Match Report Premier League

အမ်မရီရဲ့ အမှားတွေနဲ့ ဗီလာကို ပညာပေးပြီး အစဉ်အလာနဲ့ နိုင်ပွဲရှာတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မိုင်နူး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် အက်စ်တန်ဗီလာအသင်းကတော့ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ဒီယေဂို ကားလို့စ်၊ လွန်ဂလေ၊ ကွန်ဆာနဲ့ ဒီညာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဒန်ဒွန့်ကာ၊ မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဘေလီ၊ ရမ်ဆေးနဲ့ ဝပ်ကင်းစ်တို့ကို အသုံးပြုခဲ့တာပါ။

ပွဲစကတည်းက နည်းပြနှစ်ဦးရဲ့ ဗျူဟာချင်း ပြိုင်ဆိုင်မှုကို တွေ့မြင်ခဲ့ရပြီး အမ်မရီရဲ့ High Line နဲ့ High Press က အိမ်ရှင်တွေကို ထိုးနှက်နိုင်ခဲ့သလို တန်ဟတ်ရဲ့ ရွေးချယ်မှုဖြစ်တဲ့ အဝေးဘောတွေနဲ့ ကောင်တာကစားဖို့ကလည်း အတိုင်းအတာတစ်ခုအထိ တုံ့ပြန်နိုင်ခဲ့ပေမယ့် တိုင်မင်မကိုက်တဲ့ လူကျွံမှုတွေကြောင့်သာ ပျက်စီးနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဗီလာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ မန်ယူဂိုးသမား အိုနာနာနဲ့ ခံစစ်ရဲ့ စိတ်ကို ဆွနိုင်ခဲ့ကြတဲ့ ဧည့်သည်တွေရဲ့ ဗျူဟာကနေ အသင်းခေါင်းဆောင် မက်ဂင်းက ဂိုးရှေ့ကို ဝေ့ဝိုက်ကန်ပို့ခဲ့ရာမှာ ဘယ်သူနဲ့မှမထိဘဲ လူကြားထဲကနေ ဂိုးထဲ ဝင်သွားခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ မက်ဂင်းက အဝေးတိုင်ဘက်ကို ကန်တင်ပေးရာမှာ နောက်ခံလူ လွန်ဂလေက ဂိုးရှေ့ကို ခေါင်းပြန်တိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဒန်ဒွန့်ကာက အနီးကပ် ခြေနဲ့ခတ်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးရအပြီးမှာ ဗီလာတို့ စတင်ပေါ့ဆလာခဲ့သလို စကတည်းက တောင်ပံလိုလို ကွင်းလယ်လိုလိုနဲ့ သုံးစားမရတဲ့ ရမ်ဆေးကို ဘယ်ခြမ်းမှာ သုံးခဲ့မှုက တိုက်စစ်တွဲလုံးတွေကို ပျက်ပြားစေခဲ့ပြီး နောက်ခံလူ ဒီညာရဲ့ အတက်အဆင်း မှန်ကန်မှုကြောင့်သာ ပြဿနာ မပေါ်ခဲ့ချိန်မှာ မန်ယူတို့အနေနဲ့ ဗဟိုခံစစ်မှူး ကွန်ဆာကို ညာမှာ သုံးထားလို့ လေးလံနေတဲ့ ဗီလာခံစစ်ညာခြမ်းကို ရက်ရှ်ဖို့ဒ်နဲ့ ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် လူကျွံဘောတွေသာ များနေခဲ့တာပါ။

ဂါနာချိုရဲ့ ဘောလုံးအခင်းအကျင်းနဲ့ ဂိုးရှေ့ကို ဖြတ်ချိုးမှုတွေက လုံးဝဖန်တီးတတ်ခြင်း မရှိကြောင်းကိုပဲ ပြသနေခဲ့တာကြောင့် အထောင်သမား ဟွိုင်လန်းနဲ့ ဘယ်ခြမ်းက ရက်ရှ်ဖို့ဒ်တို့ကို စိတ်ပျက်စေခဲ့သလို အမှားများတဲ့ ဒီယေဂို ကားလို့စ်နဲ့ လေးလံတဲ့ လွန်ဂလေတို့ရဲ့ အားနည်းချက်တွေကိုလည်း အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဗီလာတို့က မန်ယူတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မန်ယူတို့ ဂိုးပြန်ရခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ပေးတဲ့ ဘောလုံးကို ပိတ်သွင်းရာမှာ လောကြီးပြီး လူကျွံနေတဲ့ ဂါနာချိုကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် မိနစ် ၅၀ မှာတော့ ဗီလာတို့ မြွေစ,ကိုက်သွားခဲ့ရပြီး ဒဏ်ရာရသွားခဲ့တဲ့ ဒီညာနေရာမှာ သူ့လိုမျိုး အတက်အဆင်းကို ပါးပါးနပ်နပ် မကစားနိုင်တဲ့ အဲလက်စ် မိုရီနိုကို ထည့်သွင်းခဲ့ရတာကြောင့် ရမ်ဆေးနဲ့ ဘယ်ခြမ်းက သေသွားခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ လူပေးပုံ မသေသပ်တဲ့ ဒီယေဂို ကားလို့စ်ရဲ့ အမှားကနေ ဘရူနို ဖာနန်ဒက်စ်က လုယူပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က တောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ဂိုးရှေ့ကို ချိုးပေးခဲ့ရာမှာ တစ်ပွဲလုံး ကံမကောင်းဘဲဖြစ်နေခဲ့တဲ့ ဂါနာချိုက ညာခြမ်းကနေ ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ခံစစ်နဲ့ ကွင်းလယ်က အတွဲမမိဘဲ ဆိုးရွားနေခဲ့ပေမယ့် ဗီလာနည်းပြ အမ်မရီကတော့ သူ့ရဲ့ ခြေတစ်ဖက်ကို ငါးပိဿာလောက်လေးတဲ့ ဒန်ဒွန့်ကာ၊ တစ်ပွဲလုံး သုံးစားမရတဲ့ ရမ်ဆေးနဲ့ တိုက်စစ်ဗျူဟာပိုင်းကို ပြောင်းလဲမှု မရှိဘဲ ခေါင်းမာနေခဲ့တာကြောင့် မန်ယူတို့ကပဲ ပွဲကို ပိုစီးမိလာခဲ့ပြီး ဒိန်းဂျားတွေ မကြာခဏ လုပ်ဆောင်လာခဲ့ကြတာပါ။

ပွဲချိန် ၇၁ မိနစ်မှာ မန်ယူတို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဘောလုံးရလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ တားဆီးခဲ့တဲ့ လွန်ဂလေရဲ့ ခြေထောက်နဲ့ ထိပြီး ထိန်းပေးလိုက်သလိုဖြစ်သွားတဲ့ ဘောလုံးက ဂါနာချို ကောင်းစားဖို့ ဖြစ်လာခဲ့ပြီး အပိုင်ကန်သွင်းခဲ့ရာမှာ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဒီယေဂို ကားလို့စ်ကြောင့် လမ်းကြောင်းပါလွဲပြီး ဒိုက်ပစ်တဲ့ ဂိုးသမား မာတီနက်ဇ် ကြေကွဲခဲ့ရတာဖြစ်ပါတယ်။

နှစ်ဂိုးစီသရေဖြစ်သွားတာတောင် လွဲလို့ မပြီးသေးတဲ့ အမ်မရီကတော့ ရမ်ဆေးကို လူလဲခဲ့ရာမှာ မန်ယူခံစစ်ကို ဒုက္ခပေးနေတဲ့ ဘေလီကိုပါ တစ်ခါတည်း လဲပစ်ခဲ့ပြီး ဒီယာဘီကို ညာခြမ်းမှာ တိုးခိုင်းမယ့်အစား ဘယ်ခြမ်းပို့ခဲ့သလို အကောင်ကြီးတဲ့ ဇာနျိုလိုကိုလည်း ညာခြမ်းမှာ ကစားခိုင်းခဲ့ပေမယ့် သကောင့်သားက ဂိုးရှေ့ချည်း ပြေးဝင်နေတာကြောင့် ခံစစ်အစွန်က ကွန်ဆာနဲ့ မိုရီနိုတို့သာ ရှိတော့တဲ့ ဘယ်ညာတောင်ပံတွေ ဘာကွက်မှ မဖော်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၈၁ မိနစ်မှာ မန်ယူတို့ဘက်က မိုင်နူးနဲ့ ရက်ရှ်ဖို့ဒ်တို့အစား မက်တော်မီနေးနဲ့ အန်တိုနီတို့ကို ထည့်သွင်းလာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ခံစစ်မှာ ယားချင်တဲ့ လွန်ဂလေကို အန်တိုနီရဲ့ ဖိအားပေးမှုကြောင့် ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ဘရူနို ဖာနန်ဒက်စ်က ကန်တင်ပေးရာမှာ ဗီလာကပ္ပတိန် မက်ဂင်းရဲ့ ပေါင်နဲ့ထိပြီး ကျလာတဲ့ ဘောလုံးကို ဂိုးမရသေးတဲ့ ဟွိုင်လန်းက ဘယ်ခြေနဲ့ မနားတမ်းကန်သွင်းခဲ့လို့ အိမ်ရှင်တွေ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ဒါကိုတောင်မှ ဆက်လွဲချင်သေးတဲ့ အမ်မရီကတော့ ဂိုးလိုချိန်မှာ ကပ္ပတိန် မက်ဂင်းကိုပါ ဒန်ဒွန့်ကာနဲ့အတူ ထုတ်ပစ်ခဲ့သလို လူငယ်တွေဖြစ်တဲ့ အီရော့ဘူနမ်နဲ့ ဒူရန်တို့ကို ထည့်သွင်းခဲ့တာကြောင့် ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့နောက် နာကျင်အချိန်ပို ၉ မိနစ်အထိ ပေးခဲ့ပေမယ့် မန်ယူတို့ကို ဘာမှ မလုပ်နိုင်တော့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ပြားပြားမှောက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဘောက်ဆင်ဒေးမှာ မရှုံးဖူးသေးတဲ့ စံချိန်ကောင်းကို ဆက်ထိန်းခဲ့ပြီး ဗီလာတို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ပွဲယူခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိ ပြန်တက်လာနိုင်ခဲ့ကြပြီး နိုင်ရင် လီဗာပူးလ်နဲ့ အမှတ်တူမယ်ဆိုတဲ့ ဧည့်သည်တွေ ကတော့ အဆင့် ၄ ပြင်ပကို ပြန်ရောက်ဖို့ တာစူလာခဲ့ပြီဖြစ်ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ အီဗန္စ္၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုင္ႏူး၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ အက္စ္တန္ဗီလာအသင္းကေတာ့ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ဒီေယဂို ကားလို႔စ္၊ လြန္ဂေလ၊ ကြန္ဆာနဲ႔ ဒီညာတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒန္ဒြန႔္ကာ၊ မက္ဂင္းနဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ေဘလီ၊ ရမ္ေဆးနဲ႔ ဝပ္ကင္းစ္တို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲစကတည္းက နည္းျပႏွစ္ဦးရဲ႕ ဗ်ဴဟာခ်င္း ၿပိဳင္ဆိုင္မႈကို ေတြ႕ျမင္ခဲ့ရၿပီး အမ္မရီရဲ႕ High Line နဲ႔ High Press က အိမ္ရွင္ေတြကို ထိုးႏွက္ႏိုင္ခဲ့သလို တန္ဟတ္ရဲ႕ ေ႐ြးခ်ယ္မႈျဖစ္တဲ့ အေဝးေဘာေတြနဲ႔ ေကာင္တာကစားဖို႔ကလည္း အတိုင္းအတာတစ္ခုအထိ တုံ႔ျပန္ႏိုင္ခဲ့ေပမယ့္ တိုင္မင္မကိုက္တဲ့ လူကြၽံမႈေတြေၾကာင့္သာ ပ်က္စီးေနခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဗီလာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကေန မန္ယူဂိုးသမား အိုနာနာနဲ႔ ခံစစ္ရဲ႕ စိတ္ကို ဆြႏိုင္ခဲ့ၾကတဲ့ ဧည့္သည္ေတြရဲ႕ ဗ်ဴဟာကေန အသင္းေခါင္းေဆာင္ မက္ဂင္းက ဂိုးေရွ႕ကို ေဝ့ဝိုက္ကန္ပို႔ခဲ့ရာမွာ ဘယ္သူနဲ႔မွမထိဘဲ လူၾကားထဲကေန ဂိုးထဲ ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဗီလာတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန မက္ဂင္းက အေဝးတိုင္ဘက္ကို ကန္တင္ေပးရာမွာ ေနာက္ခံလူ လြန္ဂေလက ဂိုးေရွ႕ကို ေခါင္းျပန္တိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဒန္ဒြန႔္ကာက အနီးကပ္ ေျခနဲ႔ခတ္ၿပီး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုးရအၿပီးမွာ ဗီလာတို႔ စတင္ေပါ့ဆလာခဲ့သလို စကတည္းက ေတာင္ပံလိုလို ကြင္းလယ္လိုလိုနဲ႔ သုံးစားမရတဲ့ ရမ္ေဆးကို ဘယ္ျခမ္းမွာ သုံးခဲ့မႈက တိုက္စစ္တြဲလုံးေတြကို ပ်က္ျပားေစခဲ့ၿပီး ေနာက္ခံလူ ဒီညာရဲ႕ အတက္အဆင္း မွန္ကန္မႈေၾကာင့္သာ ျပႆနာ မေပၚခဲ့ခ်ိန္မွာ မန္ယူတို႔အေနနဲ႔ ဗဟိုခံစစ္မႉး ကြန္ဆာကို ညာမွာ သုံးထားလို႔ ေလးလံေနတဲ့ ဗီလာခံစစ္ညာျခမ္းကို ရက္ရွ္ဖို႔ဒ္နဲ႔ ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ လူကြၽံေဘာေတြသာ မ်ားေနခဲ့တာပါ။

ဂါနာခ်ိဳရဲ႕ ေဘာလုံးအခင္းအက်င္းနဲ႔ ဂိုးေရွ႕ကို ျဖတ္ခ်ိဳးမႈေတြက လုံးဝဖန္တီးတတ္ျခင္း မရွိေၾကာင္းကိုပဲ ျပသေနခဲ့တာေၾကာင့္ အေထာင္သမား ဟြိဳင္လန္းနဲ႔ ဘယ္ျခမ္းက ရက္ရွ္ဖို႔ဒ္တို႔ကို စိတ္ပ်က္ေစခဲ့သလို အမွားမ်ားတဲ့ ဒီေယဂို ကားလို႔စ္နဲ႔ ေလးလံတဲ့ လြန္ဂေလတို႔ရဲ႕ အားနည္းခ်က္ေတြကိုလည္း အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဗီလာတို႔က မန္ယူတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန မန္ယူတို႔ ဂိုးျပန္ရခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ ေပးတဲ့ ေဘာလုံးကို ပိတ္သြင္းရာမွာ ေလာႀကီးၿပီး လူကြၽံေနတဲ့ ဂါနာခ်ိဳေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဗီလာတို႔ ေႁမြစ,ကိုက္သြားခဲ့ရၿပီး ဒဏ္ရာရသြားခဲ့တဲ့ ဒီညာေနရာမွာ သူ႔လိုမ်ိဳး အတက္အဆင္းကို ပါးပါးနပ္နပ္ မကစားႏိုင္တဲ့ အဲလက္စ္ မိုရီႏိုကို ထည့္သြင္းခဲ့ရတာေၾကာင့္ ရမ္ေဆးနဲ႔ ဘယ္ျခမ္းက ေသသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ မန္ယူတို႔ ေခ်ပဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လူေပးပုံ မေသသပ္တဲ့ ဒီေယဂို ကားလို႔စ္ရဲ႕ အမွားကေန ဘ႐ူႏို ဖာနန္ဒက္စ္က လုယူၿပီး ဘယ္ျခမ္းကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က ေတာင္ပံကေန အတြင္းကို ဆြဲဝင္ၿပီး ဂိုးေရွ႕ကို ခ်ိဳးေပးခဲ့ရာမွာ တစ္ပြဲလုံး ကံမေကာင္းဘဲျဖစ္ေနခဲ့တဲ့ ဂါနာခ်ိဳက ညာျခမ္းကေန ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ခံစစ္နဲ႔ ကြင္းလယ္က အတြဲမမိဘဲ ဆိုး႐ြားေနခဲ့ေပမယ့္ ဗီလာနည္းျပ အမ္မရီကေတာ့ သူ႔ရဲ႕ ေျခတစ္ဖက္ကို ငါးပိႆာေလာက္ေလးတဲ့ ဒန္ဒြန႔္ကာ၊ တစ္ပြဲလုံး သုံးစားမရတဲ့ ရမ္ေဆးနဲ႔ တိုက္စစ္ဗ်ဴဟာပိုင္းကို ေျပာင္းလဲမႈ မရွိဘဲ ေခါင္းမာေနခဲ့တာေၾကာင့္ မန္ယူတို႔ကပဲ ပြဲကို ပိုစီးမိလာခဲ့ၿပီး