Match Report Premier League Saudi League

ဒိုင်ကူတာတောင် မရဘဲ ဖောရက်စ်ကို အိမ်ကွင်းမှာ ရှုံးပြီး အရှက်ကွဲတဲ့ ကိုကာဆင်

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ မိုင်လီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို လူစုံနီးပါး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နည်းပြသစ် နူနို ဆန်တိုရဲ့ နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား တာနာ၊ ခံစစ်မှာ နီယာခါတေး၊ မူရီလို၊ မွန်တီယယ်လ်နဲ့ အိုင်နာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဆန်ဂါရေး၊ ဒါနီလိုနဲ့ ဂစ်ဘ်စ်-ဝှိုက်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အီလန်ဂါ၊ ဟဒ်ဆန်-အိုဒွိုင်းနဲ့ ခရစ္စဝုဒ်တို့ကို တွဲဖက်ပေးပြီး သွားလေသူ ဖွတ်ကျား စတိဗ် ကူးပါးရဲ့ ဗုံမဟုတ် ပတ်မဟုတ် ပုံစံကို ဖျက်သိမ်းလာခဲ့တာပါ။

ဖောရက်စ်တို့အနေနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ထိထိရောက်ရောက် ကစားနိုင်ခဲ့ကြပြီး တိုက်စစ်သမားက တိုက်စစ်၊ ကွင်းလယ်သမားက ကွင်းလယ် ကစားရတဲ့အခါ စည်းစနစ်ကျကျ အစွမ်းပြနိုင်ခဲ့ကြသလို အိမ်ရှင် နယူးကာဆယ်လ်တို့ မျက်လုံးပြူးခဲ့ရပြီး သူတို့ရဲ့ ခံစစ်ပိုင်းကသာ 3 Back ကနေ 4 Back ပြောင်းကစားချိန်မှာ အသားတကျ မရှိသေးလို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ နယူးကာဆယ်လ်တို့ ကဲ့ရဲ့စရာ အနေအထားကနေ အဖွင့်ဂိုး ရသွားခဲ့သလို ဒီဂိုးကိုတော့ အိုင်နာရဲ့ ခြေထောက်ကို ထိတယ်ဆိုရုံ ခလုတ်ဝင်တိုက်မိခဲ့တဲ့ အီဆက်ခ်ရဲ့ မင်းသားရှုံးတဲ့ ဟန်ဆောင်လှဲချမှုမှာ ငွေပေးဝယ်ထားသလား မသိရတဲ့ VAR နဲ့ ပူးပေါင်းမှုကြောင့် ရခဲ့တဲ့ ပင်နယ်တီကို အီဆက်ခ်ကပဲ ကိုယ်တိုင်သွင်းယူပြီး ရာသီမကုန်ခင် ရွှေဖိနပ်ဆုရသလို အောင်ပွဲခံခဲ့တာပါ။

အိမ်ကွင်းမှာ မျက်နှာပြောင်ပြောင်နဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် နယူးကာဆယ်လ်တို့ရဲ့ ကစားဟန်က အားရစရာ မရှိလှဘဲ ခံစစ်တောင်ပံတွေက အိုလာပြီဖြစ်တဲ့ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို သိပ်မကူနိုင်ကြတဲ့ ကွင်းလယ်ကြောင့် ဖောရက်စ်တို့ရဲ့ ကောင်တာဒဏ်ကို မကြာခဏ ခံခဲ့ရသလို ဧည့်သည် တောင်ပံသမား အီလန်ဂါ တစ်ကိုယ်ကောင်းဆန်ခဲ့လို့သာ စောစောစီးစီး မချေပနိုင်ခဲ့ကြတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဖောရက်စ်တို့ ကောင်တာကနေ ချေပဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထရစ်ပီယာရဲ့ အရှက်ကင်းမဲ့တဲ့ ခြေထိုးခံမှုကို တောင့်ခံပြီး ကွင်းလယ်ကြောတစ်လျှောက် ဆွဲပြေးလာနိုင်ခဲ့တဲ့ ဂစ်ဘ်စ်-ဝှိုက်က ညာတောင်ပံကို ခင်းပေးတာကို အီလန်ဂါက အချိန်မဆိုင်းဘဲ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့တဲ့ ခရစ္စဝုဒ်က နေရာယူမှန်မှန်နဲ့ ပိတ်သွင်းနိုင်ခဲ့တာပါ။

