Match Report Premier League

ဘန်လေကို တီးပြီး အာဆင်နယ်ဆီက ဇယားထိပ်ကို လုယူသွားခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဘန်လေအသင်းကို အဝေးကွင်းမှာ အမှားအယွင်းမရှိ အနိုင်ယူပြီး ပွဲစအနဲ့ ပွဲပြီးခါနီးမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို ပြိုင်ဘက် အာဆင်နယ်ထက် နှစ်ရက်စောကစားပြီး တက်လှမ်းလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ကတော့ ဘန်လေအသင်းကို ရင်ဆိုင်ဖို့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ကွမ်ဆား၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဂျိုးဂိုမက်ဇ်တို့ကို သုံးခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ဂရာဗင်ဘာ့ချ်နဲ့ အဲလီးယော့တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ ဒါဝင် နူးညက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

အိမ်ရှင် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ အိုရှေး၊ ဘိုင်ယာ၊ ဗီတင်ညိုနဲ့ တေလာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘာဂါ၊ ဘရောင်းဟေးလ်နဲ့ ထရီဆာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဖော်စတာ၊ အိုဒိုဘတ်နဲ့ အမ်ဒူနီတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂျိုးဂိုမက်ဇ် ပေးတာကို ဘန်လေခံစစ်နဲ့ လုရင်း ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂက်ခ်ပိုက ဆွဲယူသွားပြီး တောင်ပံကနေ ဧရိယာထိပ်ကို ပြန်ချိုးပေးခဲ့တဲ့ ဘောလုံးကို နူးညက်ဇ်က ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ ချန်ပီယံရှစ်အထာနဲ့ ဘန်လေတို့ ဂိုးပေါက်တည့်အောင်တောင် မကန်တတ်ခဲ့ကြသလို လီဗာပူးလ်တို့ကတော့ အဆင့်ချင်းမတူတဲ့ အသင်းတစ်သင်းကို အခွင့်အရေးတွေများစွာ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့ရပြီး ဒုတိယပိုင်းမှာလည်း VAR နဲ့ တစ်ဂိုးပျောက်ခဲ့ရသေးလို့ တော်တော်နဲ့ ဂိုးထပ်မရဘဲဖြစ်နေခဲ့ပါတယ်။

နှစ်သင်းကြားမှာ သွင်းဂိုးတစ်ဂိုးသာ ရှိနေမှုက ဘန်လေတို့ဘက်က ထရီဆာ၊ အမ်ဒူနီ၊ ဖော်စတာနဲ့ ဘရောင်းဟေးလ်တို့အစား ဂွတ်ဒ်မွန်ဆန်၊ ဘရန်း လာဆန်၊ ရက်ဒ်မွန့်နဲ့ ရမ်ဆေးတို့ကို ထည့်သွင်းပြီး တိုက်စစ်ကစားဖို့ ဖြစ်လာစေခဲ့ပြီး လီဗာပူးလ်တို့ဘက်ကတော့ ဂရာဗင်ဘာ့ချ်၊ အဲလီးယော့၊ ဂက်ခ်ပိုနဲ့ နူးညက်ဇ်တို့အစား ကားတစ်ဂျုံးစ်၊ လူးဝစ် ဒီယက်ဇ်၊ ဆိုဘော့ဆ်လိုင်းနဲ့ ဂျိုတာတို့ကို ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ လီဗာပူးလ်တို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘန်လေခံစစ်က ဘောလုံးပျက်တာကို ဂျိုတာက ပြန်ရပြီး လူးဝစ် ဒီယက်ဇ်ကို ပေးရာမှာ ကိုလံဘီယာသားက ဧရိယာထဲအထိ ဆွဲဝင်ပြီးမှ နောက်ပေါက်နဲ့ ချန်ပေးခဲ့တဲ့ ဘောလုံးကို ဂျိုတာကပဲ ဂိုးစည်းနားရောက်မှ ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်ရာမှာ ဂိုးသမား ထရက်ဖို့ဒ် ညံ့ဖျင်းလွန်းလို့ ပေါင်ကြားထဲက ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က ဘန်လေတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ကြပြီး ဘောက်ဆင်ဒေးမှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်ကို တက်နိုင်ခဲ့ကြသလို အာဆင်နယ်တို့ မကန်ခင်မှာ စိတ်ဓာတ်ပိုင်းအရ ဖိအားပေးသွားနိုင်ခဲ့ကြပြီး ကွန်ပနီရဲ့ ကလေးလိုလို လူကြီးလိုလိုနဲ့ အသင်းကတော့ ချန်ပီယံရှစ်ကို ပြန်ဆင်းဖို့ပဲ ကောင်းတော့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဘန္ေလအသင္းကို အေဝးကြင္းမွာ အမွားအယြင္းမရွိ အႏိုင္ယူၿပီး ပြဲစအနဲ႔ ပြဲၿပီးခါနီးမွာ သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုးေတြေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ကို ၿပိဳင္ဘက္ အာဆင္နယ္ထက္ ႏွစ္ရက္ေစာကစားၿပီး တက္လွမ္းလာႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ကေတာ့ ဘန္ေလအသင္းကို ရင္ဆိုင္ဖို႔ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ ကြမ္ဆား၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ကို သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ဂရာဗင္ဘာ့ခ်္နဲ႔ အဲလီးေယာ့တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာလား၊ ဂက္ခ္ပိုနဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

