Premier League

အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပွဲကို ဟောကိန်းထုတ်လိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် မာ့ခ် လော်ရန်ဆန်က ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ကစားသွားမယ့် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာ ဂန်းနားတွေက ၃-၀ နဲ့ သက်တောင့်သက်သာနိုင်ပွဲရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီ ၂၇ ပွဲအထိ ကစားခဲ့ရာမှာ ရှုံးပွဲ ၄ ပွဲသာ ရှိသေးတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၁၈ ပွဲကစားပြီးနောက် ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ၁-၁ သရေကျခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဝက်စ်ဟမ်းက ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံးမှာ ဝုလ်ဗ်စ်နဲ့ မန်ယူနိုက်တက်တို့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် မာ့ခ် လော်ရန်ဆန်က အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားသွားမယ့် ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို သွင်းဂိုးအများအပြား သွင်းယူသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီပွဲက ဒီကလန် ရိုက် သူ့အသင်းဟောင်းနဲ့ ပြန်တွေ့ရမယ့်ပွဲပါ။ သူက အာဆင်နယ်အတွက် ကျွန်တော်တို့ သိရသလောက် ကြီးမားတဲ့ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးခဲ့တယ်။ ဝက်စ်ဟမ်းဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် မမြင်ဘူး။ အဲဒီတော့ ကျွန်တော့်အတွက် ကြီးမားတဲ့အိမ်ကွင်းနိုင်ပွဲပဲ ဖြစ်ပါလိမ့်မယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီ ကာရာဘောင်းဖလားပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ထားခဲ့ပေမယ့်လည်း ဒေးဗစ် မွိုက်စ်ရဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၇ ပွဲမှာ ၁၁ ပွဲအထိ နိုင်ပွဲရခဲ့ပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က အမ်းမရိတ်စ်မှာ နောက်ဆုံးရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ မာ့ခ္ ေလာ္ရန္ဆန္က ၾကာသပေတးေန႔မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္မွာ ဂန္းနားေတြက ၃-၀ နဲ႔ သက္ေတာင့္သက္သာႏိုင္ပြဲရသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုရာသီ ၂၇ ပြဲအထိ ကစားခဲ့ရာမွာ ရႈံးပြဲ ၄ ပြဲသာ ရွိေသးတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၁၈ ပြဲကစားၿပီးေနာက္ ရမွတ္ ၄၀ နဲ႔ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ၁-၁ သေရက်ခဲ့တာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ဝက္စ္ဟမ္းက ရမွတ္ ၃၀ နဲ႔ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ ပြဲစလုံးမွာ ဝုလ္ဗ္စ္နဲ႔ မန္ယူႏိုက္တက္တို႔ကို အႏိုင္ရခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ မာ့ခ္ ေလာ္ရန္ဆန္က အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ပြဲစဥ္မွာ ဝက္စ္ဟမ္းအသင္းကို သြင္းဂိုးအမ်ားအျပား သြင္းယူသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

“ဒီပြဲက ဒီကလန္ ႐ိုက္ သူ႔အသင္းေဟာင္းနဲ႔ ျပန္ေတြ႕ရမယ့္ပြဲပါ။ သူက အာဆင္နယ္အတြက္ ကြၽန္ေတာ္တို႔ သိရသေလာက္ ႀကီးမားတဲ့ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးခဲ့တယ္။ ဝက္စ္ဟမ္းဂိုးသြင္းႏိုင္မယ္လို႔ ကြၽန္ေတာ္ မျမင္ဘူး။ အဲဒီေတာ့ ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့အိမ္ကြင္းႏိုင္ပြဲပဲ ျဖစ္ပါလိမ့္မယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုရာသီ ကာရာေဘာင္းဖလားပြဲစဥ္မွာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ ရႈံးနိမ့္ထားခဲ့ေပမယ့္လည္း ေဒးဗစ္ မြိဳက္စ္ရဲ႕အသင္းနဲ႔ ရင္ဆိုင္ရာမွာ ေကာင္းမြန္တဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ေနာက္ဆုံးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၁၇ ပြဲမွာ ၁၁ ပြဲအထိ ႏိုင္ပြဲရခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ဩဂုတ္လ ၉ ရက္ေန႔က အမ္းမရိတ္စ္မွာ ေနာက္ဆုံးရႈံးပြဲေတြ႕ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.