင္သြားခဲ့ရာမွာ ပစ္ခ္ဖို႔ဒ္ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

ဒီေနာက္မွာ ကြင္းလယ္ၿပိဳင္ဆိုင္မႈတခ်ိဳ႕ကို ျမင္ခဲ့ရၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယဂိုးနဲ႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ အာေကရဲ႕ ကန္ခ်က္ကို ပိတ္ဆို႔ရင္း ဧရိယာထဲမွာ လက္ထိခဲ့တဲ့ အိုနာနာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကေန အယ္လ္ဗာရက္ဇ္က ဂိုးသမား ပစ္ခ္ဖို႔ဒ္ အခ်ိန္ဆြဲေနတဲ့ၾကားက အလယ္တည့္တည့္ကို အနိမ့္ေဘာ ကန္သြင္းျပၿပီး အလဲထိုးသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို ထပ္မံသြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အႏၲရာယ္မ်ားတဲ့ အေနအထားမွာ တစ္ဖက္လူေရာက္လာေအာင္ ေစာင့္ၿပီးမွ ကန္တင္တဲ့ ပစ္ခ္ဖို႔ဒ္ေၾကာင့္ အယ္လ္ဗာရက္ဇ္နဲ႔ ၿငိၿပီး က်လာခဲ့တဲ့ ေဘာလုံးကို လုမယ့္သူ မရွိဘဲ ရသြားခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ညာေတာင္ပံကေန လွမ္းကန္သြင္းယူသြားခဲ့တာေၾကာင့္ အဲဗာတန္တို႔ စိတ္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က အဲဗာတန္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ဂြတ္ဒီဆန္ပါ့ခ္မွာ အႏိုင္ရရွိခဲ့ၾကၿပီး ဒီႏိုင္ပြဲေၾကာင့္ အဆင့္ ၄ ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သလို ထိပ္ဆုံးက လီဗာပူးလ္တို႔ထက္ တစ္ပြဲေလ်ာ့ ငါးမွတ္အကြာနဲ႔ လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္ေရာက္ရွိလာခဲ့ၾကၿပီး မီးေပါင္ကုန္သလိုျဖစ္သြားတဲ့ အဲဗာတန္တို႔ကေတာ့ ေဖာရက္စ္တို႔ကို ျပန္မလိုက္ႏိုင္ဘဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.