Premier League

အခက်ခဲဆုံးအလုပ်ကို လုပ်နေရတဲ့ မန်ယူနိုက်တက်လူသစ်လေးကို သနားနေတဲ့ ဒွိုက်ယော့ခ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒွိုက် ယော့ခ်ဟာ အိုးထရက်ဖို့ဒ်မှာ ပုံမှန်ခြေစွမ်းရှာတွေ့ဖို့ ရုန်းကန်နေရတဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို စာနာသနားမိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဟွိုင်လွန်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အိုးထရက်ဖို့ဒ်မှာ ပေးရတဲ့ စျေးနဲ့တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဟွိုင်လွန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ၁၄ ပွဲ ပါဝင်ကစားပေးပြီးချိန်အထိ တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပြီး ဒွိုက်ယော့ခ်က မန်ယူနိုက်တက်အနေနဲ့ လူစာရင်းထဲမှာ ဂိုးသွင်းနိုင်စွမ်းရှိကြောင်း သက်သေပြသပြီးသား ကစားသမားမျိုးခေါ်ခဲ့ရင် ပိုကောင်းခဲ့လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ဟာလန်းကို ပေါင်သန်း ၁၅၀ လောက် ပေးပြီး ခေါ်ယူခဲ့သင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဟာရီ ကိန်းကလည်း ရွေးချယ်လို့ရတဲ့သူဆိုတာ သိသာပါတယ်။ အိုဆီန်ကလည်း ကျွန်တော် ခေါ်ယူဖို့ ကြိုးပမ်းစေချင်တဲ့ နောက်ထပ်ကစားသမားပါ။ ကျွန်တော် ရာ့စ်မွတ်ဆိုတဲ့ ကလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ သူ တော်တော်လေး ခံစားနေရတယ်။ သူ မန်ချက်စတာယူနိုက်တက်ကို ဒီလောက်ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းမလာခင်အထိ သူ့အကြောင်း ကျွန်တော် ဘာမှ မသိခဲ့ဘူး”

“သူက အသက် ၂၀ ပဲရှိသေးတယ်။ ဘယ်တုန်းကမှ ထိပ်တန်းအဆင့် အတွေ့အကြုံမျိုး မရှိခဲ့ဘူး။ သူက ဖွံ့ဖြိုးဆဲကာလမှာပဲ ရှိနေသေးတာကို ခင်ဗျား မြင်နိုင်ပါတယ်။ ခင်ဗျား တကယ့်ယောကျာ်းတွေ လုပ်ရမယ့်အလုပ်ကို လုပ်ဖို့ လူသစ်လေးကို ခေါ်လာလို့မရဘူး။ အဲဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။ သူက ပွဲကို နည်းနည်းခက်ခဲတဲ့ပုံပေါက်အောင် လုပ်နေတယ်။ ဒါပေမယ့် အရေးကြီးတာက သူ ဘယ်သူ့ဆီကနေ သင်ယူမှာလဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဒြိဳက္ ေယာ့ခ္ဟာ အိုးထရက္ဖို႔ဒ္မွာ ပုံမွန္ေျခစြမ္းရွာေတြ႕ဖို႔ ႐ုန္းကန္ေနရတဲ့ ရာ့စ္မြတ္ ဟြိဳင္လြန္းကို စာနာသနားမိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟြိဳင္လြန္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အတၱလႏၲာကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အိုးထရက္ဖို႔ဒ္မွာ ေပးရတဲ့ ေစ်းနဲ႔တန္တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

ဟြိဳင္လြန္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ ၁၄ ပြဲ ပါဝင္ကစားေပးၿပီးခ်ိန္အထိ တစ္ဂိုးမွ သြင္းယူႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး ဒြိဳက္ေယာ့ခ္က မန္ယူႏိုက္တက္အေနနဲ႔ လူစာရင္းထဲမွာ ဂိုးသြင္းႏိုင္စြမ္းရွိေၾကာင္း သက္ေသျပသၿပီးသား ကစားသမားမ်ိဳးေခၚခဲ့ရင္ ပိုေကာင္းခဲ့လိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ ဟာလန္းကို ေပါင္သန္း ၁၅၀ ေလာက္ ေပးၿပီး ေခၚယူခဲ့သင့္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဟာရီ ကိန္းကလည္း ေ႐ြးခ်ယ္လို႔ရတဲ့သူဆိုတာ သိသာပါတယ္။ အိုဆီန္ကလည္း ကြၽန္ေတာ္ ေခၚယူဖို႔ ႀကိဳးပမ္းေစခ်င္တဲ့ ေနာက္ထပ္ကစားသမားပါ။ ကြၽန္ေတာ္ ရာ့စ္မြတ္ဆိုတဲ့ ကေလးအတြက္ စိတ္မေကာင္းျဖစ္မိတယ္။ သူ ေတာ္ေတာ္ေလး ခံစားေနရတယ္။ သူ မန္ခ်က္စတာယူႏိုက္တက္ကို ဒီေလာက္ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းမလာခင္အထိ သူ႔အေၾကာင္း ကြၽန္ေတာ္ ဘာမွ မသိခဲ့ဘူး”

“သူက အသက္ ၂၀ ပဲရွိေသးတယ္။ ဘယ္တုန္းကမွ ထိပ္တန္းအဆင့္ အေတြ႕အႀကဳံမ်ိဳး မရွိခဲ့ဘူး။ သူက ဖြံ႕ၿဖိဳးဆဲကာလမွာပဲ ရွိေနေသးတာကို ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ ခင္ဗ်ား တကယ့္ေယာက်ာ္းေတြ လုပ္ရမယ့္အလုပ္ကို လုပ္ဖို႔ လူသစ္ေလးကို ေခၚလာလို႔မရဘူး။ အဲဒါက အလုပ္ျဖစ္မွာမဟုတ္ဘူး။ သူက ပြဲကို နည္းနည္းခက္ခဲတဲ့ပုံေပါက္ေအာင္ လုပ္ေနတယ္။ ဒါေပမယ့္ အေရးႀကီးတာက သူ ဘယ္သူ႔ဆီကေန သင္ယူမွာလဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.