Premier League

အံ့အားသင့်ဖွယ် ကမ်းဘက်မတိုင်ခင် အသင်းသားတွေကို ပြောခဲ့တဲ့စကားကို ပြောပြခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ဘောက်ဆင်ဒေးမှာ အက်စတန် ဗီလာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၀ နဲ့ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် သွင်းဂိုး ၃ ဂိုးအထိ ပြန်လည်သွင်းယူပြီး အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းအပြီး ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဆိုးရွားတဲ့ ခံစစ်ကစားပုံကနေ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးသွင်းဂိုးမှာ ဂျွန် မက်ဂင်းက မန်ချက်စတာယူနိုက်တက်ခံစစ်ရဲ့ ရှင်းထုတ်ပုံ ညံ့ဖျင်းမှုကြောင့် အမြတ်ထွက်ခဲ့ပြီး အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာ ၂၆ မိနစ်မှာ ဒုတိယဂိုးကို ဒန်ဒွန်ကာက ကလီးမင့် လွန်ဂလေ ခေါင်းတိုက်ပြန်ချပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိ ပိတ်သွင်းပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိမ်ရှင်တွေဟာ ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် သက်ဝင်လှုပ်ရှားလာခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဂါနာချိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့ ရာ့စ်မွတ် ဟွိုင်လွန်းက ၈၂ မိနစ်မှာ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်ဖွယ် နိုင်ပွဲအပြီးမှာ အဲရစ် တန်ဟက်က ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတာကို ဖွင့်ဟခဲ့ပြီး စိတ်လှုပ်ရှားဖွယ် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့မှုမှာ ယုံကြည်မှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပထမပိုင်းတုန်းက ပတ်ဝန်းကျင်အငွေ့အသက်နဲ့မတူဘဲ ဒုတိယပိုင်း ပတ်ဝန်းကျင်အငွေ့အသက်က အများကြီး ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် ခင်ဗျား ပထမပိုင်းကို ကြည့်မယ်ဆိုရင် ခင်ဗျားက တည်ကန်ဘော ၂ ခုကြောင့် ရှုံးနိမ့်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အာရုံသေချာမစိုက်ထားခဲ့ကြပါဘူး။ ပထမပိုင်းကတည်းက ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့တယ်ဆိုတာ ကျွန်တော် တွေးမိပါတယ်။ ဆက်ကြိုးစားပြီးရင်း ကြိုးစားနေတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော် အသင်းကို ဆက်ပြီးတော့ ယုံကြည်မှုထားကြပါ။ ငါတို့ လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်ကြပါ။ ပြောရမယ်ဆိုရင် ပိုပြီးတော့တောင် လုပ်ကြပါလို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ဖိအားတွေ ပိုပိုပြီး ပေးဖို့ လိုအပ်ခဲ့တယ်။ ၁-၂ ဖြစ်သွားပြီးတော့ ကျွန်တော်တို့ ဖိအားတွေ ထပ်ပေးခဲ့လို့ ဘာဖြစ်ခဲ့လဲဆိုတာ ခင်ဗျား မြင်ပါတယ်။ ကျွန်တော် ပွဲမတိုင်ခင်က ကျွန်တော်တို့ဟာ အာဆင်နယ်နဲ့၊ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့သာ အကောင်းဆုံးကစားနိုင်ရင် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်။ အဲဒါကို ယုံကြည်ပါ။ ခင်ဗျားက ၂-၀ နဲ့ ရှုံးနိမ့်နေချိန်မှာတောင်မှပေါ့။ အဲဒါက အရေးမပါပါဘူး။ ဆက်ပြီး လုပ်နေပါတယ်။ စိတ်ဓာတ်ကို ပြပါ။ ဒီနေ့ ကျွန်တော်တို့ အဲဒါကို လုပ်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်ဆိုတာကို သူတို့တွေ ပြခဲ့တာပါ။ အဲဒါက အရမ်ကောင်းတဲ့ အသင်းလိုက် စွမ်းဆောင်ရည်လို့ ကျွန်တော် ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ေဘာက္ဆင္ေဒးမွာ အက္စတန္ ဗီလာနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ၂-၀ နဲ႔ရႈံးနိမ့္ေနရာကေန ဒုတိယပိုင္းမွာ အံ့အားသင့္ဖြယ္ သြင္းဂိုး ၃ ဂိုးအထိ ျပန္လည္သြင္းယူၿပီး အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ပထမပိုင္းအၿပီး ကစားသမားေတြကို ဘာေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ၿပီး ဆိုး႐ြားတဲ့ ခံစစ္ကစားပုံကေန သြင္းဂိုးေတြ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ပထမဆုံးသြင္းဂိုးမွာ ဂြၽန္ မက္ဂင္းက မန္ခ်က္စတာယူႏိုက္တက္ခံစစ္ရဲ႕ ရွင္းထုတ္ပုံ ညံ့ဖ်င္းမႈေၾကာင့္ အျမတ္ထြက္ခဲ့ၿပီး အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၅ မိနစ္အၾကာ ၂၆ မိနစ္မွာ ဒုတိယဂိုးကို ဒန္ဒြန္ကာက ကလီးမင့္ လြန္ဂေလ ေခါင္းတိုက္ျပန္ခ်ေပးလိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ထိ ပိတ္သြင္းၿပီး သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိမ္ရွင္ေတြဟာ ဒုတိယပိုင္းမွာ အံ့အားသင့္ဖြယ္ သက္ဝင္လႈပ္ရွားလာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဂါနာခ်ိဳရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းယူႏိုင္ျခင္းမရွိေသးတဲ့ ရာ့စ္မြတ္ ဟြိဳင္လြန္းက ၈၂ မိနစ္မွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

အံ့အားသင့္ဖြယ္ ႏိုင္ပြဲအၿပီးမွာ အဲရစ္ တန္ဟက္က ပထမပိုင္းအၿပီး အဝတ္လဲခန္းထဲမွာ ကစားသမားေတြကို ဘာေျပာခဲ့လဲဆိုတာကို ဖြင့္ဟခဲ့ၿပီး စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲျပန္လည္ရယူႏိုင္ခဲ့မႈမွာ ယုံၾကည္မႈက အဓိကအခန္းက႑ကေန ပါဝင္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ပထမပိုင္းတုန္းက ပတ္ဝန္းက်င္အေငြ႕အသက္နဲ႔မတူဘဲ ဒုတိယပိုင္း ပတ္ဝန္းက်င္အေငြ႕အသက္က အမ်ားႀကီး ေျပာင္းလဲသြားခဲ့တယ္။ ဒါေပမယ့္ ခင္ဗ်ား ပထမပိုင္းကို ၾကည့္မယ္ဆိုရင္ ခင္ဗ်ားက တည္ကန္ေဘာ ၂ ခုေၾကာင့္ ရႈံးနိမ့္ေနတယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ အာ႐ုံေသခ်ာမစိုက္ထားခဲ့ၾကပါဘူး။ ပထမပိုင္းကတည္းက ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလး ေကာင္းေကာင္းကစားႏိုင္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ ေတြးမိပါတယ္။ ဆက္ႀကိဳးစားၿပီးရင္း ႀကိဳးစားေနတယ္။ ပထမပိုင္းအၿပီးမွာ ကြၽန္ေတာ္ အသင္းကို ဆက္ၿပီးေတာ့ ယုံၾကည္မႈထားၾကပါ။ ငါတို႔ လုပ္ခဲ့တဲ့အတိုင္း ဆက္လုပ္ၾကပါ။ ေျပာရမယ္ဆိုရင္ ပိုၿပီးေတာ့ေတာင္ လုပ္ၾကပါလို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ဖိအားေတြ ပိုပိုၿပီး ေပးဖို႔ လိုအပ္ခဲ့တယ္။ ၁-၂ ျဖစ္သြားၿပီးေတာ့ ကြၽန္ေတာ္တို႔ ဖိအားေတြ ထပ္ေပးခဲ့လို႔ ဘာျဖစ္ခဲ့လဲဆိုတာ ခင္ဗ်ား ျမင္ပါတယ္။ ကြၽန္ေတာ္ ပြဲမတိုင္ခင္က ကြၽန္ေတာ္တို႔ဟာ အာဆင္နယ္နဲ႔၊ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတယ္လို႔ ေျပာခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔သာ အေကာင္းဆုံးကစားႏိုင္ရင္ ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္တယ္။ အဲဒါကို ယုံၾကည္ပါ။ ခင္ဗ်ားက ၂-၀ နဲ႔ ရႈံးနိမ့္ေနခ်ိန္မွာေတာင္မွေပါ့။ အဲဒါက အေရးမပါပါဘူး။ ဆက္ၿပီး လုပ္ေနပါတယ္။ စိတ္ဓာတ္ကို ျပပါ။ ဒီေန႔ ကြၽန္ေတာ္တို႔ အဲဒါကို လုပ္ႏိုင္တဲ့ ကိုယ္ရည္ကိုယ္ေသြးရွိတယ္ဆိုတာကို သူတို႔ေတြ ျပခဲ့တာပါ။ အဲဒါက အရမ္ေကာင္းတဲ့ အသင္းလိုက္ စြမ္းေဆာင္ရည္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.