အိမ္ရွင္ ဘန္ေလတို႔ကေတာ့ ဂိုးသမား ထရက္ဖို႔ဒ္၊ ခံစစ္မွာ အိုေရွး၊ ဘိုင္ယာ၊ ဗီတင္ညိဳနဲ႔ ေတလာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဘာဂါ၊ ဘေရာင္းေဟးလ္နဲ႔ ထရီဆာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဖာ္စတာ၊ အိုဒိုဘတ္နဲ႔ အမ္ဒူနီတို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဂ်ိဳးဂိုမက္ဇ္ ေပးတာကို ဘန္ေလခံစစ္နဲ႔ လုရင္း ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဂက္ခ္ပိုက ဆြဲယူသြားၿပီး ေတာင္ပံကေန ဧရိယာထိပ္ကို ျပန္ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို ႏူးညက္ဇ္က ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာ ခ်န္ပီယံရွစ္အထာနဲ႔ ဘန္ေလတို႔ ဂိုးေပါက္တည့္ေအာင္ေတာင္ မကန္တတ္ခဲ့ၾကသလို လီဗာပူးလ္တို႔ကေတာ့ အဆင့္ခ်င္းမတူတဲ့ အသင္းတစ္သင္းကို အခြင့္အေရးေတြမ်ားစြာ ရရွိခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ေနခဲ့ရၿပီး ဒုတိယပိုင္းမွာလည္း VAR နဲ႔ တစ္ဂိုးေပ်ာက္ခဲ့ရေသးလို႔ ေတာ္ေတာ္နဲ႔ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ပါတယ္။

ႏွစ္သင္းၾကားမွာ သြင္းဂိုးတစ္ဂိုးသာ ရွိေနမႈက ဘန္ေလတို႔ဘက္က ထရီဆာ၊ အမ္ဒူနီ၊ ေဖာ္စတာနဲ႔ ဘေရာင္းေဟးလ္တို႔အစား ဂြတ္ဒ္မြန္ဆန္၊ ဘရန္း လာဆန္၊ ရက္ဒ္မြန႔္နဲ႔ ရမ္ေဆးတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ကစားဖို႔ ျဖစ္လာေစခဲ့ၿပီး လီဗာပူးလ္တို႔ဘက္ကေတာ့ ဂရာဗင္ဘာ့ခ်္၊ အဲလီးေယာ့၊ ဂက္ခ္ပိုနဲ႔ ႏူးညက္ဇ္တို႔အစား ကားတစ္ဂ်ဳံးစ္၊ လူးဝစ္ ဒီယက္ဇ္၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ဂ်ိဳတာတို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ လီဗာပူးလ္တို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘန္ေလခံစစ္က ေဘာလုံးပ်က္တာကို ဂ်ိဳတာက ျပန္ရၿပီး လူးဝစ္ ဒီယက္ဇ္ကို ေပးရာမွာ ကိုလံဘီယာသားက ဧရိယာထဲအထိ ဆြဲဝင္ၿပီးမွ ေနာက္ေပါက္နဲ႔ ခ်န္ေပးခဲ့တဲ့ ေဘာလုံးကို ဂ်ိဳတာကပဲ ဂိုးစည္းနားေရာက္မွ ဘယ္ေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္ရာမွာ ဂိုးသမား ထရက္ဖို႔ဒ္ ညံ့ဖ်င္းလြန္းလို႔ ေပါင္ၾကားထဲက ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က ဘန္ေလတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားခဲ့ၾကၿပီး ေဘာက္ဆင္ေဒးမွာ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယားထိပ္ကို တက္ႏိုင္ခဲ့ၾကသလို အာဆင္နယ္တို႔ မကန္ခင္မွာ စိတ္ဓာတ္ပိုင္းအရ ဖိအားေပးသြားႏိုင္ခဲ့ၾကၿပီး ကြန္ပနီရဲ႕ ကေလးလိုလို လူႀကီးလိုလိုနဲ႔ အသင္းကေတာ့ ခ်န္ပီယံရွစ္ကို ျပန္ဆင္းဖို႔ပဲ ေကာင္းေတာ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.