ဒိန္းဂ်ားေတြ မၾကာခဏ လုပ္ေဆာင္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာ မန္ယူတို႔ပဲ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ေဘာလုံးရလာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ တားဆီးခဲ့တဲ့ လြန္ဂေလရဲ႕ ေျခေထာက္နဲ႔ ထိၿပီး ထိန္းေပးလိုက္သလိုျဖစ္သြားတဲ့ ေဘာလုံးက ဂါနာခ်ိဳ ေကာင္းစားဖို႔ ျဖစ္လာခဲ့ၿပီး အပိုင္ကန္သြင္းခဲ့ရာမွာ ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဒီေယဂို ကားလို႔စ္ေၾကာင့္ လမ္းေၾကာင္းပါလြဲၿပီး ဒိုက္ပစ္တဲ့ ဂိုးသမား မာတီနက္ဇ္ ေၾကကြဲခဲ့ရတာျဖစ္ပါတယ္။

ႏွစ္ဂိုးစီသေရျဖစ္သြားတာေတာင္ လြဲလို႔ မၿပီးေသးတဲ့ အမ္မရီကေတာ့ ရမ္ေဆးကို လူလဲခဲ့ရာမွာ မန္ယူခံစစ္ကို ဒုကၡေပးေနတဲ့ ေဘလီကိုပါ တစ္ခါတည္း လဲပစ္ခဲ့ၿပီး ဒီယာဘီကို ညာျခမ္းမွာ တိုးခိုင္းမယ့္အစား ဘယ္ျခမ္းပို႔ခဲ့သလို အေကာင္ႀကီးတဲ့ ဇာန်ိဳလိုကိုလည္း ညာျခမ္းမွာ ကစားခိုင္းခဲ့ေပမယ့္ သေကာင့္သားက ဂိုးေရွ႕ခ်ည္း ေျပးဝင္ေနတာေၾကာင့္ ခံစစ္အစြန္က ကြန္ဆာနဲ႔ မိုရီႏိုတို႔သာ ရွိေတာ့တဲ့ ဘယ္ညာေတာင္ပံေတြ ဘာကြက္မွ မေဖာ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာ မန္ယူတို႔ဘက္က မိုင္ႏူးနဲ႔ ရက္ရွ္ဖို႔ဒ္တို႔အစား မက္ေတာ္မီေနးနဲ႔ အန္တိုနီတို႔ကို ထည့္သြင္းလာခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ခံစစ္မွာ ယားခ်င္တဲ့ လြန္ဂေလကို အန္တိုနီရဲ႕ ဖိအားေပးမႈေၾကာင့္ ရခဲ့တဲ့ ေထာင့္ကန္ေဘာကေန ဘ႐ူႏို ဖာနန္ဒက္စ္က ကန္တင္ေပးရာမွာ ဗီလာကပၸတိန္ မက္ဂင္းရဲ႕ ေပါင္နဲ႔ထိၿပီး က်လာတဲ့ ေဘာလုံးကို ဂိုးမရေသးတဲ့ ဟြိဳင္လန္းက ဘယ္ေျခနဲ႔ မနားတမ္းကန္သြင္းခဲ့လို႔ အိမ္ရွင္ေတြ ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။

ဒါကိုေတာင္မွ ဆက္လြဲခ်င္ေသးတဲ့ အမ္မရီကေတာ့ ဂိုးလိုခ်ိန္မွာ ကပၸတိန္ မက္ဂင္းကိုပါ ဒန္ဒြန႔္ကာနဲ႔အတူ ထုတ္ပစ္ခဲ့သလို လူငယ္ေတြျဖစ္တဲ့ အီေရာ့ဘူနမ္နဲ႔ ဒူရန္တို႔ကို ထည့္သြင္းခဲ့တာေၾကာင့္ ငိုအားထက္ ရယ္အားသန္ခဲ့ရတဲ့ေနာက္ နာက်င္အခ်ိန္ပို ၉ မိနစ္အထိ ေပးခဲ့ေပမယ့္ မန္ယူတို႔ကို ဘာမွ မလုပ္ႏိုင္ေတာ့ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ျပားျပားေမွာက္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ေဘာက္ဆင္ေဒးမွာ မရႈံးဖူးေသးတဲ့ စံခ်ိန္ေကာင္းကို ဆက္ထိန္းခဲ့ၿပီး ဗီလာတို႔ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ႏိုင္ပြဲယူခဲ့သလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာအထိ ျပန္တက္လာႏိုင္ခဲ့ၾကၿပီး ႏိုင္ရင္ လီဗာပူးလ္နဲ႔ အမွတ္တူမယ္ဆိုတဲ့ ဧည့္သည္ေတြ ကေတာ့ အဆင့္ ၄ ျပင္ပကို ျပန္ေရာက္ဖို႔ တာစူလာခဲ့ၿပီျဖစ္ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.