မင်းသားခေါင်းနဲ့ ဒိုင်လူကြီး ခရစ္စ ကာဗန်းနားကတော့ အိမ်ရှင်အသင်းခေါင်းဆောင် ထရစ်ပီယာရဲ့ အမှုကို အဝါကတ် မပြဘဲ ပိတ်သိမ်းသွားခဲ့လို့ ရယ်စရာဖြစ်ခဲ့ရသလို ပထမပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဖောရက်စ်တို့ကတောင် ပိုမို ခြိမ်းခြောက်လာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဖောရက်စ်တို့ပဲ ဒုတိယဂိုးကို ထပ်သွင်းပြီး ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကောင်တာကနေ အီလန်ဂါက ဆွဲပြေးလာခဲ့ရာမှာ ကွင်းလယ်စက်ဝိုင်းအရောက် အီဆက်ခ်က နောက်ကနေ တွန်းလှဲခဲ့ပေမယ့် အလဲမှာ ဘယ်တောင်ပံကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ခရစ္စဝုဒ်ကပဲ ရသွားခဲ့ပြီး တားဆီးဖို့ ကြိုးစားတဲ့ ဒန်ဘန်းကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမားကို အသာကျော်ကန်သွားခဲ့တာပါ။

အိမ်ကွင်းအားနဲ့ ညစ်ဖို့ ကြိုးစားတဲ့ နယူးကာဆယ်လ်တို့ နှစ်ဂိုးလုံးမှာ အရှက်ကွဲခဲ့ရပြီးတဲ့နောက်မှာတော့ နည်းပြ အက်ဒီဟောင်းအနေနဲ့ အယ်လ်မီရွန်နဲ့ ဒန်ဘန်းတို့အစား ကယ်လ်မ် ဝီလ်ဆန်နဲ့ လီဗရာမင်တိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့ချိန်မှာ နူနို ဆန်တိုရဲ့ ဖောရက်စ်တို့ကတော့ အထိုင်ကျနေတဲ့ လူစာရင်းကို မဖျက်ဘဲ ဆက်ကစားသွားခဲ့ကြပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဖောရက်စ်တို့ကပဲ တတိယ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ မူရီလိုက နယူးကာဆယ်လ်ကွင်းလယ်ပေါ် ကျော်ပြီး ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နေရာယူပုံမှားနေခဲ့တဲ့ ကပ္ပတိန် ထရစ်ပီယာကြောင့် လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ခရစ္စဝုဒ်က ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဖောရက်စ်တို့ဘက်က ဆန်ဂါရေး၊ မွန်တီယယ်လ်၊ ဟဒ်ဆန်-အိုဒွိုင်း၊ အီလန်ဂါနဲ့ ဒါနီလိုတို့ကို ထုတ်ပြီး ယိတ်စ်၊ နီကို ဝီလီယမ်စ်၊ ဒိုမင်ရက်ဇ်၊ ဝေါရဲလ်နဲ့ ကူယာတေးတို့ကို ထည့်ပြီး ကွင်းလယ်နဲ့ ခံစစ်ကို အားဖြည့်သွားချိန်မှာ နယူးကာဆယ်လ်တို့ကတော့ လောင်းစတပ်ဖ်နဲ့ ဘော့တ်မန်တို့အစား ဂျိုလင်တန်နဲ့ ဟောလ်တို့ကိုပဲ လဲစရာရှိတော့တာကြောင့် ဘာမှ မလုပ်တတ်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်းမှာ ဒိုင်အားကိုးနဲ့ ညစ်နေကျ ဆော်ဒီပိုင် နယူးကာဆယ်လ်တို့ မဟာအရှက်တော်ကွဲခဲ့ရပြီး နည်းပြသစ် နူနို ဆန်တိုရဲ့ ဖောရက်စ်ကတော့ လှလှပပ သပ်သပ်ရပ်ရပ်ကလေးပဲ သုံးဂိုး-တစ်ဂိုးနဲ့ အပိုင်လုပ်ချသွားခဲ့သလို ခရစ္စဝုဒ်ရဲ့ ဟက်ထရစ်နဲ့ အသင်းဟောင်းကို ပြန်လည်ခြောက်လှန့်ခြင်း ဇာတ်လမ်းကလည်း လက်ခုပ်ဩဘာနဲ့ ပြီးဆုံးသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ မိုင္လီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို လူစုံနီးပါး ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

နည္းျပသစ္ ႏူႏို ဆန္တိုရဲ႕ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား တာနာ၊ ခံစစ္မွာ နီယာခါေတး၊ မူရီလို၊ မြန္တီယယ္လ္နဲ႔ အိုင္နာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဆန္ဂါေရး၊ ဒါနီလိုနဲ႔ ဂစ္ဘ္စ္-ဝႈိက္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အီလန္ဂါ၊ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ခရစၥဝုဒ္တို႔ကို တြဲဖက္ေပးၿပီး သြားေလသူ ဖြတ္က်ား စတိဗ္ ကူးပါးရဲ႕ ဗုံမဟုတ္ ပတ္မဟုတ္ ပုံစံကို ဖ်က္သိမ္းလာခဲ့တာပါ။

ေဖာရက္စ္တို႔အေနနဲ႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ထိထိေရာက္ေရာက္ ကစားႏိုင္ခဲ့ၾကၿပီး တိုက္စစ္သမားက တိုက္စစ္၊ ကြင္းလယ္သမားက ကြင္းလယ္ ကစားရတဲ့အခါ စည္းစနစ္က်က် အစြမ္းျပႏိုင္ခဲ့ၾကသလို အိမ္ရွင္ နယူးကာဆယ္လ္တို႔ မ်က္လုံးျပဴးခဲ့ရၿပီး သူတို႔ရဲ႕ ခံစစ္ပိုင္းကသာ 3 Back ကေန 4 Back ေျပာင္းကစားခ်ိန္မွာ အသားတက် မရွိေသးလို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ နယူးကာဆယ္လ္တို႔ ကဲ့ရဲ႕စရာ အေနအထားကေန အဖြင့္ဂိုး ရသြားခဲ့သလို ဒီဂိုးကိုေတာ့ အိုင္နာရဲ႕ ေျခေထာက္ကို ထိတယ္ဆို႐ုံ ခလုတ္ဝင္တိုက္မိခဲ့တဲ့ အီဆက္ခ္ရဲ႕ မင္းသားရႈံးတဲ့ ဟန္ေဆာင္လွဲခ်မႈမွာ ေငြေပးဝယ္ထားသလား မသိရတဲ့ VAR နဲ႔ ပူးေပါင္းမႈေၾကာင့္ ရခဲ့တဲ့ ပင္နယ္တီကို အီဆက္ခ္ကပဲ ကိုယ္တိုင္သြင္းယူၿပီး ရာသီမကုန္ခင္ ေ႐ႊဖိနပ္ဆုရသလို ေအာင္ပြဲခံခဲ့တာပါ။

အိမ္ကြင္းမွာ မ်က္ႏွာေျပာင္ေျပာင္နဲ႔ ဦးေဆာင္ဂိုးရခဲ့ေပမယ့္ နယူးကာဆယ္လ္တို႔ရဲ႕ ကစားဟန္က အားရစရာ မရွိလွဘဲ ခံစစ္ေတာင္ပံေတြက အိုလာၿပီျဖစ္တဲ့ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို သိပ္မကူႏိုင္ၾကတဲ့ ကြင္းလယ္ေၾကာင့္ ေဖာရက္စ္တို႔ရဲ႕ ေကာင္တာဒဏ္ကို မၾကာခဏ ခံခဲ့ရသလို ဧည့္သည္ ေတာင္ပံသမား အီလန္ဂါ တစ္ကိုယ္ေကာင္းဆန္ခဲ့လို႔သာ ေစာေစာစီးစီး မေခ်ပႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ ေကာင္တာကေန ေခ်ပဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ထရစ္ပီယာရဲ႕ အရွက္ကင္းမဲ့တဲ့ ေျခထိုးခံမႈကို ေတာင့္ခံၿပီး ကြင္းလယ္ေၾကာတစ္ေလွ်ာက္ ဆြဲေျပးလာႏိုင္ခဲ့တဲ့ ဂစ္ဘ္စ္-ဝႈိက္က ညာေတာင္ပံကို ခင္းေပးတာကို အီလန္ဂါက အခ်ိန္မဆိုင္းဘဲ ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့တဲ့ ခရစၥဝုဒ္က ေနရာယူမွန္မွန္နဲ႔ ပိတ္သြင္းႏိုင္ခဲ့တာပါ။

