Premier League

ဆုဖလားပြိုင်ပွဲမှာ စိတ်ပူပင်စေတဲ့ ဂန်းနားကြယ်ပွင့်က ဘယ်သူလဲ ပြောပြလိုက်တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ သူ့ကို စိုးရိမ်ပူပင်အောင်လုပ်နေတဲ့ အာဆင်နယ်ကြယ်ပွင့်က ဘယ်သူလဲဆိုတကို ပြောပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ကြာသပတေးနေ့ည အမ်းမရိတ်စ်မှာ ဝက်စ်ဟမ်းယူနိုက်တက်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် အင်္ဂါနေ့ညက အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းခဲ့တဲ့ လီဗာပူးလ်ကို ပြန်လည်ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ သရေ ၁ မှတ် ရယူနိုင်ခဲ့ပေမယ့်လည်း ဇင်ချန်ကိုရဲ့ ဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့်သာ မဟုတ်ဘူးဆိုရင် အန်းဖီးမှာ အနိုင်ရပြီး ကျိန်စာဆိုးကိုပါ ချိုးဖျက်နိုင်ခဲ့မှာ ဖြစ်ပါတယ်။

ပေါလ် မာဆန်က မြောက်လန်ဒန်သားတွေဟာ ရာသီကုန်မှာ အောင်မြင်မှုအရသာကို မြည်းစမ်းနိုင်လိမ့်မယ်လို့ ခံစားနေရပေမယ့်လည်း ယူကရိန်း ဘယ်နောက်ခံလူနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေတာ ဖြစ်ပါတယ်။

“အာဆင်နယ်က အခုဆိုရင် လုံးဝမတူညီတဲ့အသင်းတစ်သင်းဖြစ်နေပါပြီ။ သူတို့တွေက ပြီးခဲ့တဲ့ရာသီကနေ အများကြီး လေ့လာသင်ယူခဲ့ပြီး ဒီကလန် ရိုက်က သူတို့ကို နောက်ထပ်အဆင့်တစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့တွေ ဒီတိုင်းဆက်သွားပြီး ဆုဖလားကို ရယူသွားနိုင်မယ်လို့ ထင်ပါတယ်။ ဘယ်နောက်ခံက သူတို့အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့်ပေါ့။ ဒါက ကျွန်တော် စိုးရိမ်တဲ့အရာပါ။ သူတို့တွေ အမှတ်ပေးဇယားအလယ်လောက်ကအသင်းတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဇင်ချန်ကိုကို လိုအပ်မယ်လို့ ထင်ပါတယ်။ သူတို့တွေ ပွဲကို လွှမ်းမိုးထားနိုင်မယ့်ပွဲမျိုးတွေပေါ့။ ဒါပေမယ့် သူတို့တွေ အသင်းကြီးနဲ့ ကစားရတဲ့အချိန်ကျရင်တော့ မလိုပါဘူး။ လာမယ့်ပွဲတွေက ပွဲကောင်းတွေပါ(ဝက်စ်ဟမ်း၊ ဖူလ်ဟမ်၊ ပဲလေ့စ်၊ ဖောရက်စ်)။ သူတို့တွေ ဒီ ၄ ပွဲလုံးကို အနိုင်ရသင့်ပါတယ်။ သူတို့တွေ အနိုင်မရခဲ့ဘူးဆိုရင် ခင်ဗျားက ပရီးမီးယားလိဂ်ဖလားကို ရယူမယ့်အသင်းလို့ သတ်မှတ်လို့မရပါဘူး။ ခင်ဗျား ဒီလိုအသင်းတွေကို အနိုင်ယူကို ယူရမယ်။ ပြီးရင်တော့ ပွဲကြီးပွဲကောင်းတွေမှာ အခြေအနေကြည့်ကစားရမှာပေါ့။ ဒါပေမယ့် ကျွန်တော် အခု အာဆင်နယ်ကို ဖလားရမယ့်အသင်းလို့ သတ်မှတ်ထားတယ်။ လီဗာပူးလ်နဲ့ပွဲမှာ သရေယူနိုင်ခဲ့ပြီး ဒီ နောက်လာမယ့် ၄ ပွဲပြီးရင် ၂၂ ပွဲ ကစားပြီးပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ သူ႔ကို စိုးရိမ္ပူပင္ေအာင္လုပ္ေနတဲ့ အာဆင္နယ္ၾကယ္ပြင့္က ဘယ္သူလဲဆိုတကို ေျပာျပခဲ့ပါတယ္။

ဂန္းနားေတြဟာ ၾကာသပေတးေန႔ည အမ္းမရိတ္စ္မွာ ဝက္စ္ဟမ္းယူႏိုက္တက္ကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ အဂၤါေန႔ညက အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းခဲ့တဲ့ လီဗာပူးလ္ကို ျပန္လည္ေက်ာ္ျဖတ္ႏိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ သေရ ၁ မွတ္ ရယူႏိုင္ခဲ့ေပမယ့္လည္း ဇင္ခ်န္ကိုရဲ႕ ဆိုး႐ြားတဲ့ ခံစစ္ကစားပုံေၾကာင့္သာ မဟုတ္ဘူးဆိုရင္ အန္းဖီးမွာ အႏိုင္ရၿပီး က်ိန္စာဆိုးကိုပါ ခ်ိဳးဖ်က္ႏိုင္ခဲ့မွာ ျဖစ္ပါတယ္။

ေပါလ္ မာဆန္က ေျမာက္လန္ဒန္သားေတြဟာ ရာသီကုန္မွာ ေအာင္ျမင္မႈအရသာကို ျမည္းစမ္းႏိုင္လိမ့္မယ္လို႔ ခံစားေနရေပမယ့္လည္း ယူကရိန္း ဘယ္ေနာက္ခံလူနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ေနတာ ျဖစ္ပါတယ္။

“အာဆင္နယ္က အခုဆိုရင္ လုံးဝမတူညီတဲ့အသင္းတစ္သင္းျဖစ္ေနပါၿပီ။ သူတို႔ေတြက ၿပီးခဲ့တဲ့ရာသီကေန အမ်ားႀကီး ေလ့လာသင္ယူခဲ့ၿပီး ဒီကလန္ ႐ိုက္က သူတို႔ကို ေနာက္ထပ္အဆင့္တစ္ခုကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ သူတို႔ေတြ ဒီတိုင္းဆက္သြားၿပီး ဆုဖလားကို ရယူသြားႏိုင္မယ္လို႔ ထင္ပါတယ္။ ဘယ္ေနာက္ခံက သူတို႔အတြက္ ျပႆနာျဖစ္လာႏိုင္ပါတယ္။ ဒီဆိုး႐ြားတဲ့ ခံစစ္ကစားပုံေၾကာင့္ေပါ့။ ဒါက ကြၽန္ေတာ္ စိုးရိမ္တဲ့အရာပါ။ သူတို႔ေတြ အမွတ္ေပးဇယားအလယ္ေလာက္ကအသင္းေတြနဲ႔ ရင္ဆိုင္တဲ့အခ်ိန္မွာ ဇင္ခ်န္ကိုကို လိုအပ္မယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ ပြဲကို လႊမ္းမိုးထားႏိုင္မယ့္ပြဲမ်ိဳးေတြေပါ့။ ဒါေပမယ့္ သူတို႔ေတြ အသင္းႀကီးနဲ႔ ကစားရတဲ့အခ်ိန္က်ရင္ေတာ့ မလိုပါဘူး။ လာမယ့္ပြဲေတြက ပြဲေကာင္းေတြပါ(ဝက္စ္ဟမ္း၊ ဖူလ္ဟမ္၊ ပဲေလ့စ္၊ ေဖာရက္စ္)။ သူတို႔ေတြ ဒီ ၄ ပြဲလုံးကို အႏိုင္ရသင့္ပါတယ္။ သူတို႔ေတြ အႏိုင္မရခဲ့ဘူးဆိုရင္ ခင္ဗ်ားက ပရီးမီးယားလိဂ္ဖလားကို ရယူမယ့္အသင္းလို႔ သတ္မွတ္လို႔မရပါဘူး။ ခင္ဗ်ား ဒီလိုအသင္းေတြကို အႏိုင္ယူကို ယူရမယ္။ ၿပီးရင္ေတာ့ ပြဲႀကီးပြဲေကာင္းေတြမွာ အေျခအေနၾကည့္ကစားရမွာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္ အခု အာဆင္နယ္ကို ဖလားရမယ့္အသင္းလို႔ သတ္မွတ္ထားတယ္။ လီဗာပူးလ္နဲ႔ပြဲမွာ သေရယူႏိုင္ခဲ့ၿပီး ဒီ ေနာက္လာမယ့္ ၄ ပြဲၿပီးရင္ ၂၂ ပြဲ ကစားၿပီးပါၿပီ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.