မင္းသားေခါင္းနဲ႔ ဒိုင္လူႀကီး ခရစၥ ကာဗန္းနားကေတာ့ အိမ္ရွင္အသင္းေခါင္းေဆာင္ ထရစ္ပီယာရဲ႕ အမႈကို အဝါကတ္ မျပဘဲ ပိတ္သိမ္းသြားခဲ့လို႔ ရယ္စရာျဖစ္ခဲ့ရသလို ပထမပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ တစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာေတာ့ ေဖာရက္စ္တို႔ကေတာင္ ပိုမို ၿခိမ္းေျခာက္လာႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ပဲ ဒုတိယဂိုးကို ထပ္သြင္းၿပီး ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေကာင္တာကေန အီလန္ဂါက ဆြဲေျပးလာခဲ့ရာမွာ ကြင္းလယ္စက္ဝိုင္းအေရာက္ အီဆက္ခ္က ေနာက္ကေန တြန္းလွဲခဲ့ေပမယ့္ အလဲမွာ ဘယ္ေတာင္ပံကို ခင္းေပးလိုက္တဲ့ ေဘာလုံးကို ခရစၥဝုဒ္ကပဲ ရသြားခဲ့ၿပီး တားဆီးဖို႔ ႀကိဳးစားတဲ့ ဒန္ဘန္းကို တစ္ခ်က္ေခါက္ၿပီးမွ ဂိုးသမားကို အသာေက်ာ္ကန္သြားခဲ့တာပါ။

အိမ္ကြင္းအားနဲ႔ ညစ္ဖို႔ ႀကိဳးစားတဲ့ နယူးကာဆယ္လ္တို႔ ႏွစ္ဂိုးလုံးမွာ အရွက္ကြဲခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ အယ္လ္မီ႐ြန္နဲ႔ ဒန္ဘန္းတို႔အစား ကယ္လ္မ္ ဝီလ္ဆန္နဲ႔ လီဗရာမင္တိုတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့ခ်ိန္မွာ ႏူႏို ဆန္တိုရဲ႕ ေဖာရက္စ္တို႔ကေတာ့ အထိုင္က်ေနတဲ့ လူစာရင္းကို မဖ်က္ဘဲ ဆက္ကစားသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ေဖာရက္စ္တို႔ကပဲ တတိယ အႏိုင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန မူရီလိုက နယူးကာဆယ္လ္ကြင္းလယ္ေပၚ ေက်ာ္ၿပီး ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေနရာယူပုံမွားေနခဲ့တဲ့ ကပၸတိန္ ထရစ္ပီယာေၾကာင့္ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားႏိုင္ခဲ့တဲ့ ခရစၥဝုဒ္က ဂိုးသမားကိုပါ လိမ္ေခါက္ၿပီး ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေဖာရက္စ္တို႔ဘက္က ဆန္ဂါေရး၊ မြန္တီယယ္လ္၊ ဟဒ္ဆန္-အိုဒြိဳင္း၊ အီလန္ဂါနဲ႔ ဒါနီလိုတို႔ကို ထုတ္ၿပီး ယိတ္စ္၊ နီကို ဝီလီယမ္စ္၊ ဒိုမင္ရက္ဇ္၊ ေဝါရဲလ္နဲ႔ ကူယာေတးတို႔ကို ထည့္ၿပီး ကြင္းလယ္နဲ႔ ခံစစ္ကို အားျဖည့္သြားခ်ိန္မွာ နယူးကာဆယ္လ္တို႔ကေတာ့ ေလာင္းစတပ္ဖ္နဲ႔ ေဘာ့တ္မန္တို႔အစား ဂ်ိဳလင္တန္နဲ႔ ေဟာလ္တို႔ကိုပဲ လဲစရာရွိေတာ့တာေၾကာင့္ ဘာမွ မလုပ္တတ္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္းမွာ ဒိုင္အားကိုးနဲ႔ ညစ္ေနက် ေဆာ္ဒီပိုင္ နယူးကာဆယ္လ္တို႔ မဟာအရွက္ေတာ္ကြဲခဲ့ရၿပီး နည္းျပသစ္ ႏူႏို ဆန္တိုရဲ႕ ေဖာရက္စ္ကေတာ့ လွလွပပ သပ္သပ္ရပ္ရပ္ကေလးပဲ သုံးဂိုး-တစ္ဂိုးနဲ႔ အပိုင္လုပ္ခ်သြားခဲ့သလို ခရစၥဝုဒ္ရဲ႕ ဟက္ထရစ္နဲ႔ အသင္းေဟာင္းကို ျပန္လည္ေျခာက္လွန႔္ျခင္း ဇာတ္လမ္းကလည္း လက္ခုပ္ဩဘာနဲ႔ ၿပီးဆုံးသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.